- စစ်ဘေးရှောင်သည့် တောင်ကုတ်မြို့ခံ ၄၀ ခန့်ကို စစ်ကောင်စီ ဖမ်းဆီးထား
- ကြက်ဥ ဈေးကောင်းရနေသော်လည်း ကြက်မွေးမြူရေးလုပ်ငန်း ရပ်တည်ရခက်ခဲလာ
- စစ်တွေမြို့တွင် 92 တစ်လီတာ ငွေကျပ်ငါးသောင်းထိ ဈေးမြင့်တက်နေ
- ရမ်းဗြဲရောက် စစ်ဘေးရှောင် တစ်သောင်းကျော် အရေးပေါ်အကူအညီ လိုအပ်နေ
- လက်နက်ကြီးကျ၍ ဂွဒေသခံအမျိုးသမီး တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ
ထိုင်းတွင် စစ်သားတစ်ဦးက သေနတ်ဖြင့်လိုက်လံပစ်ခတ်မှုကြောင့် လူ ၂၀ ခန့်သေဆုံးပြီး အများအပြားဒဏ်ရာရ
ထိုင်းတွင် စစ်သားတစ်ဦးက သေနတ်တစ်လက်ဖြင့် လိုက်လံပစ်ခတ်မှုကြောင့် လူ ၂၀ ခန့် သေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း BBC သတင်းတွင်ဖော်ပြထားသည်။
08 Feb 2020
ထိုင်းနိုင်ငံ ရက်ချာဆီမာမြို့တွင် စစ်သားတစ်ဦးက သေနတ်တစ်လက်ဖြင့် လိုက်လံပစ်ခတ်မှုကြောင့် လူ ၂၀ ခန့် သေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း BBC သတင်းတွင်ဖော်ပြထားသည်။
အသက် ၃၂ နှစ်အရွယ် ဂျခရာဖန့်ထိုင်မန်း ဟုအမည်ရသည့် အငယ်တန်းအရာရှိတစ်ဦးသည် ဖေဖော်ဝါရီ ၈ ရက် နေ့လယ်ပိုင်းက ၎င်း၏အထက်အရာရှိကိုသတ်ကာ စစ်စခန်းတစ်ခုမှလက်နက်များ ခိုးယူသွားကြောင်း ကာကွယ်ရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်တစ်ဦးက BBC ကိုပြောကြားထားသည်။
၎င်းသည် Humvee အမျိုးအစားကားတစ်စီးကိုလည်း ခိုးယူသွားကာ မြို့လယ်သို့မောင်းနှင်သွားပြီးနောက် Terminal 21 ဈေးဝယ်စင်တာအတွင်းသို့ ဝင်ရောက်ပုန်းအောင်းသွားခဲ့သည်။
လက်နက်များနှင့်ကားကိုခိုးယူသွားသူဟု ယူဆရသူ၏ပစ်ခတ်မှုကြောင့် အသက် ၆၃ နှစ်အရွယ်အမျိုးသမီးတစ်ဦးနှင့် အခြားစစ်သားများ လည်းသေဆုံးခဲ့ရသေးကြောင်း ဒေသတွင်းသတင်းမီဒီယာများတွင်ဖော်ပြထားသည်။
၎င်းသည် ဈေးဝယ်စင်တာအတွင်းသို့ မဝင်ရောက်မီ နေရာအချို့တွင် ကားပေါ်မှနေပြီး သေနတ်ဖြင့် လိုက်လံပစ်ခတ်ခဲ့ရာ အပြစ်မဲ့ ပြည်သူများ သေဆုံး၊ ဒဏ်ရာရရှိခဲ့ပြီး ပစ်ခတ်မှုကျူးလွန်ရသည့် ရည်ရွယ်ချက်ကိုမူ လက်ရှိအချိန်ထိ ရှင်းရှင်းလင်းလင်းမသိရသေးပေ။
အာဏာပိုင်များက သံသယရှိသူဝင်ရောက်သွားခဲ့ရာ Terminal 21 ဈေးဝယ်စင်တာကို ပိတ်ဆို့ထားပြီး သံသယရှိသူကို ခြေရာခံဖမ်းဆီးနိုင်ရေး ကြိုးပမ်းလျက်ရှိသည်။
စစ်သားများနှင့် ရဲတပ်ဖွဲ့ဝင်များ ဈေးဝယ်စင်တာအတွင်းဝင်ရောက်သွားခဲ့ကာ ပစ်ခတ်သံများကြားခဲ့ရသည်ဟုလည်း ဒေသတွင်းသတင်းမီဒီယာများတွင် ဖော်ပြလျက်ရှိသည်။
Amarin TV ရုပ်သံလိုင်းမှထုတ်လွှင့်ပြသသည့် ဓါတ်ပုံများထဲတွင် ဈေးဝယ်စင်တာအတွင်းမှလွတ်မြောက်လာသူများ ရှိသည်ကိုလည်း တွေ့ရသည်။
သို့ရာတွင် သံသယရှိသူသည် ဈေးဝယ်စင်တာအတွင်း ဓါးစာခံများထိန်းသိမ်းထားဆဲဖြစ်သည်ဟု အတည်မပြုနိုင်သေး သောသတင်းများတွင်ဖော်ပြလျက်ရှိသည်။ အာဏာပိုင်များက သံသယရှိသူ၏မိခင်ကို ခေါ်လာပြီး ၎င်းကိုလက်နက်ချအောင် စည်းရုံးနားချစေခဲ့သည်ဟုလည်း သိရသည်။
သံသယရှိသူသည် ၎င်း၏တိုက်ခိုက်မှုဖြစ်စဉ်အတွင်းမှာပင် Facebook ပေါ်တွင် ပို့စ်များတင်ခဲ့ရာ ၎င်း၏ ပို့စ်တစ်ခုတွင် " စိတ်လှုပ်ရှားစရာ အချိန်ရောက်ပြီ၊ သေမင်းလက်က ဘယ်သူမှမလွတ်နိုင်ဘူး " ဟုရေးသားခဲ့ပြီး နောက်ပို့စ်တစ်ခုတွင်မူ လက်နက်ချရမလား၊ မချရဘူးလား ဟုမေးထားခဲ့သည်ကိုတွေ့ရသည်။ သို့သော် Facebook က၎င်း၏ပို့စ်များကို ဖယ်ရှားခဲ့ကာ ဓားစာခံဖြစ်ရသူများ၊ ယင်းတို့၏မိသားစုဝင်များနှင့် ပစ်ခတ်မှုကြောင့်ထိခိုက်ခဲ့ရသောလူမှုအသိုင်းအဝိုင်းများနှင့် ထပ်တူခံစားရပါကြောင်း ယခုကဲ့သို့သော လုပ်ရပ်ကို ကျူးလွန်သူများအတွက် Facebook တွင်နေရာမရှိစေရကြောင်း ထုတ်ပြန်ခဲ့သည်။
ထိုင်းဝန်ကြီးချုပ် ပရာရွတ်ချန်အိုချာ ကလည်း ပစ်ခတ်မှုအတွင်းသေဆုံးခဲ့ရသူများ၏ မိသားစုများနှင့်ထပ်တူ ဝမ်းနည်းကြေကွဲကြောင်းနှင့် နားလည်စာနာကြောင်းထုတ်ပြန်ခဲ့ကာ ကျန်းမာရေးဝန်ကြီးကမူ ထိခိုက်ဒဏ်ရာရရှိခဲ့သူများ အတွက် ပစ်ခတ်မှုဖြစ်ပွားရာ ဒေသရှိဆေးရုံများတွင် သွေးလှူဒါန်းပေးကြပါရန် အများပြည်သူသို့ ပန်ကြားထားသည်။