- သက်ဆင်ရှင်နာဝပ်နှင့် မလေးရှားဝန်ကြီးချုပ်တို့ မြန်မာ့အရေးနှင့် ခရစ်တိုငွေကြေးအကြောင်း ဆွေးနွေး
- စစ်မှုထမ်းဥပဒေကြောင့် အမျိုးသမီးများ အခွင့်အရေးဆုံးရှုံးလာ
- ရခိုင်ရေပိုင်နက်ထဲ ခိုးဝင်ငါးဖမ်းနေမှုများကို ထိရောက်စွာကိုင်တွယ်ရန် လိုအပ်နေ
- ရန်ကုန်သည် ကမ္ဘာ့လေထု ညစ်ညမ်းမှု အဆင့် ၂ နေရာတွင် ရှိနေ
- ဆေးကုသခွင့်ခက်ခဲ၍ ရခိုင်က ကင်ဆာရောဂါသည်များ အသက်သေဆုံးမှုရှိနေ
ဂွဒေသခံများ မြေမြှုပ်မိုင်းအန္တရာယ်ကို ဆိုးရွားစွာ ခံစားနေရ
ရခိုင်ပြည်၊ ဂွမြို့နယ်က ဒေသခံများမှာ စစ်ကောင်စီ၏ မြေမြှုပ်မိုင်းအန္တရာယ်ကို ဆိုးရွားစွာခံစားနေရကြောင်း လူမှုကူညီရေး ဆောင်ရွက်ပေးနေသူများက ပြောဆိုကြသည်။
23 Dec 2024
DMG ၊ ဒီဇင်ဘာ ၂၃
ရခိုင်ပြည်၊ ဂွမြို့နယ်က ဒေသခံများမှာ စစ်ကောင်စီ၏ မြေမြှုပ်မိုင်းအန္တရာယ်ကို ဆိုးရွားစွာခံစားနေရကြောင်း လူမှုကူညီရေး ဆောင်ရွက်ပေးနေသူများက ပြောဆိုကြသည်။
တောတောင်နှင့် လယ်ယာအတွင်း စစ်ကောင်စီထောင်ထားသော မိုင်းနင်းမိ၍ ထိခိုက်သေဆုံးမှုများကို ဒေသခံများ မကြာခဏ ကြုံတွေ့နေကြရသည်။
ဒီဇင်ဘာ ၁၇ ရက်က ဂွမြို့နယ်၊ ကုလားပြင်ကျေးရွာမှ အသက် (၃၀) အရွယ် မစိုးမိုးစံမှာ စပါးရိတ်သိမ်းရန် လယ်ကွင်းပြင်သို့ဆင်းစဉ် မိုင်းနင်းမိ၍ ဘယ်ဖက်ခြေထောက် ပြတ်ထွက်သွားခဲ့သည်။
အလားတူ ဂျိုင်ကောက်ကျေးရွာမှ အသက် (၄၇)နှစ်အရွယ် ဦးကျော်စိုးလွင်မှာလည်း လယ်ကွင်းသို့ သွားရောက်စဉ် မိုင်းနင်းမိသွားသဖြင့် ညာဘက်ခြေထောက် ဆုံးရှုံးသွားခဲ့ရသည်။
“ကုလားပြင်ရွာက တစ်ယောက်နဲ့ ဂျိုင်ကောက်ရွာကတစ်ယောက် လယ်ကွင်းကိုသွားတာမှာ စစ်ကောင်စီ ထောင်ထားခဲ့တဲ့ မိုင်းနင်းမိတာ။ စစ်သားတွေက တပ်ဆုတ်မပြေးခင် ထောင်ထားခဲ့တဲ့ မိုင်းတွေဖြစ်မယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။
ဒေသခံများ လုပ်ကိုင်စားသောက်သည့် နေရာများတွင် စစ်ကောင်စီက မိုင်းထောင်မှုများရှိသဖြင့် တောတောင်နှင့် လယ်ယာလုပ်ငန်း လုပ်ကိုင်ကြသူများမှာ အခက်အခဲများနှင့် ရင်ဆိုင်နေကြရသည်။
ဂွမြို့နယ်တွင် တိုက်ပွဲကာလအတွင်း မြေမြှုပ်မိုင်းနင်းမိမှုကြောင့် ထိခိုက်သေဆုံးသူ ၇ ဦးအထိရှိနေသည်။ လက်ရှိတွင် မြေမြှုပ်မိုင်းနှင့် စစ်ကျန်လက်နက် အန္တရာယ်နှင့်ပတ်သက်၍ ဂွမြို့နယ် စစ်ဘေးရှောင်ကူညီရေး ပူးပေါင်းအဖွဲ့မှ အသိပညာပေးမှုများ လုပ်လျက်ရှိကြောင်း သိရသည်။
“မိုင်းအန္တရာယ်၊ စစ်ကျန်လက်နက်တွေနဲ့ ပတ်သက်လို့ ပြည်သူတွေကို သိသင့်သိထိုက်တာတွေ တာဝန်ရှိတဲ့ သူတွေနဲ့ပူးပေါင်းပြီး ရပ်ရွာတွေမှာ အသိပညာပေးဆိုင်းဘုတ်တွေ၊ လက်ကမ်းစာစောင်တွေ လုပ်နိုင်အောင် ကြိုးစားနေတာတွေရှိတယ်။ အချို့အရာတွေကလည်း လုပ်နိုင်သလောက် လုပ်နေတာတွေ လည်းရှိတယ်” ဂွမြို့နယ် စစ်ဘေးရှောင်ကူညီရေးပူးပေါင်းအဖွဲ့မှ ပြန်ကြားရေးတာဝန်ခံ ကိုနိုင်အောင်လင်းက ပြောသည်။
စစ်ရေးကာလ မြေမြှုပ်မိုင်းနှင့် စစ်ကျန်လက်နက်ကြောင့် ထိခိုက်သေဆုံးမှု မြင့်တက်နေပြီး ယခုနှစ်အတွင်း ရခိုင်နှင့် ချင်းပြည်နယ်၊ ပလက်ဝတွင် အရပ်သားသေဆုံးမှု ၁၂၃ ဦးထိရှိကြောင်း ကုလသမဂ္ဂလူးသားချင်း စာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး UNOCHA က ဒီဇင်ဘာ ၁၃ ရက်တွင် ထုတ်ပြန်ထားသည်။
အာရက္ခတပ်တော်က ထိန်းချုပ်ဒေသအချို့မှာ မိုင်းရှင်းလင်းပေးမှုများရှိသော်လည်း စစ်ရေးကာလ ဖြစ်သေး၍ တွင်ကျယ်စွာ လုပ်ဆောင်ရန် အခက်အခဲရှိနေသည်။