- စစ်ဘေးရှောင်သည့် တောင်ကုတ်မြို့ခံ ၄၀ ခန့်ကို စစ်ကောင်စီ ဖမ်းဆီးထား
- ကြက်ဥ ဈေးကောင်းရနေသော်လည်း ကြက်မွေးမြူရေးလုပ်ငန်း ရပ်တည်ရခက်ခဲလာ
- စစ်တွေမြို့တွင် 92 တစ်လီတာ ငွေကျပ်ငါးသောင်းထိ ဈေးမြင့်တက်နေ
- ရမ်းဗြဲရောက် စစ်ဘေးရှောင် တစ်သောင်းကျော် အရေးပေါ်အကူအညီ လိုအပ်နေ
- လက်နက်ကြီးကျ၍ ဂွဒေသခံအမျိုးသမီး တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ
တောင်ကိုရီးယားတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု အမြင့်ဆုံးအဆင့်သတိပေးချက်ထုတ်ပြန်၊ အီတလီနှင့် အီရန်တွင်လည်း ကူးစက်မှုဆက်လက်မြင့်တက်
တောင်ကိုရီးယားအာဏာပိုင်များသည် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုအန္တရာယ်သတိပေးချက်ကို ဖေဖော်ဝါရီ ၂၃ ရက်နေ့တွင် အမြင့်ဆုံးအဆင့်ထိတိုးမြှင့်သတ်မှတ်လိုက်ရကြောင်း ဘီဘီစီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
24 Feb 2020
တောင်ကိုရီးယားတွင် COVID-19 ဗိုင်းရပ်စ်ကူးစက်ခံရသူပေါင်း ၆၀၀ ကျော်အထိရောက်ရှိပြီး ၆ ဦးထိသေဆုံးခဲ့ပြီ ဖြစ်သည်။
တိုင်းပြည်သည် အလွန်စိုးရိမ်ရသည့် အလှည့်အပြောင်းကာလတွင်ရောက်ရှိနေပြီး ရှေ့လာမည့်ရက်အနည်းငယ်သည် ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုကိုထိန်းချုပ်ရေးအတွက် အလွန်တရာအရေးပါသည့်ကာလဖြစ်လာလိမ့်မည်ဟု တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်း ကမှတ်ချက်ပေးထားသည်။
တောင်ကိုရီးယားအပြင် အီတလီနှင့် အီရန်နိုင်ငံတို့တွင်လည်း ဗိုင်းရပ်စ်ကူးစက်မှုနှုန်းမြင့်တက်လျက်ရှိရာ တားဆီးကာကွယ်ရေး အစီအမံများအပူတပြင်းလုပ်ဆောင်ရလျက်ရှိသည်။
အီတလီနိုင်ငံမြောက်ပိုင်းတွင် မီလန်နှင့် ဗင်းနစ်မြို့ကြီးများအနီးရှိ ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုအဓိကဖြစ်ပွားရာ ဒေသနှစ်ခုကို ရောဂါကူးစက်မှုတားဆီးထိန်းချုပ်ရေးအစီအမံများတင်းတင်းကျပ်ကျပ်လုပ်ဆောင်လျက်ရှိရာ ယင်းဒေသ ၂ ခုရှိ မြို့အချို့မှ လူပေါင်း ၅၀၀၀၀ ခန့်မှာ လာမည့် ရက်သတ္တပတ် ၂ ပတ်ခန့်အထိအထူးခွင့်ပြုချက်မပါရှိပါက မြို့အတွင်းမှထွက်ခွာခွင့် မရှိဘဲ ပိတ်မိနေတော့မည်ဖြစ်သည်။
ထို့ပြင် ယင်းဒေသများရှိ လူအများစုဝေးကျင်းပသည့် ပွဲလမ်းသဘင်များအားလုံးကိုလည်း ဖျက်သိမ်းလိုက်ရသည်။
အီတလီတွင် COVID-19 ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုမှာ အချိန်တိုအတွင်း လူ ၁၀၀ ခန့်အထိမြင့်တက်သွားခဲ့ပြီး ကူးစက်ခံရသူများထဲမှ ၂ ဦးသေဆုံးခဲ့ရပြီးဖြစ်သည်။
ထို့အတူ အီရန်နိုင်ငံတွင်လည်း အဆိုပါဗိုင်းရပ်စ်ကူးစက်မှုနှုန်းမှာ ဆိုးဆိုးရွားရွားမြင့်တက်လျက်ကာ တနင်္ဂနွေနေ့တွင် သေဆုံးသူအရေအတွက်မှာ ၈ ဦးအထိရှိပြီဖြစ်သည်။
ဗိုင်းရပ်စ်ကူးစက်ခံရသည်ဟု အတည်ပြုထားသည့်ဖြစ်စဉ်မှာ ၄၃ ခုသာရှိသေးသော်လည်း မြို့များအားလုံးသို့ကူးစက် ပျံ့နှံ့သွားနိုင်သည်ဟု အာဏာပိုင်များက သတိပေးထားသည်။
လက်ရှိအချိန်တွင် ကိုရိုနာဗိုင်းရပ်စက်စတင်ကူးစက်ပျံ့နှံ့ရာ တရုတ်နိုင်ငံတွင် ဗိုင်းရပ်စ်ထပ်မံကူးစက်ပျံ့ပွားမှု လျော့ကျစ ပြုလာသော်လည်း ကျန်ကမ္ဘာ့နိုင်ငံများတွင် ရုတ်တရက်မြင့်တက်လာမှုများရှိနေသဖြင့် စိုးရိမ်ဖွယ်ရာအခြေအနေတွင် ရှိသည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း(WHO) မှထုတ်ပြန်ထားသည်။