- စစ်ဘေးရှောင်များကို ငွေပေးပြီး စစ်သင်တန်းတက်ရန် ALP စည်းရုံးနေ
- ICC ဒဏ်ခတ်အရေးယူခဲ့သည် Trump အစိုးရအဖွဲ့ကို Fortify Rights တရားစွဲ
- ပုသိမ်က ပြည်သူ့စစ်သင်တန်းဆင်းများကို စစ်တွေသို့ ပို့နေ
- ဘင်္ဂလားဒေ့ရှ် ပြုပြင်ပြောင်းလဲရေးကြောင့် အစ္စလာမစ်အမာခံတွေ အတွက် လမ်းစပွင့်လာ
- "ဖေဖေ ဘယ်တော့ပြန်လာမလဲ သားသမီးတွေကမေးနေတော့ ကျမမှာ ဒီမေးခွန်းအတွက် အဖြေမရှိဘူး"
မြန်မာ့အရေး မငြိမ်သက်မှုအပေါ် စိုးရိမ်မိကြောင်း ထိုင်းနိုင်ငံ ပြော
မြန်မာနိုင်ငံ နေရာအနှံ့တွင် အကြမ်းဖက်မှုများ ဖြစ်ပွားနေခြင်းအပေါ် စိုးရိမ်မိကြောင်းနှင့် အာဆီယံခေါင်းဆောင်များနှင့် မြန်မာစစ်တပ်ခေါင်းဆောင်တို့ သဘောတူထားသည့် အချက်များ အကောင်အထည် ပေါ်လာသည်ကို မြင်တွေ့လိုကြောင်း ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာနက ဇွန်လ ၆ ရက်နေ့တွင် ပြောကြားလိုက်သည်။
07 Jun 2021

DMG ၊ ဇွန် ၇
မြန်မာနိုင်ငံ နေရာအနှံ့တွင် အကြမ်းဖက်မှုများ ဖြစ်ပွားနေခြင်းအပေါ် စိုးရိမ်မိကြောင်းနှင့် အာဆီယံခေါင်းဆောင်များနှင့် မြန်မာစစ်တပ်ခေါင်းဆောင်တို့ သဘောတူထားသည့် အချက်များ အကောင်အထည် ပေါ်လာသည်ကို မြင်တွေ့လိုကြောင်း ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာနက ဇွန်လ ၆ ရက်နေ့တွင် ပြောကြားလိုက်သည်။
“မြန်မာနိုင်ငံက ဖြစ်ထွန်းပြောင်းလဲမှုတွေ၊ အထူးသဖြင့် နိုင်ငံတစ်ဝန်း ဖြစ်ပျက်နေတဲ့ အကြမ်းဖက်မှုတွေကို ကျွန်တော်တို့ စိုးရိမ်တကြီးနဲ့ အနီးကပ်စောင့်ကြည့်နေပါတယ်” ဟု ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ တာနီးဆန်ဂရက်က ကြေညာချက် တစ်စောင်တွင် ထည့်သွင်းပြောကြားထားသည်။
မြန်မာနိုင်ငံအတွင်း အကြမ်းဖက်မှုများ ရပ်တန့်ရန်၊ ထိန်းသိမ်းထားသူများ အားလုံးကို ပြန်လွှတ်ပေးရန်နှင့် အာဆီယံ ဘုံသဘောတူညီချက် ငါးရပ်ကို ခိုင်ခိုင်မာမာ အကောင်အထည်ဖော်ရန် တောင်းဆိုမှုကိုလည်း သူက ထပ်လောင်းပြောဆိုသည်။
မြန်မာစစ်တပ်ခေါင်းဆောင်များသည် ဧပြီလအတွင်းက အာဆီယံ ၁၀ နိုင်ငံ၏ ဘုံသဘောတူညီချက် ၅ ချက်အပေါ် အလေးထားမှု မဖြစ်စလောက်သာ ရှိသည်။
စစ်တပ်သည် နိုင်ငံတွင် အရပ်သားအစိုးရကို ဖြုတ်ချခဲ့သည့် ဖေဖော်ဝါရီလ ၁ ရက်နေ့ နောက်ပိုင်း ဖြစ်ပေါ်နေသည့် မငြိမ်မသက်မှုများကို မထိန်းနိုင်သေးသလို နယ်စပ်ဒေသများတွင်လည်း တိုင်းရင်းသား လက်နက်ကိုင်များနှင့် တိုက်ပွဲများ တစ်ကျော့ပြန် ဖြစ်ပွားလျက်ရှိသည်။
ထိုင်းနိုင်ငံသည် မြန်မာနှင့် နယ်နိမိတ်ချင်း ရှည်လျားစွာ ထိစပ်နေသဖြင့် မြန်မာ့ပဋိပက္ခကြောင့် ဒုက္ခသည်များ ထိုင်းဘက်သို့ အလုံးအရင်း ဝင်ရောက်လာမည်ကို ထိုင်းအစိုးရက စိုးရိမ်လျက်ရှိသည်။
“ထိုင်းနိုင်ငံရဲ့ ဆောင်ရွက်ချက်အများအပြားကို လူသိရှင်ကြား ထုတ်ပြတာမျိုး မရှိပါဘူး။ အိမ်နီးချင်းနိုင်ငံတွေနဲ့ လိမ္မာသိုသိပ်စွာ ဆက်ဆံခြင်းဟာ ပိုမိုထိရောက်သလို ထိုင်းရဲ့ အစဉ်အလာ သံတမန်ဆက်ဆံရေး ပုံစံနဲ့လည်း ကိုက်ညီပါတယ်” ဟု တာနီးဆန်ဂရက်က ပြောကြောင်း ရိုက်တာသတင်းတွင် ဖော်ပြထားသည်။