- စစ်ဘေးရှောင်သည့် တောင်ကုတ်မြို့ခံ ၄၀ ခန့်ကို စစ်ကောင်စီ ဖမ်းဆီးထား
- ကြက်ဥ ဈေးကောင်းရနေသော်လည်း ကြက်မွေးမြူရေးလုပ်ငန်း ရပ်တည်ရခက်ခဲလာ
- စစ်တွေမြို့တွင် 92 တစ်လီတာ ငွေကျပ်ငါးသောင်းထိ ဈေးမြင့်တက်နေ
- ရမ်းဗြဲရောက် စစ်ဘေးရှောင် တစ်သောင်းကျော် အရေးပေါ်အကူအညီ လိုအပ်နေ
- လက်နက်ကြီးကျ၍ ဂွဒေသခံအမျိုးသမီး တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ
ကိုရိုနာကောလာဟလကြောင့် ထိုင်းတွင် ထောင်ဆူပြီး အကျဉ်းသားများ ထွက်ပြေးလွတ်မြောက်
ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်းရှိ ဘူရီရမ်ဒေသအကျဉ်းထောင်တွင် တနင်္ဂနွေနေ့လယ်ပိုင်းက ထောင်တွင်းဆူပူမှုတစ်ခု ဖြစ်ပွားပြီး အကျဉ်းသား အများအပြား ထွက်ပြေးလွတ်မြောက်သွားကြောင်း ဘန်ကောက်ပို့စ် သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
29 Mar 2020
ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်းရှိ ဘူရီရမ်ဒေသအကျဉ်းထောင်တွင် တနင်္ဂနွေနေ့လယ်ပိုင်းက ထောင်တွင်းဆူပူမှုတစ်ခု ဖြစ်ပွားပြီး အကျဉ်းသား အများအပြား ထွက်ပြေးလွတ်မြောက်သွားကြောင်း ဘန်ကောက်ပို့စ် သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
အကျဉ်းသား ၁၀၀ ခန့်သည် ပရိဘောဂများအား ဖျက်ဆီးမီးရှို့ကာ တံခါးများကိုလည်း ဖျက်ဆီးခဲ့ကြကြောင်း တရားရေးဝန်ကြီး စုံဆက်သက်ဆူတင် က ပြောကြားသည်။
အဆိုပါဆူပူမှုအတွင်း အကျဉ်းသားအများအပြား ထွက်ပြေးလွတ်မြောက်သွားပြီး ပြန်လည်ဖမ်းမိထားသူ ခုနစ်ဦးရှိကြောင်း ဝန်ကြီးကပြောကြားသည်။
ထောင်ဝါဒါများသည် ထောင်တွင်း၌ရောဂါဖြစ်ပွားသော အကျဉ်းသားအချို့အား သီးသန့်ခန်းများအတွင် ခွဲထားပြီး နေရာချထားမှုများ ပြုလုပ်နေစဉ် ဆူပူမှု စတင်ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း ဝန်ကြီးကပြောကြားသည်။
တစ်သက်တစ်ကျွန်းကျခံထားရသူအချို့ အပါအဝင် အကျဉ်းသား ၁၀၀ ခန့်သည် နံနက် ၁၁ နာရီ ၄၅ မိနစ်ခန့်တွင် ထမင်းစားခန်းကို မီးတင်ရှို့ပြီး အကျဉ်းသားဧည့်ခန်းကိုလည်း ဖျက်ဆီးခဲ့ကြသည်။ ဖေ့စ်ဘုတ်တွင် ပျံ့နှံ့နေသော ဓာတ်ပုံများ၌လည်း ထောင်ထဲမှ မီးခိုးများ အလိပ်လိပ်ထွက်နေသည်ကို တွေ့ရသည်။
“အမှန်က အကျဉ်းသားတွေထဲမှာ ဘယ်သူမှ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရတာ မရှိဘူး။ သူတို့က တမင် ကောလာဟလ ဖြန့်လိုက်တာ” ဟု ဝန်ကြီး စုံဆက်သက်ဆူတင် က ပြောကြားသည်။
ဆူပူမှုအတွင်း ထွက်ပြေးလွတ်မြောက်သွားသော အကျဉ်းသားအရေအတွက်ကို အတိအကျ အတည်မပြုနိုင်သေးပေ။