- ရခိုင်တွင် လူငယ်များ ဆေးခြောက်သုံးစွဲနေမှုကို တားဆီးရန် လိုအပ်လာ
- စစ်တွေ - ပုဏ္ဏားကျွန်း နယ်စပ်တွင် စစ်ကောင်စီနှင့် AA တို့ လက်နက်ကြီး အပြန်အလှန်ပစ်ခတ်
- ဧရာဝတီရောက် ရခိုင်စစ်ရှောင်များကို စစ်ကောင်စီ နေရာပြောင်းခိုင်းထား
- ဂွဒေသခံများ မြေမြှုပ်မိုင်းအန္တရာယ်ကို ဆိုးရွားစွာ ခံစားနေရ
- တိုက်ပွဲကာလ ပျောက်ဆုံးသွားသည့် သက်လူမျိုး ၄ ဦး သတင်းအစအန မရသေး
ဧရာဝတီရောက် ရခိုင်စစ်ရှောင်များကို စစ်ကောင်စီ နေရာပြောင်းခိုင်းထား
စစ်ဘေးရှောင်များမှာ ရခိုင်ပြည်၊ ဂွမြို့နယ်နှင့် သံတွဲမြို့နယ် တို့မှဖြစ်ပြီး ၎င်းတို့အား ဒီဇင်ဘာ ၂၂ ရက်မှစ၍ ဒီဇင်ဘာ ၂၅ နေ့အတွင်း အတင်းအဓမ္မ နေရာရွှေ့ပြောင်းရွှေ့ခိုင်းထားကြောင်း သိရသည်။
23 Dec 2024
DMG ၊ ဒီဇင်ဘာ ၂၃
ဧရာဝတီတိုင်း၊ ရေကြည်နှင့် ကျုံပျော်မြို့နယ်တို့တွင် ရောက်ရှိနေသည့် ရခိုင်စစ်ဘေးရှောင် ထောင်နှင့်ချီကို ၄ ရက်အတွင်းအပြီး နေရာပြောင်းရွှေ့ကြရန် စစ်ကောင်စီက ဖိအားပေးနေကြောင်း သတင်းရရှိသည်။
စစ်ဘေးရှောင်များမှာ ရခိုင်ပြည်၊ ဂွမြို့နယ်နှင့် သံတွဲမြို့နယ် တို့မှဖြစ်ပြီး ၎င်းတို့အား ဒီဇင်ဘာ ၂၂ ရက်မှစ၍ ဒီဇင်ဘာ ၂၅ နေ့အတွင်း အတင်းအဓမ္မ နေရာရွှေ့ပြောင်းရွှေ့ခိုင်းထားကြောင်း သိရသည်။
“သီတာကုန်းပြင်ရွာနဲ့ အခြားရွာက ၁၁ / (မှတ်ပုံတင်)တွေ အကုန်လုံးကို ဖျာပုံကို ပြောင်းခိုင်းထားတာ။ အဲဒီအထဲမှာ သက်ကြီးရွယ်အိုတွေ မပါဘဲ လူငယ်၊ လူလတ် ယောက်ျား၊ မိန်းမ အကုန်လုံးကို ပြောင်းခိုင်းနေတာ ဖြစ်တယ် ” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် စစ်ဘေးရှောင် အမျိုးသမီးတစ်ဦးက ပြောသည်။
ရေကြည်မြို့နယ်ရှိ သီတာကုန်းပြင်၊ တောင်စမ်း၊ မြောက်စမ်း၊ ချောင်းခွ၊ ခွေးတောက် စသည့် ကျေးရွာအတွင်း ရောက်နေကြသည့် စစ်ဘေးရှောင်ရာနှင့်ချီရှိပြီး စစ်ကောင်စီက ဖျာပုံမြို့နယ်တွင် စစ်ဘေးရှောင်စခန်းများ ဆောက်လုပ်လျက်ရှိကြောင်း သိရသည်။
အဆိုပါ စစ်ဘေးရှောင်များမှာ ဆွေမျိုးနေအိမ်၊ အသိမိတ်ဆွေနှင့် ယာယီတဲများ ဆောက်လုပ်ကာ နေထိုင်ကြခြင်း ဖြစ်ကြောင်း သိရသည်။
ယခုကဲ့သို့ စစ်ဘေးရှောင် လူငယ်များအား စခန်းပြောင်းရွှေ့ရန် စီစဉ်နေခြင်းမှာ လူငယ်များကို စစ်မှုထမ်းရန် လူစုနေခြင်းဖြစ်နိုင်ကြောင်း သုံးသပ်နေကြသည်။
ဧရာဝတီရောက် ရခိုင်စစ်ဘေးရှောင်အရေး ကူညီဆောင်ရွက်ပေးနေသည့် အမျိုးသမီးတစ်ဦးက “ စစ် ကောင်စီ ရဲ့ စီမံချက်က ဘာကိုလုပ်ချင်သလဲ ဆိုတာကို တကယ်တွေးကြည့်ရင် အဖြေက ရှင်းနေတယ်။ စစ်မြေပြင်ကို ပို့မှာ ပေါ့။ သူတို့မှာ လူမှ မရှိတော့တာ။ လူသားရင်းမြစ်တွေ ဆုံးရှုံးနေတယ်။ အဲဒီထဲမှာက စစ် ဘေးရှောင်တွေကို ဒီလို လုပ်တာက တော်တော် ယုတ်မာပက်စက် လွန်းတယ် ” ဟု ပြောသည်။
အလားတူ ကျုံပျော်မြို့နယ်မှ ရခိုင်စစ်ဘေးရှောင်များကိုလည်း ၄ ရက်အတွင်း နေရာရွှေ့ပြောင်းခိုင်းထားသည်ဟု သိရသည်။
“ ကျုံပျော်က စစ်ဘေးရှောင်တွေကိုလည်း နေရာဖယ်ပေးရ မယ်လို့ပြောတယ်။ ဘယ်လိုစိစဉ်ပေးမဲ ဆိုတာမသိရ သေးဘူး။ ပြောင်းရမှာတော့ သေချာတယ် ” ဟု ကျုံပျော် ဒေသခံတစ်ဦးက DMGသို့ ပြောသည်။
ဆက်စပ်ပြီး ဒီဇင်ဘာ ၁၄ ရက်နေ့က ပုသိမ်မြို့နယ်ရှိ ချောင်းသာ၊ ရွှေသောင်ယံမြို့တွင် ယာယီနေထိုင်နေသည့် ရခိုင်စစ်ဘေးရှောင်များကို ဧရာဝတီတိုင်းဝန်ကြီးချုပ်က တစ်ပတ်အတွင်း အပြီးပြောင်းရွှေ့ကြရန် အမိန့်ထုတ်ခဲ့သည်။
ထို့ကြောင့် ယင်းမြို့မှ ရခိုင်စစ်ဘေးရှောင် ထောင်နှင့်ချီမှာ ရန်ကုန်၊ ပုသိမ်၊ ပဲခူးတိုင်းမြို့နယ်များသို့ ရှောင်တိမ်းမှုများလည်း ရှိနေကြောင်း သိရသည်။
ရခိုင်တွင် အာရက္ခတပ်တော်သည် မြို့နယ် ၁၃ ခု သိမ်းပိုက် ထိန်းချုပ်ထားပြီး လက်ရှိတွင်လည်း ဂွမြို့နယ်တစ် ခုလုံးကို သိမ်းပိုက်ရရှိရန် အရှိန်မြှင့် ထိုးစစ်ဆင်လျက်ရှိသည်။
နှစ်ဘက်တိုက်ပွဲအကြား ဂွ၊ သံတွဲ၊ တောင်ကုတ် စသည့် မြို့နယ်များမှ အခြေခံလူတန်းစား ဒေသခံ သောင်းနှင့်ချီ မှာ ဧရာဝတီတိုင်းနှင့် ပဲခူးတိုင်းသို့ ရရာနည်းလမ်းဖြင့် နေရပ်စွန့်ခွာ ထွက်ပြေးလျက်ရှိကြသည်။