ရခိုင်က စစ်ဘေးရှောင်စခန်းများတွင် တီဘီရောဂါဖြစ်ပွားမှု မြင့်တက်လာနေ

Admin 09 Oct 2023

ရခိုင်ပြည်အတွင်း စစ်ဘေးရှောင်စခန်းများတွင် တီဘီကူးစက်ရောဂါဖြစ်ပွားမှု များလာနေသဖြင့် ဆေးဝါးကုသရန်လိုအပ်နေကြောင်း စခန်းတာဝန်ရှိသူများကပြောသည်။

ရသေ့တောင်က မိန်းကလေးငယ် အဓမ္မပြုကျင့်ခံရမှုကိစ္စ တရားမျှတမှုရရှိရန် ULA ထံ တောင်းဆို

Admin 07 Oct 2023

အလယ်ရွာချေကျေးရွာတွင် အသက် ၉ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးကို တစ်ရွာတည်းနေ အသက် ၁၇ နှစ် အရွယ်လူငယ်တစ်ဦးက အဓမ္မပြုကျင့်မှုနှင့်ပတ်သက်၍ မိသားစုဝင်များက ULA ထံ ပြီးခဲ့သည့် ဇူလိုင်လအတွင်းက တိုင်ကြားခဲ့သည်။

ပြည်ပဝယ်လိုအားမရှိ၍ ပြောင်းစိုက်တောင်သူများ အရှုံးပေါ်နိုင် 

Admin 07 Oct 2023

လက်ရှိတွင် ပြောင်းပေါ်စရာသီဖြစ်သော်လည်း ပြောင်းတစ်ပိဿာလျှင် ခြံဖြတ်ဈေး ၈၈၀ ကျပ်မှ ၉၀၀ ကျပ်ရှိပြီး ပြောင်းအစိုတစ်ပိဿာလျှင် ခြံဖြတ်ဈေး ၆၄၀ ကျပ်ခန့်သာရှိနေသည်။  

ပေါက်တောတွင် အသက် ၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အိမ်နီးချင်းဖြစ်သူက အဓမ္မပြုကျင့်

Admin 07 Oct 2023

အခင်းဖြစ်ပြီးနောက် မိန်းကလေးငယ်၏ မျက်နှာနှင့် ခန္ဓာကိုယ်တို့မှာ လက်သည်းခြစ်ရာ အနည်းငယ်ရရှိခဲ့ပြီး မိန်းမကိုယ်တွင် သွေးစများကြောင့် အပေါ့သွား၍ မရသည့်အခြေအနေကို မိသားစုဝင်များက သတိထားရာကနေ အဓမ္မကျူးလွန်ခံခဲ့ရမှုကို သိရှိရခြင်းဖြစ်သည်။

မော်ချီးဒေသတွင် ဆန်တစ်အိတ် ၆ သိန်းကျပ်ထိ ကုန်စျေးနှုန်း မြင့်တက်နေ

Admin 07 Oct 2023

ကယား (ကရင်နီ) ပြည်နယ်၊ မော်ချီးဒေသတွင် စစ်ကောင်စီတပ်နှင့် ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) တို့ကြား လချီကြာ တိုက်ပွဲဖြစ်ပွားနေပြီး သွားလာရေးပိတ်ပင်ခံရမှုကြောင့် အခြေခံစားသောက်ကုန်စျေးနှုန်းများမှာ အဆမတန် မြင့်တက်နေကြောင်း ဒေသခံများထံမှ သိရသည်။

ပုဂံရှိ ရှေးဟောင်းဘုရား ၁၀ ဆူတွင် မိုးကြိုးလွှဲတပ်ဆင်မည် 

Admin 07 Oct 2023

သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးမှုမဖြစ်ပေါ်ရန် ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ဇုန် ပုဂံရှိ ဘုရားပုထိုးစေတီ ၁၀ ဆူတွင် မိုးကြိုးလွှဲ စက်ကိရိယာ တပ်ဆင်သွားမည်ဟု ပုဂံရှေးဟောင်းသုတေသနဌာနမှ သိရသည်။ 

Power China ကုမ္ပဏီက ကျောက်ဖြူဒေသခံများကို ပေးထားသည့်ကတိ ပျက်ကွက်နေ 

Admin 06 Oct 2023

စက်ရုံတည်ဆောက်ရာတွင် ကျေးရွာသားများ အသုံးပြုနေသည့် ချောင်းလက်တက် နှစ်ခုနှင့် လမ်းနှစ်လမ်းအပြင် လယ်ယာမြေအချို့ သိမ်းဆည်းခံခဲ့ရသည်။ ထိုနစ်နာမှုအတွက် Power China ကုမ္ပဏီဘက်က ရွာချင်းဆက်လမ်းတစ်ခု ဖောက်လုပ်ပေးရန် ကျေးရွာသားများနှင့် သဘောတူထားခဲ့ခြင်းဖြစ်သည်။

ရခိုင်တောင်ပိုင်းတွင် စစ်ကောင်စီက ဆက်တိုက် လက်နက်ကြီးစမ်းသပ်နေ

Admin 06 Oct 2023

ရခိုင်ပြည်တောင်ပိုင်း တောင်ကုတ်၊ ကျောက်ဖြူ၊ စနဲမြို့နှင့် မာန်အောင်မြို့နယ်တွင် ယခုရက်ပိုင်းအတွင်း စစ်ကောင်စီ ကြည်းတပ်နှင့် ရေတပ်တို့မှ လက်နက်ကြီး စမ်းသပ်ပစ်ခတ်မှုများ ဆက်တိုက်ပြုလုပ်နေကြောင်း ဒေသခံများကပြောသည်။

ဒေသမျိုးရင်းရှားပါးမှုကြောင့် ရခိုင်ကမြေပဲစိုက်တောင်သူများ အခက်ကြုံနေရ 

Admin 06 Oct 2023

ရခိုင်ပြည်၏ ရာသီဥတု၊ ပထဝီအနေအထားနှင့်ကိုက်ညီသော ဒေသမျိုးရင်းမျိုးစေ့များ ရှားပါးလာမှုကြောင့် တောင်သူများမှာ ယခုနှစ်မြေပဲစိုက်ပျိုးရန်အတွက် အခက်အခဲကြုံတွေ့နေရကြောင်း သိရသည်။ 

တစ်နှစ်တာအတွင်း နိုင်ငံအဝှမ်းတိုက်ပွဲဖြစ်ပွားမှု ၅၈ ရာခိုင်နှုန်းတိုးမြင့်လာ

Admin 05 Oct 2023

မြန်မာနိုင်ငံတွင် ၂၀၂၂ ခုနှစ် ဧပြီလမှ ၂၀၂၃ ခုနှစ် မတ်လအထိ တစ်နှစ်တာအတွင်း တိုက်ပွဲဖြစ်ပွားမှုမှာ ယခင်ကထက် ၅၈ ရာခိုင်နှုန်းအထိ တိုးမြင့်လာခဲ့ကြောင်း BNI-Myanmar Peace Monitor ၏ မှတ်တမ်းများအရ သိရသည်။  

အီရတ်သို့ ရောင်းစားခံလိုက်ရသည့် ရခိုင်အမျိုးသမီးငယ် ၃ ဦးကို နေရပ်ပြန်ပို့ရန် စီစဉ်နေ

Admin 05 Oct 2023

စစ်တွေမြို့က မဟန်နီထွန်း (၂၂ နှစ်) နှင့် မမြတ်အေးစံ(ခ)ဝေဝေ (၂၆ နှစ်)၊ မြောက်ဦးမြို့က မသန်းနွယ်ဌေး (၂၅ နှစ်) နှင့် ရသေ့တောင်မြို့နယ်က မဝင်းဝင်းလှိုင် (၂၂ နှစ်) တို့မှာ ပြီးခဲ့သည့် မေလက ဒူဘိုင်းမြို့သို့သွားရာတွင် လူကုန်ကူးခံလိုက်ရခြင်း ဖြစ်သည်။

စစ်တွေဟိုတယ်အနီးက စားသောက်ဆိုင်များကို စစ်ကောင်စီက အင်အားသုံးဖြိုဖျက်

Admin 05 Oct 2023

ယနေ့(အောက်တိုဘာ ၅) နံနက် ၄ နာရီအချိန်ကစပြီး ရဲတပ်ဖွဲ့နှင့် စည်ပင်ဌာနမှ အင်အား ၁၀၀ ကျော်ခန့်မှာ အဆိုပါနေရာသို့ ရောက်ရှိလာပြီး စက်ယန္တရားများဖြင့် ဖြိုဖျက်နေခြင်းဖြစ်သည်။

ပေါက်တောမြို့နယ်တွင် မုန်တိုင်းအလွန် ၄ လကျော်သည့်တိုင် နာလန်ထူရန်ခက်ခဲနေသေး 

Admin 05 Oct 2023

မုန်တိုင်းဒဏ်ကို အများဆုံးခံခဲ့ရသော သဲခုံ၊ ချိုင်ပြင်၊ ကြွီပြင်၊ ဝါးလမ်းကုန်း၊ သစ်ပုတ်ချိုင်၊ ညောင်ပင်ချိုင်၊ ကြိမ်ခွေမော် စသည့်ကျေးရွာများတွင် ၆၀ ရာခိုင်နှုန်းသာ ပြန်လည်ထူထောင်ရေး လုပ်ဆောင်နိုင်သေးသည်။ 

ရသေ့တောင်က ပညာရေးဝန်ထမ်းအသတ်ခံရမှု အမှုမှန်ပေါ်ရေး သေချာကိုင်တွယ်နေဟု AA ပြော

Admin 04 Oct 2023

လက်ရှိတွင် သံသယရှိသူနှစ်ဦးနှင့် ဆက်စပ်သံသယရှိသူတစ်ဦး အပါအဝင် အမှုနှင့်ဆက်စပ်သည့် အသိသက်သေများကို စစ်ဆေးလျက်ရှိကြောင်း ဦးခိုင်သုခက ဆက်ပြောသည်။ 

ARSA အဖွဲ့လှုပ်ရှားမှုကြောင့် တောတောင်ကိုအမှီပြုသူများ အခက်တွေ့

Admin 04 Oct 2023

“ကျနော်တို့က တောတောင်တွေကိုသွားပြီး လုပ်ကိုင်စားသောက်နေသူတွေဖြစ်တယ်။ တောင်တွေကို သွားတဲ့အခါ ARSA အဖွဲ့နဲ့တွေ့လို့ ပြန်ပေးဆွဲ၊ ဖမ်းဆီးမှုတွေလုပ်မှာကို စိုးရိမ်တယ်”

ဒေါ်ညိုအေးအမှုတွင် လိုပြသက်သေများကို စတင်စစ်ဆေး

Admin 03 Oct 2023

ဒေါ်ညိုအေးကို စစ်တွေမြို့ အမှတ်(၁)ရဲစခန်း စခန်းမှူးက တရားလိုပြုလုပ်ကာ တရားစွဲဆိုထားခြင်းဖြစ်ပြီး တစ်လကျော်အကြာတွင် စတင်စစ်ဆေးခဲ့ခြင်းဖြစ်သည်။ 

ရခိုင်တွင် ဝဥ(ဖျံဉ) အရောင်းအဝယ်လုပ်ငန်း အေးစက်နေ 

Admin 03 Oct 2023

ယခုနှစ်တွင် ဝဥအရောင်းအဝယ် မရှိသည့်အပြင် ဈေးနှုန်းလည်းကျဆင်းနေပြီး ယခင်နှစ်က တစ်ပိဿာလျှင် ငွေကျပ် ၁,၂၀၀ ရှိကာမှ လက်ရှိတွင် တစ်ပိဿာလျှင် ငွေကျပ် ၅၀၀ မှ ၁,၀၀၀ အကြားသာ ရှိသည်။  

ဘူးသီးတောင်တွင် လူမှောင်ခိုပွဲစားနှစ်ဦး ဖမ်းမိ 

Admin 03 Oct 2023

ရခိုင်ပြည်၊ ဘူးသီးတောင်မြို့ သင်္ဘောဆိပ်အနီးတွင် အသက် ၂၀ အရွယ် လူငယ်နှစ်ဦးအား မလေးရှားနိုင်ငံသို့ တရားမဝင်ပို့ဆောင်မည့် လူမှောင်ခိုပွဲစား အမျိုးသားနှစ်ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ 

မြဝတီတွင် သေနတ်ပစ်ခတ်ခံရမှုကြောင့် KBZ ဘဏ်ဝန်ထမ်းတစ်ဦး သေဆုံး

Admin 03 Oct 2023

ယင်းဖြစ်စဉ်ကြောင့် မြဝတီမြို့ အဝင်အထွက်နေရာနှင့် အမှတ်(၁) နှစ်နိုင်ငံ ချစ်ကြည်ရေးတံတားတို့၌ စစ်ကောင်စီတပ်နှင့် နယ်ခြားစောင့်တပ်(BGF)တို့က ရှာဖွေစစ်ဆေးမှုများ ပြုလုပ်နေကြောင်း ဒေသခံများထံက သိရသည်။

မွန်တွင် ဒီရေမြင့်တက်မှုကြောင့် နေအိမ် ၃၀ ခန့် ပျက်စီး၊ လူဦးရေ ၁၂၀ ခန့် အကူအညီလိုအပ်နေ

Admin 02 Oct 2023

မွန်ပြည်နယ်၊ ရေးမြို့နယ်နှင့် သံဖြူဇရပ်မြို့နယ်တို့တွင် မိုးသန်းထန်စွာပြီး ဒီရေမြင့်တက်မှုကြောင့် စက်တင်ဘာ ၃၀ ရက်နေ့က နေအိမ် ၃၀ ခန့် ပြိုကျပျက်စီးခဲ့ပြီး လူဦးရေ ၁၂၀ ခန့် အရေးပေါ် အကူအညီလိုအပ်နေကြသည်။ 

Showing 1,341-1,360 of 8,284 items.