တောင်ကုတ်တွင် ကိုဗစ်လူနာနှစ်ဦးထပ်မံသေဆုံး၍ စုစုပေါင်း သေဆုံးသူ စုစုပေါင်း ၁၀ ဦးအထိရှိလာ

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်တွင် ဇူလိုင်လ ၁၆ ရက်နေ့က ကိုဗစ်အတည်ပြုလူနာ ၂ ဦး သေဆုံးခဲ့ပြီး မြို့နယ်အတွင်း စုစုပေါင်းသေဆုံးလူနာမှာ ၁၀ ဦးအထိရှိလာပြီဖြစ်ကြောင်း တောင်ကုတ်မြို့ ပြည်သူ့ဆက်ဆံံရေးနှင့် ပြန်ကြားရေးဦးစီဌာနမှသိရသည်။

17 Jul 2021

DMG ၊ ဇူလိုင် ၁၇

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်တွင် ဇူလိုင်လ ၁၆ ရက်နေ့က ကိုဗစ်အတည်ပြုလူနာ ၂ ဦး သေဆုံးခဲ့ပြီး မြို့နယ်အတွင်း စုစုပေါင်းသေဆုံးလူနာမှာ ၁၀ ဦးအထိရှိလာပြီဖြစ်ကြောင်း တောင်ကုတ်မြို့ ပြည်သူ့ဆက်ဆံံရေးနှင့် ပြန်ကြားရေးဦးစီဌာနမှသိရသည်။

တောင်ကုတ်ဆေးရုံတွင် ကိုဗစ်အတည်ပြုလူနာ စုစုပေါင်း ၄၀ ကျော်ရှိပြီး ယင်းအထဲမှ အောက်ဆီဂျင်ပေးကုသနေရသည့် အသက် ၄၀ ကျော်အရွယ်ရှိ အမျိုးသမီးတစ်ဦးနှင့် အမျိုးသားတစ်ဦးတို့မှာ ဇူလိုင် ၁၆ ရက်နေ့က သေဆုံးသွားခြင်းဖြစ်ကြောင်း တောင်ကုတ်မြို့ ပြည်သူ့ဆက်ဆံရေးနှင့် ပြန်ကြားရေးဦးစီးဌာန ဦးစီးမှူး ဦးသန်းဝင်းကပြောသည်။

"ဇူလိုင်လ ၁၆ ရက်နေ့ ညနေ ၂ နာရီမှာ တစ်ဦးဆုံးတယ်။ ပြီးတော့ ညနေ ၆ နာရီလောက်မှာ တစ်ဦးဆုံးတယ်။ သေဆုံးသူတွေက ဆီချို၊ သွေးတိုးရောဂါအခံရှိတယ်။ ပြီးတော့ အောက်ဆီဂျင်ပေးကုသနေရသူတွေဖြစ်တယ်” ဟု ဦးသန်းဝင်းကပြောသည်။

လက်ရှိဖြစ်ပွားလျှက်ရှိသော ကိုဗစ်တတိယလိုင်းတွင်း ရခိုင်ပြည်နယ်အတွင်းမှ ကိုဗစ်အတည်ပြုလူနာ ၁၁၀၀ ကျော်ထိရှိလာနေပြီး သေဆုံးသူဦးရေ ၃၁ ဦးထိရှိလာကြောင်း ရခိုင်ပြည်နယ် ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၏ စာရင်းဇယားများအရသိရသည်။