- ဧရာဝတီက ကုန်စည်များကို ရခိုင်သို့ မပို့ရန် စစ်ကောင်စီ ထပ်မံပိတ်ပင်
- ရသေ့တောင်ဒေသခံများ ကျန်းမာရေးပြဿနာ ရင်ဆိုင်နေရ
- သက်ဆင်ရှင်နာဝပ်နှင့် မလေးရှားဝန်ကြီးချုပ်တို့ မြန်မာ့အရေးနှင့် ခရစ်တိုငွေကြေးအကြောင်း ဆွေးနွေး
- စစ်မှုထမ်းဥပဒေကြောင့် အမျိုးသမီးများ အခွင့်အရေးဆုံးရှုံးလာ
- ရခိုင်ရေပိုင်နက်ထဲ ခိုးဝင်ငါးဖမ်းနေမှုများကို ထိရောက်စွာကိုင်တွယ်ရန် လိုအပ်နေ
စစ်ရေးပဋိပက္ခများကို တွေ့ဆုံဆွေးနွေး ဖြေရှင်းရန် “ဝ” တပ်ဖွဲ့ပြော
ပြည်သူတို့၏စီးပွားရေး ပြန်လည်နာလန်ထူစေရန်နှင့် နေရပ်စွန့်ခွာပြည်သူများ လုံခြုံရေးအာမခံချက်ရှိစွာဖြင့် နေရပ်သို့ပြန်ရောက်စေရန် ပြဿနာများအား တွေ့ဆုံဆွေးနွေးမှုဖြင့် ဖြေရှင်းရန်လိုအပ်ကြောင်း “ဝ”ပြည်သွေးစည်းညီညွှတ်ရေးပါတီ (UWSP)က ထုတ်ပြန်သည်။
30 Jul 2024
DMG ၊ ဇူလိုင် ၃၀
ရှမ်းမြောက်ဒေသအပါဝင် နိုင်ငံအနှံ့ဖြစ်ပွားနေသည့် ပဋိပက္ခများကို စစ်ရေးအရ မဖြေရှင်းဘဲ ငြိမ်းချမ်းသည့်နည်းလမ်းဖြင့် ဖြေရှင်းကြရန် အလေးအနက်တိုက်တွန်းကြောင်း “ဝ”ပြည်သွေးစည်းညီညွှတ်ရေးပါတီ (UWSP)က ဇူလိုင်လ ၂၉ ရက်တွင် ထုတ်ပြန်လိုက်သည်။
ပြည်သူတို့၏စီးပွားရေး ပြန်လည်နာလန်ထူစေရန်နှင့် နေရပ်စွန့်ခွာပြည်သူများ လုံခြုံရေးအာမခံချက်ရှိစွာဖြင့် နေရပ်သို့ပြန်ရောက်စေရန် ပြဿနာများအား တွေ့ဆုံဆွေးနွေးမှုဖြင့် ဖြေရှင်းရန်လိုအပ်ကြောင်း ထုတ်ပြန်သည်။
စစ်ရေးပဋိပက္ခကြောင့် နိုင်ငံတော်တစ်ခုလုံး ပြိုကွဲမည့်အနေထားသို့ ရောက်ရှိနေပြီး စီးပွားရေးကပ်ဆိုက်ခြင်း၊ ထုတ်လုပ်မှုရပ်ဆိုင်းခြင်း၊ ကုန်သွယ်မှုရပ်တန့်ခြင်းနှင့် လုပ်ငန်းများဆိုးရွားလာကာ ပြည်သူတို့အတွက် မျှော်လင့်ချက် ကင်းမဲ့လာကြောင်း “ဝ” တပ်ဖွဲ့က ဆိုသည်။
စစ်ရေးပဋိပက္ခ ဆက်လက်ဖြစ်ပွားနေပါက လူသားမျိုးနွယ်စုကြား အကွဲအပြဲ ပိုမိုနက်ရှိုင်းပြီး၊ အချင်းချင်း ရန်ငြိုးများ မြင့်တက်ကာ ကုသရန်ခက်ခဲသည့် စိတ်ပိုင်းဆိုင်ရာထိခိုက်မှုများ ဖြစ်ပေါ်လာနိုင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ထို့ကြောင့် အဖွဲ့အစည်းအားလုံးသည် ကိုယ့်အဖွဲ့အစည်း၏ အကျိုးစီးပွားတစ်ခုတည်းကို ရပ်တည်ပြီး ပြည်သူတို့၏ အကျိုးစီးပွားကို လျစ်လျူရှူထားခြင်းမျိုး မလုပ်သင့်ကြောင့် “ဝ” တပ်ဖွဲ့က ပြောသည်။
UWSP အနေဖြင့် လက်ရှိ ၁၀၂၇ စစ်ဆင်ရေးတွင် မည်သည့်ဘက်ကမျှ ပါဝင်မည်မဟုတ်ကြောင်း ဆိုသည်။
“ဝ”တပ်ဖွဲ့သည် မြန်မာနိုင်ငံရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များတွင် အင်အားအကြီးဆုံးဖြစ်ပြီး၊ “ဝ”ပြည်နယ်တွင် စစ်ကောင်စီဩဇာ လုံးဝမရှိဘဲ ကိုယ်ပိုင်ဉပဒေ၊ ကိုယ်ပိုင်အုပ်ချုပ်ရေးစနစ်ဖြင့် လည်ပတ်နေသော ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတစ်ခု ဖြစ်သည်။
“ဝ” တပ်ဖွဲ့သည် ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် ပြည်ထောင်စု နိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC) အဖွဲ့ဝင် မဟာမိတ်လည်း ဖြစ်သည်။
လက်ရှိတွင် လားရှိုးအပါအဝင် ရှမ်းမြောက်ဒေသ၊ မန္တလေးတိုင်းနှင့် ရခိုင်ပြည်တို့တွင် MNDAA၊ AA၊ TNLA နှင့် ပူးပေါင်းမဟာမိတ်တပ်များက စစ်ကောင်စီကို အပြင်းအထန် ထိုးစစ်ဆင်နေကြသည်။