စင်္ကာပူသို့ ရောက်ရှိနေသည့် သီရိလင်္ကာသမ္မတ ရာထူးမှနုတ်ထွက်စာပေးပို့

16 Jul 2022

နိုင်ငံမှ ထွက်ပြေးသွားသည့် သီရိလင်္ကာသမ္မတ ဂိုတာဘာယာရာဂျာပါဆာသည် ဇူလိုင်လ ၁၄ ရက်နေ့က စင်္ကာပူမှနေ၍ ရာထူးမှနုတ်ထွက်စာ တင်သွင်းခဲ့ကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

အီရန်တို့ နျူကလီးယားလက်နက် ပိုင်ဆိုင်ခွင့်မရအောင် အင်အားကုန်အသုံးပြု တားမြစ်သွားမည်ဟု အမေရိကန်ဆို

16 Jul 2022

အီရန်နိုင်ငံ နျူကလီးယားလက်နက်များ ရရှိမသွားအောင် အမေရိကန်ပြည်ထောင်စုအနေဖြင့် နိုင်ငံ၏အင်အားစုများအားလုံးကို အသုံးပြုဆောင်ရွက်သွားမည်ဟု အစ္စရေးနှင့် လက်မှတ်ရေးထိုးသည့် လုံခြုံရေးကြေညာချက်တွင် သမ္မတဂျိုးဘိုင်ဒန်က ပြောကြားသည်။

ယူကရိန်းစစ်ရာဇဝတ်မှုများကို စစ်ဆေးရေးအတွက် နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေး

15 Jul 2022

ယူကရိန်းတွင် ဖြစ်ပွားလျက်ရှိသော စစ်ရာဇဝတ်မှုများအတွက် တရားမျှတမှု ရရှိစေရန် နိုင်ငံတကာက “လက်လှမ်းမီစေရေး မဟာဗျူဟာ” တစ်ရပ် ချမှတ်ဆောင်ရွက်ကြရန် နိုင်ငံတကာ ရာဇဝတ်ခုံရုံး (အိုင်စီစီ) ရှေ့နေချုပ်က ကြာသပတေးနေ့တွင် တောင်းဆိုလိုက်သည်။

ဗီယက်နမ်တွင် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှု ယမန်နှစ်ထက် နှစ်ဆပိုမြင့်တက်

15 Jul 2022

ဗီယက်နမ်နိုင်ငံတွင် ယခုနှစ် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုပမာဏသည် ၂၀၂၁ ခုနှစ်ထက် နှစ်ဆမြင့်တက်နေပြီး ဆေးရုံများအနေဖြင့် ပိုမိုများပြားလာသည့် လူနာများကို ကုသပေးနိုင်အောင် အသင့်ပြင်ဆင်ထားကြရန် ကျန်းမာရေးဝန်ကြီးဌာနက သတိပေးလိုက်ကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

သီရိလင်္ကာသမ္မတ မော်လဒိုက်သို့ ထွက်ပြေး

14 Jul 2022

သီရိလင်္ကာသမ္မတ ရာဂျာပါဆာသည် ဇူလိုင်လ ၁၃ ရက်နေ့တွင် နိုင်ငံမှ ထွက်ပြေးသွားပြီဖြစ်ကြောင်း အစိုးရအရာရှိတစ်ဦး၏ ဖြေကြားချက်ကို ကိုးကားပြီး ကျိုဒိုသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ယူကေဝန်ကြီးချုပ်အသစ်ကို စက်တင်ဘာလ ၅ ရက်နေ့တွင် ကြေညာမည်

13 Jul 2022

ရာထူးမှထွက်ခွာတော့မည့် ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်နေရာကို အစားထိုးမည့် ဝန်ကြီးချုပ်အသစ်အား စက်တင်ဘာလ ၅ ရက်နေ့တွင် ကြေညာမည်ဟု လက်ရှိအာဏာရ ကွန်ဆာဗေးတစ်ပါတီက ဇူလိုင်လ ၁၁ ရက်နေ့တွင် ကြေညာလိုက်သည်။

ရှန်ဟိုင်းတွင် အိုမီခရွန် အမျိုးအစားသစ် BA.5.2.1 တွေ့ရှိ

12 Jul 2022

တရုတ်ပြည် ရှန်ဟိုင်းမြို့တွင် အိုမီခရွန်အမျိုးအစားသစ် BA.5.2.1 ရောဂါပိုးပါရှိသည့် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကို တွေ့ရှိခဲ့ကြောင်း ဇူလိုင် ၁ဝ ရက်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် အရာရှိတစ်ဦးက ပြောကြားသည်။

မြန်မာအပေါ် ဖိအားပေးမှုမရှိသည့် အာဆီယံကို ဘလင်ကင် ဝေဖန်

12 Jul 2022

ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ မြန်မာစစ်အစိုးရ ပြန်လည်လျှောက်လှမ်းစေရေးအတွက် လုံလောက်သည့်ဖိအား မပေးမှုအပေါ် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်က အာဆီယံနိုင်ငံများအား ဝေဖန်လိုက်ကြောင်း အေပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကင် ထိုင်းဝန်ကြီးချုပ်နှင့် တွေ့ဆုံစဉ် မြန်မာ့အရေး ထည့်သွင်းဆွေးနွေးမည်

10 Jul 2022

ထိုင်းနိုင်ငံသို့ ရောက်ရှိနေသည့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်သည် ထိုင်းဝန်ကြီးချုပ် ပရာယုချန်အိုချာနှင့် အင်္ဂါနေ့တွင် တွေ့ဆုံရန်ရှိနေပြီး အဆိုပါတွေ့ဆုံမှုအတွင်း မြန်မာ့အရေးကိုပါ ထည့်သွင်းဆွေးနွေးသွားမည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောကြားချက်ကို ကိုးကားပြီး ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ဓာတ်ငွေ့ပိုက်လိုင်းအခြေအနေ မရေရာမှုကြောင့် ဂျာမနီစွမ်းအင်အရေး စိုးရိမ်နေရ

10 Jul 2022

ဂျာမနီနိုင်ငံအား ရုရှားဓာတ်ငွေ့အများစုကို ပေးဆောင်နေသည့် Nord Stream ပိုက်လိုင်းသည် ပုံမှန်ပြုပြင်ထိန်းသိမ်းမှု ပြုလုပ်ရန်အတွက် တနင်္လာနေ့မှ စတင်ကာ ပိတ်ထားမည်ဖြစ်ရာ အဆိုပါပိုက်လိုင်း လုံးလုံးလျားလျား ပိတ်သွားမည်ကို စိုးရိမ်မှုများမြင့်တက်လျက်ရှိကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

တရုတ်ထောက်လှမ်းရေးအစီအစဉ်တွင် ပါဝင်နေသည့် အမိမြေလုံခြုံရေး ဌာနဝန်ထမ်းဟောင်း နှစ်ဦးကို အမေရိကန်အစိုးရ တရားစွဲ

09 Jul 2022

ပြည်ထောင်စုတရားဥပဒေစိုးမိုးရေး အရာရှိများ ခေါ်ဝေါ်သုံးစွဲသည့် “နိုင်ငံဖြတ်ကျော် ဖိနှိပ် ရေးအစီအစဉ်” တစ်ခုတွင် တရုတ်အစိုးရကိုယ်စား ထောက်လှမ်းခြင်းနှင့် အမေရိကန်တွင် နေထိုင်နေသည့် တရုတ်အစိုးရဆန့်ကျင်သူများကို အနိုင်ကျင့်သည့် ကိစ္စနှင့်စပ်လျဉ်းပြီး အမေရိကန်အစိုးရရှေ့နေများက အမိမြေလုံခြုံရေးဌာန (Department of Homeland Security- DHS) နှင့် ဆက်စပ်သည့် အမျိုးသားနှစ်ဦးကို တရားစွဲဆိုခဲ့သည်။

ဂျပန်ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေး သေနတ်ဖြင့်ပစ်ခတ်ခံရ

07 Jul 2022

ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးသည် သောကြာနေ့က မဲဆွယ်စည်းရုံရေးတစ်ခု ပြုလုပ်နေစဉ် သေနတ်ဖြင့်ပစ်ခတ်ခံခဲ့ရပြီး ဆေးရုံသို့ သယ်ဆောင်သွားကြောင်း အေပီသတင်းတစ်ရပ်တွင် ဖော်ပြသည်။

ရုရှားနိုင်ငံခြားရေးဝန်ကြီးအား အာဆီယံအစည်းအဝေးများသို့ ကမ္ဘောဒီးယား ဖိတ်ကြား

07 Jul 2022

အာဆီယံလက်ရှိဥက္ကဌ ကမ္ဘောဒီးယားသည် ရုရှားနိုင်ငံခြားရေးဝန်ကြီးအား အာဆီယံဆိုင်ရာ နှစ်ပတ်လည်အစည်းအဝေးများသို့ ဖိတ်ကြားလိုက်ကြောင်း ကျိုဒိုသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

မြောက်ကိုရီးယား၏ ရန်စမှုများအား ပြင်းပြင်းထန်ထန် လက်တုံ့ပြန်မည်ဟု တောင်ကိုရီးယားသမ္မတ ယွန်းဆော့ယော သတိပေး

07 Jul 2022

မြောက်ကိုရီးယား၏ရန်စမှုများ ရှိလာလျှင် “မဆိုင်းမတွ ပြင်းပြင်းထန်ထန်” လက်တုံ့ပြန်ရန် တောင်ကိုရီးယားသမ္မတ ယွန်းဆော့ယောက ဇူလိုင် ၆ ရက်နေ့တွင် စစ်တပ်အား အမိန့်ပေးလိုက်ကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြသည်။ မြောက်ကိုရီးယားက ငါးနှစ်တာအတွင်း ၎င်း၏ ပထမဆုံးနျူကလီးယားစမ်းသပ်မှုကို ပြုလုပ်လာနိုင်သည်ဟူသည့် စိုးရိမ်မှုများ ရှိနေချိန်၌ ယခုကဲ့သို့ သမ္မတက ညွှန်ကြားလိုက်ခြင်းလည်း ဖြစ်သည်။

ဆွီဒင်နှင့်ဖင်လန်ကို အဖွဲ့ဝင်အဖြစ်လက်ခံရေး လုပ်ငန်းစဉ်များ နေတိုးအဖွဲ့ အပြီးသတ်လက်မှတ်ရေးထိုး

07 Jul 2022

ဆွီဒင်နှင့် ဖင်လန်နိုင်ငံတို့အား နေတိုးအဖွဲ့ဝင်အဖြစ် လက်ခံရေး လုပ်ငန်းစဉ်အဆင့်ဆင့်ကို နေတိုးအဖွဲ့ဝင် ၃၀ နိုင်ငံမှ ကိုယ်စားလှယ်များက ဇူလိုင်လ ၅ ရက်နေ့တွင် အပြီးသတ် လက်မှတ်ရေးထိုးလိုက်ကြပြီ ဖြစ်ကြောင်း အေပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

အမေရိကန်နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီးတို့ ယခုသီတင်းပတ်ကျင်းပမည့် G20 တွင် သီးခြားတွေ့ဆုံမည်

07 Jul 2022

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်သည် ယခုသီတင်းပတ်အတွင်း ဘာလီတွင်ကျင်းပမည့် G20 အစည်းအဝေးတွင် တရုတ်ဝန်ကြီးချုပ်ဝမ်ယီနှင့် သီးခြားတွေ့ဆုံသွားမည်ဟု အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနက ဇူလိုင်လ ၅ ရက်နေ့တွင် ပြောကြားလိုက်သည်။

လူ ၆ ဦးသေဆုံးခဲ့သည့် ချီကာဂိုပစ်ခတ်မှုတွင် သံသယရှိသူကို ရဲတပ်ဖွဲ့ ဖမ်းမိ

06 Jul 2022

ဇူလိုင်လ ၄ ရက်နေ့က အမေရိကန်ပြည်ထောင်စု ချီကာဂိုမြို့တွင် ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှုကို ကျူးလွန်သည်ဟု သံသယရှိသူအား ရဲတပ်ဖွဲ့က ဖမ်းမိထားပြီဖြစ်ကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

မက္ကာတွင် ယခုနှစ် ဘုရားဖူး တစ်သန်းအထိ လက်ခံမည်

06 Jul 2022

ဆော်ဒီအာရေဗျနိုင်ငံ မက္ကာမြို့တွင် ယခုနှစ်၌ ဘုရားဖူး တစ်သန်းအထိ လက်ခံသွားမည်ဟု အာဏာပိုင်များ၏ ပြောကြားချက်ကို ကိုးကားပြီး အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

အီတလီ အဲလ်ပ်တောင်တန်းတွင် နှင်းထု ပြိုကျ၍ လူခြောက်ဦး သေဆုံး

05 Jul 2022

အီတလီ အဲလ်ပ်စ် တောင်တန်းတွင် ဇူလိုင်လ ၃ ရက်နေ့က နှင်းထုပြိုကျမှု ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူခြောက်ဦး သေဆုံးပြီး ရှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း အရေးပေါ် ဝန်ဆောင်မှုဌာနတစ်ခုမှ ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီးတစ်ဦးက ပြောကြားချက်ကို ကိုးကားပြီး အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

သမ္မတရှီကျင့်ဖျင်နှင့် ဓာတ်ပုံတွဲရိုက်ခဲ့သည့် ဟောင်ကောင်လွှတ်တော်အမတ် ကိုဗစ်ကူးစက်နေကြောင်း တွေ့ရှိ

04 Jul 2022

တရုတ်သမ္မတရှီကျင့်ဖျင်နှင့် အုပ်စုဓာတ်ပုံ တွဲရိုက်ခဲ့သည့် ဟောင်ကောင်လွှတ်တော်အမတ် တစ်ဦးတွင် ကိုဗစ်-၁၉ ကူးစက်ခံရထားကြောင်း တွေ့ရှိခဲ့ရသည်ဟု ဇူလိုင်လ ၃ ရက်နေ့က ပြောကြားကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

Showing 561-580 of 1,643 items.