- တရုတ်၊ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်တို့အပေါ် ရိုက်ခတ်လာသည့် အာရက္ခတပ်တော်အောင်ပွဲ
- တရုတ် လုံခြုံရေးကုမ္ပဏီများကြောင့် လူ့အခွင့်အရေးချိုးဖောက်မှုများ ပိုဆိုးစေကြောင်း Human Rights Myanmar ပြော
- ညောင်ကျိုးသို့ စစ်ကူလာမည့် လမ်းကြောင်းကို AA ဖြတ်တောက်ထား
- မွတ်ဆလင်လူမျိုးတုံး သတ်ဖြတ်မှု စစ်ဆေးနိုင်ရေးအတွက် ဘင်္ဂလားဒေ့ရှ်ထံမှ အကူအညီ ရရှိရေး ဂမ်ဘီယာနိုင်ငံ ကြိုးပမ်း
- ရခိုင်တွင် ကိုယ်ဝန်ဆောင်နှင့် ကလေးများ ကာကွယ်ဆေးမထိုးရသည်မှာ တစ်နှစ်ကျော် ကြာမြင့်လာ
သက်ဆင်ရှင်နာဝပ်၏သမီး ထိုင်းဝန်ကြီးချုပ်နေရာ ဝင်ပြိုင်ရန် အသင့်ရှိဟု ကြေညာ
“ကျွန်မ အသင့်ဖြစ်နေပါပြီ” ဟု သတင်းထောက်များအား ပါထုံထန်က ဇန်နဝါရီလ ၁၅ ရက်နေ့တွင် ပြောကြားခဲ့သည်။
17 Jan 2023
ပါထုံထန်ရှင်နာဝပ်ထရာနှင့် ဖခင်ဖြစ်သူ သက်ဆင်ရှင်နာဝပ်ထရာ။ ဓာတ်ပုံ - Asia Times
ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာ၏ သမီးဖြစ်သူ ပါထုံထန်ရှင်နာဝပ်ထရာ သည် ယခုနှစ်ကျင်းပမည့် ဝန်ကြီးချုပ်ရာထူး ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန် အသင့်ရှိနေပြီဟု ကြေညာလိုက်သည်။
“ကျွန်မ အသင့်ဖြစ်နေပါပြီ” ဟု သတင်းထောက်များအား ပါထုံထန်က ဇန်နဝါရီလ ၁၅ ရက်နေ့တွင် ပြောကြားခဲ့သည်။ ၂၀၀၁ ခုနှစ်နောက်ပိုင်း ရွေးကောက်ပွဲ ငါးကြိမ်အတွင်း ရှင်နာဝပ်ထရာမိသားစုတို့ နေရာအများစု အနိုင်ရခဲ့သည့် ထိုင်းအရှေ့မြောက်ပိုင်းဒေသတွင် သူမက ပြောကြားခဲ့ခြင်း ဖြစ်သည်။
“လူထုကို ပေးထားတဲ့ ကျွန်မတို့ရဲ့ ကတိတွေ အကောင်အထည်ပေါ်လာဖို့အတွက် ဒီရွေးကောက်ပွဲမှာ ပါတီကို အပြတ်အသတ် အနိုင်ရစေချင်ပါတယ်” ဟု သူမက ပြောကြားသည်။
ဖွေထိုင်းပါတီသည် ကျေးလက်နှင့် မြို့ပြ အလုပ်သမား လူတန်းစားများအကြားတွင် အကြီးအကျယ် လူကြိုက်များသည့် ပါတီဖြစ်သည်။ ဖွေထိုင်းသည် ၂၀၁၉ ခုနှစ်က နောက်ဆုံးကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် နေရာအများစု အနိုင်ရရှိခဲ့သော်လည်း အစိုးရဖွဲ့နိုင်ခြင်း မရှိခဲ့ပေ။
အသက် ၃၆ နှစ်အရွယ် ပါထုံထန်သည် ပြီးခဲ့သောနှစ်အတွင်း ပါတီ၏ စည်းရုံးရေးပွဲများတွင် ပါဝင်တက်ရောက်ခဲ့ကာ ဝန်ကြီးချုပ်လောင်း နေရာတွင် ပါဝင်အရွေးခံရန် တစ်ပြေးလျက်ရှိသည်။
သူမ၏ ဖခင်ဖြစ်သူ သက်ဆင်ရှင်နာဝပ်ထရာနှင့် အဒေါ်ဖြစ်သူ ယင်လပ်ရှင်နာဝပ်ထရာတို့ နှစ်ဦးလုံးသည် ယခင်က ဝန်ကြီးချုပ်တာဝန် ထမ်းဆောင်ခဲ့ကြသူများ ဖြစ်သည်။ ၎င်းတို့နှစ်ဦးလုံးသည် အာဏာသိမ်းခံခဲ့ရပြီးနောက် စစ်အုပ်ချုပ်ရေးဖြင့် ချမှတ်ထားသည့် ထောင်ဒဏ်များကို ရှောင်ရှားရန် ပြည်ပတွင် တိမ်းရှောင်လျက်ရှိသည်။
ယင်လပ်ရှင်နာဝပ်ထရာကို ဝန်ကြီးချုပ်ရာထူးမှ ဖြုတ်ချကာ အာဏာသိမ်းယူခဲ့သည့် စစ်တပ်ခေါင်းဆောင် ပရာယုချန်အိုချာသည် ၂၀၁၄ ခုနှစ်မှစ၍ အုပ်ချုပ်ရေးတာဝန်ကို ရယူခဲ့ပြီး ၂၀၁၉ တွင် ဝန်ကြီးချုပ်ဖြစ်လာခဲ့သူ ဖြစ်သည်။ ပရာယုချန်အိုချာသည် ပြီးခဲ့သောသီတင်းပတ်က ညီညွတ်သော ထိုင်းအမျိုးသားပါတီ (United Thai Nation Party) နှင့် ပူးပေါင်းခဲ့ပြီး ဝန်ကြီးချုပ်ရာထူးအတွက် ဆက်လက်ကြိုးစားဦးမည့် အရိပ်အယောင် ပြသခဲ့သည်။