- ရန်ကုန်တွင် တစ်လအတွင်း လူငယ် ၅၀၀ ခန့်ကို စစ်ကောင်စီ ဖမ်းဆီး
- မိုင်းနင်းမိ၍ မောင်တောဒေသခံတစ်ဦး ပြင်းထန်ဒဏ်ရာရ
- ၂၀၂၄ တွင် မြန်မာပြည်သူများ လျှပ်စစ်မီးပြတ်တောက်မှုကို အဆိုးရွားဆုံးရင်ဆိုင်ခဲ့ရ
- ရေဂင်လေဆိပ်အနီး လေယာဉ်ပျက်ကျမှုတွင် သေဆုံးသွားသူ ၆၇ ဦး၏ ရုပ်အလောင်းများ ဆယ်ယူရရှိ
- ရခိုင်တွင် စစ်ဘေးရှောင်များ အရေပြားရောဂါဖြစ်ပွားမှုနှုန်း မြင့်တက်
ဆိုက်ယာနိုက်အဆိပ်ဖြင့် လူ ၁၄ ဦးအထိ သတ်ဖြတ်ခဲ့သည်ဟု ယူဆရသော အမျိုးသမီးတစ်ဦးကို တရားစွဲ
ဆိုက်ယာနိုက်အဆိပ်ဖြင့် လူသတ်ခဲ့သည်ဟု ယူဆရသော အမျိုးသမီးတစ်ဦးအား လူသတ်မှု ၁၄ မှုဖြင့် တရားစွဲလိုက်လိုက်ကြောင်း ထိုင်းရဲတပ်ဖွဲ့က မေလ ၃ ရက်နေ့တွင် ပြောကြားလိုက်သည်။
04 May 2023
ဆိုက်ယာနိုက်အဆိပ်ဖြင့် လူသတ်ခဲ့သည်ဟု ယူဆရသော အမျိုးသမီးတစ်ဦးအား လူသတ်မှု ၁၄ မှုဖြင့် တရားစွဲလိုက်လိုက်ကြောင်း ထိုင်းရဲတပ်ဖွဲ့က မေလ ၃ ရက်နေ့တွင် ပြောကြားလိုက်သည်။
ဆာရာရက် ရန်ဆီဝူသာပွန်ဆိုသူ အမျိုးသမီးအား လူအများအပြားထံမှ ငွေများ လှည့်ဖြားချေးယူပြီး နောက် ၎င်းတို့ကို ဆိုက်ယာနိုက်အဆိပ်ဖြင့် လုပ်ကြံသတ်ဖြတ်ခဲ့သည်ဟု စွပ်စွဲထားသည်။
“သူ့မှာ အကြွေးအများကြီးရှိတော့ သိတဲ့သူတွေဆီက ငွေချေးတယ်။ ပိုက်ဆံပြန်တောင်းတဲ့သူတွေကို သတ်တာပဲ” ဟု အမျိုးသားရဲဌာန လက်ထောက်ရဲမှူး ဆူရာချိတ်က သတင်းထောက်များကို ပြောသည်။
ဆာရာရက်သည် အဆိပ်ကို တိုင်းရင်းဆေးဟု လိမ်လည်ပြီး လူပေါင်း ၁၅ ဦးအထိ သောက်သုံးခိုင်းခဲ့ပြီး ၎င်းတို့အနက် တစ်ဦး အသက်ရှင်ခဲ့သည်ဟု ဆူရာချိတ်က ပြောသည်။
ပြီးခဲ့သော နှစ်များအတွင်း ဖြစ်ပွားခဲ့သည့် သံသယဖြစ်ဖွယ် လူသေမှုကိုးမှုနှင့် ပတ်သက်ပြီး ရဲတပ်ဖွဲ့က သူမကို ပြီးခဲ့သော သီတင်းပတ်တွင် ဖမ်းဆီးခဲ့သည်။ ထို့နောက်တွင် ရဲဘက်က အမှုကို ပိုမိုကျယ်ကျယ်ပြန့်ပြန့် စွဲချက်တင်လာခြင်း ဖြစ်သည်။
သူမ၏ ခင်ပွန်းသည် ရာထူးကြီး ရဲအရာရှိတစ်ဦး ဖြစ်ကာ သူသည်လည်း အဆိုပါ လူသတ်မှုများနှင့် ဆက်စပ်ကာ ငွေကြေး လိမ်လည်မှု၊ အလွဲသုံးစားမှုတို့နှင့် တရားစွဲဆိုခံထားရကြောင်း ပြောကြားသည်။