- စစ်ဘေးရှောင်များကို ငွေပေးပြီး စစ်သင်တန်းတက်ရန် ALP စည်းရုံးနေ
- ICC ဒဏ်ခတ်အရေးယူခဲ့သည် Trump အစိုးရအဖွဲ့ကို Fortify Rights တရားစွဲ
- ပုသိမ်က ပြည်သူ့စစ်သင်တန်းဆင်းများကို စစ်တွေသို့ ပို့နေ
- ဘင်္ဂလားဒေ့ရှ် ပြုပြင်ပြောင်းလဲရေးကြောင့် အစ္စလာမစ်အမာခံတွေ အတွက် လမ်းစပွင့်လာ
- "ဖေဖေ ဘယ်တော့ပြန်လာမလဲ သားသမီးတွေကမေးနေတော့ ကျမမှာ ဒီမေးခွန်းအတွက် အဖြေမရှိဘူး"
အာဆီယံအထူးကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်ရမည့်ပုံ မပေါ်
မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်အား ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်ပေးနိုင်မည့် အခြေအနေ မရှိကြောင်း မြန်မာစစ်တပ်ပြောခွင့်ရ ပုဂ္ဂိုလ်က ပြောကြားသည်ဟု အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
02 Oct 2021

DMG ၊ အောက်တိုဘာ ၂
မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်အား ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်ပေးနိုင်မည့် အခြေအနေ မရှိကြောင်း မြန်မာစစ်တပ်ပြောခွင့်ရ ပုဂ္ဂိုလ်က ပြောကြားသည်ဟု အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
မြန်မာ့အရေးကို ကူညီဖြေရှင်းရန်အတွက် မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်အဖြစ် ဘရူနိုင်း ဒုတိယနိုင်ငံခြားရေးဝန်ကြီး အာဝင်ယူဆော့ကို သြဂုတ်လတွင် ခန့်အပ်ခဲ့သည်။
မြန်မာနိုင်ငံသို့ လာရောက်ချိန်တွင် သက်ဆိုင်သူများအားလုံးနှင့် တွေ့ခွင့်ပေးရန် မြန်မာအာဏာပိုင်များအား အာဝင်ယူဆော့က တောင်းဆိုထားသည်။
စစ်တပ်ပြောခွင့်ရ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကမူ အာဝင်ယူဆော့ကို အမှုရင်ဆိုင်နေရသူများနှင့် တွေ့ခွင့်ပေးရန် အခက်အခဲရှိမည်ဖြစ်ကြောင်း အေအက်ဖ်ပီသတင်းဌာနသို့ ကြာသပတေးနေ့တွင် ဖြေကြားသည်။
“တရားဝင်အဖွဲ့အစည်းတွေနဲ့ တွေ့ခွင့်ပေးမှာပါ” ဟုလည်း သူက ဖြည့်စွက်ပြောကြားသည်။ အာဝင်ယူဆော့အား မြန်မာနိုင်ငံသို့ မည်သည့်အချိန်တွင် လာရောက်ခွင့် ပြုမည် ဆိုသည်ကိုမူ အသေးစိတ်ဖြေကြားခြင်း မရှိပေ။
မြန်မာစစ်တပ်သည် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် အရပ်သားအစိုးရအား ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် ဖြုတ်ချကာ နိုင်ငံတော်အာဏာကို ရယူခဲ့သည်။
အသက် ရ၆ နှစ် ရှိပြီဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်သည် လက်ရှိအချိန်၌ ကိုဗစ်စည်းကမ်း ချိုးဖောက်မှု၊ နိုင်ငံတော်အား အကြည်အညိုပျက်စေမှု၊ အဂတိလိုက်စားမှုအပါအဝင် အမှုအများအပြားဖြင့် တရားစွဲခံထားရသည်။