- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
- တွေ့ဆုံဆွေးနွေးရန် အမြဲတံခါးဖွင့်ထားကြောင်း စစ်ခေါင်းဆောင်ပြော
- ငါးသိုင်းချောင်းရောက် ရခိုင်စစ်ဘေးရှောင်များထံမှ ငွေကြေးတောင်ခံမှုများရှိနေ
တောင်ကုတ် ခမရ - ၃၄၆ နှင့် ၅၄၄ တပ်ရင်းသိမ်းတိုက်ပွဲ ပြင်းထန်နေ
တောင်ကုတ်မြို့နှင့် ၁ မိုင်ခန့်အကွာရှိ ခမရ - ၃၄၆၊ ခမရ - ၅၄၄ တပ်ရင်းတို့ကို AA က နိုဝင်ဘာ ၇ ရက်မှစ၍ ထိုးစစ်ဆင်နေပြီး ယနေ့အချိန်ထိ နှစ်ဖက်တိုက်ပွဲများ ပြင်းထန်နေကြောင်း သိရသည်။
09 Nov 2024
DMG ၊ နိုဝင်ဘာ ၉
စစ်ကောင်စီ၏ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ (၅) တည်ရှိရာ ရခိုင်ပြည်၊ တောင်ကုတ်မြို့နယ်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့ကြား တိုက်ပွဲများ ဆက်လက်ပြင်းထန်နေသည်။
တောင်ကုတ်မြို့နှင့် ၁ မိုင်ခန့်အကွာရှိ ခမရ - ၃၄၆၊ ခမရ - ၅၄၄ တပ်ရင်းတို့ကို AA က နိုဝင်ဘာ ၇ ရက်မှစ၍ ထိုးစစ်ဆင်နေပြီး ယနေ့အချိန်ထိ နှစ်ဖက်တိုက်ပွဲများ ပြင်းထန်နေကြောင်း သိရသည်။
“တပ်ရင်းနှစ်ခုကို AA က တိုက်ခိုက်နေတယ်။ လက်နက်ကြီးသံတွေက တစ်မနက်လုံး ကြားနေရတယ်။ စစ်ကောင်စီကလည်း လေကြောင်းကနေ အပြင်းအထန် ပစ်ကူပေးနေတယ်” ဟု သတင်းရင်းမြစ်တစ်ဦးက ဆိုသည်။
တောင်ကုတ်ရှိ စစ်ကောင်စီတပ်ရင်း၊ တပ်စခန်းများကို AA က လအတော်ကြာ ဝိုင်းရံပိတ်ဆို့ပြီးနောက် ပြီးခဲ့သည့် အောက်တိုဘာလကုန်ပိုင်းမှစကာ အပြင်းအထန် ထိုးစစ်ဆင်နေခြင်းဖြစ်သည်။
လက်ရှိတွင် တောင်ကုတ် ပန်းမြောက်တောင်ပေါ်ရှိ အမြာက်တပ်နှင့် မြို့အဝင်ရှိ စစ်ကောင်စီတပ်စွဲ နေထိုင်နေသည့် တောင်ကုတ်တက္ကသိုလ်ကို AA က သိမ်းပိုက်ထားသည်။ ကျန်တပ်ရင်းများကိုလည်း အလုံးစုံသိမ်းပိုက်နိုင်ရေး AA က ထိုးစစ်ဆင်တိုက်ခိုက်နေ၍ တိုက်ပွဲများ ပြင်းထန်နေခြင်းဖြစ်သည်။
တိုက်ပွဲပြင်းထန်မှုနှင့်အတူ စစ်ကောင်စီ၏ လေကြောင်း၊ လက်နက်ကြီးများကြောင့် မြို့ပေါ်နေရာအချို့တွင် လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုများရှိနေ၍ ဒေသခံများမှာ စိုးရိမ်မှုမြင့်တက်နေသည်။
“လမ်းမကြီးမှာရှိတဲ့ ဆိုင်ကယ်ပြင်ဆိုင်ကို လက်နက်ကြီးတစ်လုံးကျခဲ့တယ်။ မြို့ပေါ်နေရာတွေမှာ အခုလိုမျိုး ကျရောက်ပေါက်ကွဲမှုတွေရှိနေတော့ ပိုပြီးစိုးရိမ်ရတယ်။ နောက်တစ်ခုက မြို့တွင်းမှာဖြစ်လာရင် စစ်ကောင်စီက ဓားစာခံအဖြစ်လုပ်မှာကို ပိုကြောက်နေကြတယ်” ဟု တောင်ကုတ်မြို့ခံတစ်ဦးက ပြောသည်။
တိုက်ပွဲများကြောင့် တောင်ကုတ်မြို့ခံများမှာ ဘေးလွတ်ရာနေရာများသို့ ထွက်ပြေးတိမ်းရှောင်နေသော်လည်း စစ်ကောင်စီ ပိတ်ဆို့ထားမှုကြောင့် မြို့ပေါ်တွင် ဒေသခံထောင်နှင့်ချီ ပိတ်မိနေပြီး စားနပ်ရိက္ခာပြတ်လပ်မှုနှင့် ကြုံတွေ့နေကြရသည်။
နောက်ထပ် တောင်ကုတ်မြို့ခံတစ်ဦးက “မြို့တွင်းမှာ ရိက္ခာတွေ ပြတ်နေတယ်။ ရှိနေတဲ့ ပစ္စည်းတွေလည်း ဈေးတက်နေတော့ အငတ်ဘေးကျနေတဲ့ သူတွေရှိနေတယ်။ အခက်အခဲတွေ အများကြီးနဲ့ ရင်ဆိုင်နေကြရတယ်” ဟု ပြောသည်။