ဥရောပနိုင်ငံများ မျောက်ကျောက်ရောဂါကူးစက်မှုကို ‘အရေးပေါ်’ ဖြေရှင်းကြရန် WHO တောင်းဆို

04 Jul 2022

ဥရောပတွင် မျောက်ကျောက်ရောဂါ ကူးစက်ပျံ့နှံ့နေမှုကို ‘အရေးပေါ်’ အခြေအနေအဖြစ် သတ်မှတ်ပြီး ဖြေရှင်းကြရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ဇူလိုင်လ ၁ ရက်နေ့တွင် တောင်းဆိုလိုက်သည်။ ပြီးခဲ့သော သီတင်းနှစ်ပတ်အတွင်း ရောဂါကူးစက်မှုသည် သုံးဆအထိ မြင့်တက်လာကြောင်းလည်း WHO က သတိပေးသည်။

ကိုပင်ဟေဂင်က ဈေးဝယ်စင်တာမှာ ပစ်ခတ်မှုဖြစ်ပြီး သုံးဦးသေ၊ အများအပြား ဒဏ်ရာရ

04 Jul 2022

ဒိန်းမတ်နိုင်ငံ ကိုပင်ဟေဂင်မြို့ရှိ ဈေးဝယ်စင်တာတစ်ခုတွင် ဇူလိုင်လ ၃ ရက်နေ့က ပစ်ခတ်မှုတစ်ခုဖြစ်ပွားခဲ့ပြီး သုံးဦးသေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

မြောက်ကိုရီးယားခြိမ်းခြောက်မှုနှင့် ပတ်သက်၍ အမေရိကန်၊ တောင်ကိုရီးယားနှင့် ဂျပန်တို့ အနီးကပ်ပူးပေါင်းဆောင်ရွက်ကြရန် သဘောတူ

03 Jul 2022

အမေရိကန်ပြည်ထောင်စု၊ တောင်ကိုရီးယားနှင့် ဂျပန်နိုင်ငံတို့မှ ခေါင်းဆောင်များသည် မြောက်ကိုရီးယား၏ ဒုံးကျည်စမ်းသပ်မှုများနှင့် ပတ်သက်၍ စိုးရိမ်ပူပန်မှုများ ထုတ်ဖော်ပြသခဲ့ကြပြီး ပြုံယမ်း၏ ခြိမ်းခြောက်မှုကို တုံ့ပြန်ဖြေရှင်းရာတွင် အနီးကပ်ပူးပေါင်း ဆောင်ရွက်ကြရန် သဘောတူညီခဲ့ကြကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

တောင်ကိုရီးယားဘက်က လွှတ်တင်သည့် ပူပေါင်းများမှတစ်ဆင့် ကိုဗစ်ကူးစက်ခံရခြင်းဟု မြောက်ကိုရီးယား ခန့်မှန်း

02 Jul 2022

မြောက်ကိုရီးယားတွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားရခြင်းသည် တောင်ကိုရီးယားဘက်က လွှတ်တင်သည့် ပူပေါင်းများနှင့် ထိတွေ့မိသူများမှ စတင်ဖြစ်ပွားခဲ့ခြင်းဟု မြောက်ကိုရီးယားက ဇူလိုင်လ ၁ ရက်နေ့တွင် ပြောကြားကြောင်း အေပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

နေတိုးအဖွဲ့က အရှေ့ဘက်ခြမ်းကို အားဖြည့်မှုနှင့်အတူ အမေရိကန်ကလည်း ဥရောပတွင် စစ်အင်အား တိုးမြှင့်မည်

02 Jul 2022

ယူကရိန်းနိုင်ငံအပေါ် ရုရှားနိုင်ငံ၏ ကျူးကျော်ဝင်ရောက်မှုကို တုံ့ပြန်သည့်အနေဖြင့် စစ်အေးခေတ်နောက်ပိုင်း အဟန့်အတားများအား အမြင့်မားဆုံးကြံ့ခိုင်မှုရှိစေရန်အတွက် နေတိုးအဖွဲ့က သဘောတူလိုက်သကဲ့သို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ကလည်း ဥရောပအတွက် အမေရိကန်တပ်သားများ၊ စစ်လေယာဉ်များနှင့် စစ်သင်္ဘောများ ထပ်တိုးပေးပို့ရန် ဇွန် ၂၉ ရက်တွင် ကတိပြုလိုက်ကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

တစ်ကိုယ်ရေသမားတွေအတွက် ဖူးစာဖက်ရှာပေးနေတဲ့ တရုတ်ကွန်မြူနစ်ပါတီ

အမရာ 30 Jun 2022

“ကျန်းရှောင်တစ်ယောက် အိမ်ထောင်ပြုချင်နေပါတယ်။ ဒါပေမဲ့ သင့်တော်တဲ့အမျိုးသမီးနဲ့တွေ့ဖို့ သူ့လုပ်ငန်းခွင်နဲ့ သူငယ်ချင်းတွေကတစ်ဆင့် အမျိုးမျိုးကြိုးစားခဲ့အပြီးမှာတော့ သူ့ရဲ့ နှလုံံးသားရေးရာကို တရုတ်ကွန်မြူနစ်ပါတီရဲ့ လက်ထဲကို ပုံအပ်ပေးလိုက်ပါတော့တယ်။”

စကော့တလန်လွတ်လပ်ရေးအတွက် လူထုဆန္ဒခံယူပွဲကို ၂၀၂၃ အောက်တိုဘာတွင် ကျင်းပရန် သတ်မှတ်

30 Jun 2022

စကော့တလန် လွတ်လပ်ရေးအတွက် ဒုတိယအကြိမ်မြောက် လူထုဆန္ဒခံယူပွဲကို ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၁၉ ရက်နေ့တွင် ကျင်းပသွားမည်ဟု စကော့တလန်အစိုးရအဖွဲ့က ဇွန်လ ၂၈ ရက်နေ့တွင် ကြေညာလိုက်ကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ကိုလံဘီယာမှာ ထောင်တွင်းအဓိကရုဏ်းဖြစ်စဉ် မီးလောင်မှုကြောင့် အကျဉ်းသား ၅၁ ဦး သေဆုံး

30 Jun 2022

ကိုလံဘီယာနိုင်ငံ အနောက်တောင်ပိုင်းရှိ အကျဉ်းထောင်တစ်ခုတွင် ဇွန်လ ၂၈ ရက်နေ့က အဓိကရုဏ်းဖြစ်ပွားစဉ် မီးတင်ရှို့ရာမှ အကျဉ်းသား အနည်းဆုံး ၅၁ ဦးသေဆုံးပြီး နှစ်ဒါဇင်ထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

နေတိုးမဟာမိတ်အဖွဲ့က အရေးပေါ် တိုက်ပွဲဝင်အသင့်တပ် အင်အားကို ၃ သိန်းအထိ တိုးမြှင့်မည်

29 Jun 2022

နေတိုးမဟာမိတ်များသည် ယူကရိန်းအပေါ် ရုရှား၏စစ်ပွဲကို တုံ့ပြန်ရာတွင် ၎င်းတို့၏ ကာကွယ်ရေးကို အားကောင်းစေရန်အတွက် အဆင်သင့်ဖြစ်မှုမြင့်မားသည့်တပ်ဖွဲ့များကို တပ်ဖွဲ့ဝင် ၃ဝဝ,ဝဝဝ ကျော်အထိ မြှင့်တင်သွားမည်ဟု မဟာမိတ်အကြီးအကဲ ယန်စတိုလန်ဘတ်က ဇွန်လ ၂၇ ရက်နေ့က ပြောကြားသည်။

မူးယစ်နှိမ်နင်းရေးကာလအတွင်း သတ်ဖြတ်ခဲ့မှုများအတွက် သမ္မတဒူတာတေ တရားရုံးတွင် ရင်ဆိုင်ရဖွယ်မရှိ

29 Jun 2022

လူထောင်ပေါင်းများစွာ သေဆုံးခဲ့ရသည့် မူးယစ်နှိမ်နင်းရေး စီမံကိန်းကာလအတွင်း ကြမ်းကြမ်းတမ်းတမ်းကိုင်တွယ်ရန်နှင့် သံသယရှိသူများကို ဖမ်းဆီးရာတွင် ရဲများအတွက် အန္တရာယ်ရှိလာပါက အသေပစ်သတ်ရန် ညွှန်ကြားခဲ့သည့် ဖိလစ်ပိုင်သမ္မတဒူတာတေသည် ကြာသပတေးနေ့တွင် ရာထူးသက်တမ်း ကုန်ဆုံးပြီးနောက် တရားခွင်တွင် ရဆိုင်ရမည့်ပုံ မပေါ်ကြောင်း လေ့လာသူများက ပြောကြားသည်။

ဂျော်ဒန်တွင် ဓာတ်ငွေ့အိုး ပေါက်ကွဲမှုကြောင့် ၁၀ ဦးသေပြီး ၂၀၀ ကျော် ဒဏ်ရာရ

29 Jun 2022

ဂျော်ဒန်နိုင်ငံ အက္ကဘာဆိပ်ကမ်းတွင် ဇွန်လ ၂၇ ရက်နေ့က အဆိပ်ရှိသည့်ဓာတ်ငွေ့အိုး ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ရာက လူ ၁၀ ဦးသေဆုံးပြီး ၂၅၀ ထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

G7 ခေါင်းဆောင်များ ဘာဗားရီးယားတွင် အစည်းအဝေးကျင်းပချိန် ဥတုရာသီဆိုင်ရာ တရားမျှတမှု ရရှိရေး လူရာပေါင်းများစွာ ဆန္ဒဖော်ထုတ်

28 Jun 2022

ရာပေါင်းများစွာသော ချီတက်ဆန္ဒပြသူများသည် ထိပ်သီး ရ နိုင်ငံ ခေါင်းဆောင်များ ပါဝင်သော အစည်းအဝေးကျင်းပသည့် နေရာအနီး ဂျာမန်တောင်ပိုင်းရှိ ဂါမစ်ရှ်-ပါတန်ကာချန်တွင် ဇွန်လ ၂၆ ရက်နေ့(တနင်္ဂနွေနေ့) က ချီတက်ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

အီရတ်ဝန်ကြီးချုပ် ဆော်ဒီနှင့် အီရန်သို့သွားပြီး ဒေသတွင်းအရေး ဆွေးနွေး

28 Jun 2022

အီရတ်ဝန်ကြီးချုပ် မူစတာဖာ အယ်လ်-ခါဒီမီသည် ပြိုင်ဘက်နှစ်နိုင်ငံဖြစ်သော ဆော်ဒီအာရေဗျနှင့် အီရန်နိုင်ငံတို့သို့ ဇွန်လ ၂၆ ရက်နေ့က သွားရောက်ပြီး ဒေသတွင်းအရေးကိစ္စများကို ဆွေးနွေးခဲ့ကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ အရှေ့အလယ်ပိုင်း အင်အားကြီးနှစ်နိုင်ငံအကြား အားပြိုင်မှုကို ဖြေလျှော့ရန် အီရတ်၏ကြိုးပမ်းချက် တစ်စိတ်တစ်ပိုင်းအဖြစ် ယခုကဲ့သို့ သွားရောက်ခဲ့ခြင်း ဖြစ်သည်။

တောင်အာဖရိကရှိ အရက်ပုန်းဆိုင်တစ်ဆိုင်တွင် ဆယ်ကျော်သက် ၂၁ ဦး အကြောင်းရင်းမသိရဘဲ သေဆုံး

27 Jun 2022

တောင်အာဖရိကနိုင်ငံ အစ်လန်ဒန်မြို့ရှိ အရက်ပုန်းဆိုင်တစ်ဆိုင်တွင် စနေနေ့ညက ဆယ်ကျော်သက် အနည်းဆုံး ၂၁ ဦးသေဆုံးခဲ့ပြီး သေဆုံးရသည့် အကြောင်းရင်းကို ယခုထိ ရှင်းရှင်းလင်းလင်း မသိရသေးကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

အီရန်နှင့် နျူကလီးယားဆွေးနွေးပွဲ ရက်ပိုင်းအတွင်း ပြန်စမည်

27 Jun 2022

သုံးလခန့် တုံ့ဆိုင်းနေခဲ့သည့် အီရန်နျူကလီးယားအရေး ဆွေးနွေးပွဲများကို ယခုရက်ပိုင်းအတွင်း ပြန်လည်စတင်သွားမည်ဟု ဥရောပသမဂ္ဂ၏ မူဝါဒရေးရာအကြီးအကဲ ဂျိုးဆက်ဘော်ရဲလ်က ပြောကြားလိုက်သည်။ တီဟီရန်သို့ သွားရောက်ခဲ့သည့် ဂျိုးဆက်ဘော်ရဲလ်၏ အံ့အားသင့်ဖွယ်ရာ စနေနေ့ခရီးစဉ်အတွင်း ယခုကဲ့သို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။

စင်္ကာပူအတွက် လျှပ်စစ်ဓာတ်အားကို လာအိုထံမှ ဝယ်ယူ

26 Jun 2022

စင်္ကာပူနိုင်ငံသည် ဥတုရာသီပြောင်းလဲမှု ထိန်းချုပ်ရေး မူဝါဒများအား ကျင့်သုံးရာ၌ ပထမဆုံးအဖြစ် လာအိုမှ ဝယ်ယူထားသည့် ရေအားလျှပ်စစ်ကို စတင်သုံးစွဲနေပြီဖြစ်ကြောင်း ဘလွန်းဘက်သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ကိုဗစ်-၁၉ ကာကွယ်ဆေးများက ပထမတစ်နှစ်အတွင်း လူ့အသက်ပေါင်း သန်း ၂၀ ကို ကယ်တင်နိုင်ခဲ့

25 Jun 2022

ကမ္ဘာတစ်ဝန်းတွင် ကိုဗစ်-၁၉ ကာကွယ်ဆေးများ ထုတ်လုပ်အသုံးပြုခဲ့ပြီးနောက် ပထမတစ်နှစ်တာအတွင်း လူ့အသက်ပေါင်းသန်း ၂၀ နီးပါးကို ကယ်တင်နိုင်ခဲ့ကြောင်း သောကြာနေ့ထုတ်ပြန်သည့် လေ့လာချက်တစ်ရပ်တွင် ဖော်ပြသည်။

ယူကရိန်းအား ဥရောပသမဂ္ဂ အဖွဲ့ဝင်လောင်းအဖြစ် EU လက်ခံ

25 Jun 2022

ဥရောပသမဂ္ဂသည် ယူကရိန်းနိုင်ငံအား အဖွဲ့ဝင်လောင်းအဖြစ် ဇွန်လ ၂၃ ရက် ကြာသပတေးနေ့တွင် အတည်ပြုလက်ခံလိုက်ပြီ ဖြစ်ကြောင်း အေပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

မြန်မာ့ပဋိပက္ခအပေါ် အာဆီယံ၏ ချဉ်းကပ်ပုံကို ပြည်လည်သုံးသပ်သင့်ဟု ကုလ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်ပြော

25 Jun 2022

အာဆီယံအဖွဲ့ကြီးအနေဖြင့် မြန်မာနှင့် ထိတွေ့ဆက်ဆံမှုပုံစံကို ပြည်လည်သုံးသပ်သင့်သလို ရန်လိုမှုများကို အဆုံးသတ်ရေးအတွက် တိကျသောတောင်းဆိုမှုများကို အချိန်ကာလတစ်ခု သတ်မှတ်တောင်းဆိုသင့်သည်ဟု ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် တွမ်အင်ဒရူးက ဇွန်လ ၂၃ ရက်နေ့တွင် ပြောကြားလိုက်သည်။

အာဖဂန်ငလျင်ကြောင့် သေဆုံးသူ အနည်းဆုံး ၁၀၀၀ ကျော်ရှိ

Foreign Desk 23 Jun 2022

အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်းရှိ တောင်ထူထပ်သည့်ဒေသတွင် ယမန်နေ့က လှုပ်ခတ်ခဲ့သည့် အင်အားပြင်းငလျင်ကြောင့် သေဆုံးသူအရေအတွက်သည် ၁၀၀၀ ကျော်နေပြီဖြစ်ပြီး ထပ်မံမြင့်တက်လာနိုင်ခြေ ရှိနေကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

Showing 581-600 of 1,643 items.