- ၂၀၂၄ တွင် မြန်မာပြည်သူများ လျှပ်စစ်မီးပြတ်တောက်မှုကို အဆိုးရွားဆုံးရင်ဆိုင်ခဲ့ရ
- ရေဂင်လေဆိပ်အနီး လေယာဉ်ပျက်ကျမှုတွင် သေဆုံးသွားသူ ၆၇ ဦး၏ ရုပ်အလောင်းများ ဆယ်ယူရရှိ
- ရခိုင်တွင် စစ်ဘေးရှောင်များ အရေပြားရောဂါဖြစ်ပွားမှုနှုန်း မြင့်တက်
- ရခိုင်တွင် ဇန်နဝါရီလအတွင်း အရပ်သားထိခိုက်သေဆုံးမှု ၃ ဆခန့် မြင့်တက်
- ထောင်တွင်းက နိုင်/ကျဉ်းများ ကျန်းမာရေးစောင့်ရှောက်ခွင့် ချိုးဖောက်ခံနေရ
ဧရာဝတီက ကုန်စည်များကို ရခိုင်သို့ မပို့ရန် စစ်ကောင်စီ ထပ်မံပိတ်ပင်
ရခိုင်ပြည်သိမ်းတိုက်ပွဲ စတင်ခဲ့သည့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာမှစတင်ကာ ရခိုင်ပြည်သို့ ကုန်စည်တင်ပို့သည့် ကုန်သွယ်ရေး လမ်းကြောင်းအားလုံးကို စစ်ကောင်စီက ပိတ်ပင်လိုက်ပြီး ယခုတစ်ကြိမ်တွင် ဧရာဝတီတိုင်းမှ ဂွမြို့နယ်သို့ ရရာနည်းလမ်းဖြင့် ပို့ဆောင်နေသည့် ကုန်စည်များကို ထပ်မံပိတ်ပင်လိုက်ခြင်းဖြစ်သည်။
03 Feb 2025
DMG ၊ ဖေဖော်ဝါရီ ၃
ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့ကနေ ရခိုင်ပြည်သို့ စားသောက်ကုန်စည်နှင့် ဆေးဝါးများ မပို့ကြရန် ဒေသခံများကို စစ်ကောင်စီက ထပ်မံသတိပေး ပိတ်ပင်လိုက်ကြောင်း ဒေသခံများထံမှ သိရသည်။
ရခိုင်ပြည်သိမ်းတိုက်ပွဲ စတင်ခဲ့သည့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာမှစတင်ကာ ရခိုင်ပြည်သို့ ကုန်စည်တင်ပို့သည့် ကုန်သွယ်ရေး လမ်းကြောင်းအားလုံးကို စစ်ကောင်စီက ပိတ်ပင်လိုက်ပြီး ယခုတစ်ကြိမ်တွင် ဧရာဝတီတိုင်းမှ ဂွမြို့နယ်သို့ ရရာနည်းလမ်းဖြင့် ပို့ဆောင်နေသည့် ကုန်စည်များကို ထပ်မံပိတ်ပင်လိုက်ခြင်းဖြစ်သည်။
ငါးသိုင်းချောင်းမြို့ခံများ၊ ကုန်သည်များ၊ ကားသမားများနှင့် ဆိုင်ကယ်သမားများကို ဇန်နဝါရီ ၃၀ ရက်တွင် မြို့မရဲစခန်းကိုခေါ်ယူပြီး ရခိုင်ပြည်ဖက်သို့ ကုန်စည်မပို့ကြရန်နှင့် တောလမ်းများမှတစ်ဆင့် ဂွမြို့နယ်သို့ မသွားကြရန် စခန်းမှူးက ဝန်ခံလက်မှတ်များ ရေးထိုးခိုင်းခဲ့ကြောင်း သိရသည်။
ငါးသိုင်းချောင်းမြို့ခံတစ်ဦးက "ရခိုင်ဖက်ကို ကုန်စည်၊ ဆေးဝါးတွေနဲ့ လူတွေမပို့ရဘူးဆိုပြီး မြို့မရဲစခန်းမှူးက ခေါပြီးပြောတာ။ ခရီးသွား လူအငှားခေါ်ရင်တောင် ရဲစခန်းမှာ အရင်ဆုံး သတင်းပို့ရမယ်ဆိုပြီး ပြောတယ်။ ကုန်စည်တွေ ပို့ဆောင်တာဖြစ်ဖြစ်၊ လူပို့တာဖြစ်ဖြစ် အရေးယူခံရမယ်ပြောတာ။ မလုပ်ပါဘူး ဆိုပြီးတော့လည်း ဝန်ခံလက်မှတ်ထိုးခဲ့ရတယ်" ဟု ပြောသည်။
ငါးသိုင်းချောင်းသည် ရခိုင်ပြည်၊ ဂွမြို့နယ်နှင့် နယ်နိမိတ်ချင်းထိစပ်နေသည့် မြို့ဖြစ်ပြီး ယခင်က ရခိုင်တောင်ပိုင်းက ဂွ၊ သံတွဲမြို့နယ်တို့အတွက် လိုအပ်သည့် စားသောက်ကုန်၊ ဆေးဝါးနှင့် လူသုံးကုန်ပစ္စည်များကို ယင်းလမ်းပိုင်းက အဓိကတင်သွင်းကြခြင်းဖြစ်သည်။
သို့သော် ဂွမြို့သိမ်းတိုက်ပွဲကာလကတည်းက ဂွ-ငါးသိုင်းချောင်းလမ်းပိုင်းတွင် ဖြတ်သန်းသွားလာခွင့်ကို စစ်ကောင်စီက ပိတ်ဆို့ထားခြင်းဖြစ်သည်။ သို့သော်လည်း ယခုအခါ ဂွမြို့နယ်တစ်ခုလုံးကို အာရက္ခတပ်တော်က အပြီးသတ်သိမ်းပိုက်ထားပြီဖြစ်သဖြင့် စစ်ကောင်စီက ငါးသိုင်းချောင်းကနေ ထပ်မံပိတ်ဆို့နေခြင်းဖြစ်သည်။
"ဂွ-ငါးသိုင်းချောင်း လမ်းမကြီးက တိုက်ပွဲကြောင့် သွားလာလို့မရတာ လနှင့်ချီကြာနေပြီ။ တချို့ ကယ်ရီသမားတွေကတော့ အရင်က သစ်ခုတ်တဲ့လူတွေ ဖောက်ထားတဲ့ တောလမ်းတွေက သွားနေတာရှိတယ်။ အဲဒီလမ်းကြောင်းတွေကိုပါ ပိတ်ဆို့ဖို့လုပ်လာတာ။ ဂွရိုးမတစ်လျှောက်ကိုလည်း AA က စိုးမိုးထားပြီး စစ်ကောင်စီက မသွားရဲတော့ ဆိုင်ကယ်သမားတွေကို အကျပ်ကိုင်လာတာ" ဟု နောက်ထပ်ဒေသခံတစ်ဦးက ပြောသည်။
ဂွမြို့နယ်တစ်ခုကိုလည်း အာရက္ခတပ်တော်က သိမ်းပိုက်လိုက်ပြီးနောက် ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ ပုသိမ်မြို့နယ်တို့အထိ AA နှင့် မဟာမိတ်တပ် ထိုးစစ်များ ကူးစက်နေသည်။
အဆိုပါတိုက်ပွဲများကြောင့် စစ်ကောင်စီသည် ရခိုင်နှင့် ထိစပ်နေသည့် သာပေါင်း၊ ရေကြည်၊ ပုသိမ်မြို့နယ်တို့ကို စားနပ်ရိက္ခာနှင့် ဆေးဝါးသယ်ယူခွင့် ကန့်သတ်မှုများရှိလာနေကြောင်း ဒေသခံများထံက သိရသည်။