ဖျာပုံတွင် တရားမဝင် ကျားဖောင်လုပ်ငန်းများ ပြန်လည်ဦးမော့လာနေကြောင်း ဒေသခံများပြော

Admin 29 Aug 2023

ဖျာပုံမြို့နယ်ရှိ ဒေါ်ညိမ်း၊ နောက်မီးနှင့် ခါးပြတ် စသည့်ကျေးရွာများတွင် လိုင်စင်မဲ့ ကျားဖောင်လုပ်ငန်း (၁၀၀)ကျော်အထိရှိလာကြောင်း ဖျာပုံမြို့နယ်၊ ကျားပိုက်လုပ်ငန်းရှင် အသင်းဝင်တစ်ဦးက ပြောသည်။

အမ်း-ကျောက်ဖြူ တကြောတွင် ဟွန်ဒါစက် ခိုးယူခံရမှုများ ခပ်စိပ်စိပ်ဖြစ်လာ

Admin 29 Aug 2023

ဟွန်ဒါစက်များကို လှေနှင့်အတူ ဆိပ်ကမ်းတွင်ရပ်နားထားစဉ်၊ ဒီရေတောထဲတွင် ယာယီရပ်နားထားစဉ် ပုံစံအမျိုးမျိုးနှင့် ခိုးယူခံနေရခြင်းဖြစ်ကြောင်း ကာယကံရှင်များက ပြောသည်။

မိုခါအလွန် ၃ လကြာသည့်တိုင် ယိုးချောင်းဒေသက ကျေးရွာများ နာလန်မထူနိုင်သေး

Admin 29 Aug 2023

မုန်တိုင်းတိုက်ခတ်ပြီးနောက် ယိုးချောင်းဒေသရှိ တောင်ယာစိုက်ခြံများမှာ ပျက်စီးသွားသည့်အတွက် ဒေသတွင်း စီးပွားရေးမှာ ကျပ်တည်မှုရှိနေကြပြီး စာဝတ်နေရေး ခက်ခဲမှုနှင့် ကြုံတွေ့နေကြသည်။

အမျိုးသမီးအရေး လှုပ်ရှားသူ ဒေါ်ညိုအေးကို ပထမအကြိမ် ရုံးထုတ်

Admin 29 Aug 2023

ယနေ့ရုံးထုတ်တွင် ဒေါ်ညိုအေးကို ချုပ်ရမန်ကြီး နှစ်ပတ်ထပ်ယူလိုက်ပြီး လာမည့် စက်တင်ဘာ ၁၂ ရက်နေ့တွင် ထပ်မံရုံးချိန်းလိုက်ကြောင်း မိသားစုဝင်ထံမှ သိရသည်။

ရခိုင်က စီးပွားရေးသမားများ အိမ်ခြံမြေလုပ်ငန်းတွင် ပိုမိုရင်းနှီးမြှုပ်နှံလာကြ

Admin 28 Aug 2023

ကျပ်ငွေတန်ဖိုး ကျဆင်းလာမှုနှင့်အတူ စီးပွားရေးလုပ်ကိုင်ရာတွင် အကျပ်ရိုက်စေသည့်အတွက် အိမ်ခြံမြေကိုသာ ရင်းနှီးမြုပ်နှံသူများ အာရုံစိုက်လာကြသည်ဟု ရခိုင်ပြည်နယ် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း လုပ်ကိုင်သူများက ပြောသည်။

ရခိုင်တွင် ရေဘေးကြောင့် ပျက်စီးသွားသော စပါးခင်းများ ပြန်လည်စိုက်ပျိုးနိုင်မှု အခြေအနေ 

Admin 28 Aug 2023

ထွန်ယက်စိုက်ပျိုးပြီး စပါးပင်များမှာ ရွှံ့၊ နွံ ဖုံးလွှမ်းကာ သေကြေပျက်စီးသွားသဖြင့် တောင်သူလယ်သမားများမှာ ပြန်လည်စိုက်ပျိုးရန်အတွက် ငွေကြေး၊ မျိုးစပါးနှင့် ပျိုးပင်အခက်အခဲများ ရှိနေကြသည်။ 

ကန်စောက်တိုက်နယ်ဆေးရုံ ဆောက်လုပ်နေမှု ၆ နှစ် ကြာသည့်တိုင် မပြီးစီးနိုင်သေး

Admin 28 Aug 2023

အဆိုပါဆေးရုံသည် ကန်စောက်နှင့် အနီးအနားကျေးရွာများအပါအဝင် ယိုးချောင်းအထက်ပိုင်းရှိ ကျေးရွာပေါင်း ၄၀ ကျော်က ပြည်သူများ၏ ကျန်းမာရေးကိစ္စအတွက် မှီခိုအားထားရမည့် ဆေးရုံလည်းဖြစ်သည်။ 

ရခိုင်ကို လစဉ် ဆန်အိတ်နှစ်သိန်း သက်သာဈေးနှုန်းဖြင့် ရောင်းချပေးမည်ဟု ဆန်စပါးအသင်းချုပ်ပြော

Admin 28 Aug 2023

ပြည်သူများ စားသုံးနိုင်ရန်အတွက် ဆန်တစ်ပြည်ကို ငွေကျပ် ၂၅၀ ဖြင့် ရောင်းချပေးသွားမည်ဖြစ်ပြီး လက်ရှိတွင် ဆန်အိတ်နှစ်သိန်းကို ပထမဆုံးအနေဖြင့် ရခိုင်သို့ ပို့ဆောင်ထားပြီဖြစ်ကြောင်း ဆန်စပါးအသင်းချုပ် တာဝန်ရှိသူကပြောသည်။

AA ဒု-စစ်ဦးစီးချုပ် ရေးသားသော “သူပုန်ဖြူ” ကဗျာစာအုပ် ထုတ်ဝေမည် 

Admin 26 Aug 2023

ကဗျာပုဒ်ရေ ၃၀ ကျော်ပါဝင်ပြီး မြန်မာ၊ ရခိုင်၊ အင်္ဂလိပ်၊ တရုတ် ဘာသာ (၄)မျိုးဖြင့် ထုတ်ဝေသွားမည်ဟု ဒေါက်တာညိုထွန်းအောင်က ၎င်း၏ Facebook စာမျက်နှာတွင် ရေးသားထားသည်။ 

ကျောက်ဖြူ- မန္တလေး မီးရထားလမ်း ဖောက်လုပ်ရေး စစ်ကောင်စီ ဆောင်ရွက်နေ 

Admin 26 Aug 2023

ဩဂုတ်လ ၂၅ ရက်က ပြုလုပ်ခဲ့သည့် စစ်ကောင်စီ စီးပွားရေးရာကော်မတီ အစည်းအဝေးတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုလိုက်ခြင်းဖြစ်သည်။

ရခိုင်တွင် ကျန်းမာရေးဝန်ထမ်းဖြည့်ဆည်းပေးမည်ဟု စစ်ခေါင်းဆောင်ပြောဆိုမှု အကောင်အထည် မပေါ်သေး

Admin 26 Aug 2023

ကျန်းမာရေးဝန်ထမ်းများကို ဖြည့်ဆည်းပေးသွားမည်ဟု စစ်ကောင်စီ ဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မုန်တိုင်းအလွန်ကာလ ဇူလိုင်လ ၁၁ ရက်နေ့ ရခိုင်ခရီးစဉ်တွင် ပြောဆိုခဲ့သော်လည်း လက်ရှိအချိန်ထိ အကောင်အထည် ပေါ်မလာသေးပေ။ 

လူမျိုးတုံးသတ်ဖြတ်မှုကို အရေးယူပေးရန် မွတ်ဆလင်များ တောင်းဆို 

Admin 25 Aug 2023

ယနေ့ပြုလုပ်သော ‘မွတ်ဆလင်များ လူမျိုးတုံးသတ်ဖြတ်ခံရမှု ၆ နှစ်ပြည့်’ အောက်မေ့ဖွယ်အခမ်းအနား အွန်လိုင်းဆွေးနွေးတွင် တောင်းဆိုလိုက်ခြင်း ဖြစ်သည်။ 

ရေလုပ်ငန်းနှင့် မွေးမြူရေးလုပ်ငန်းအတွက် ချေးငွေထုတ်ပေးမည့်ကိစ္စ စစ်ကောင်စီနှုတ်ဆိတ်နေ 

Admin 25 Aug 2023

မုန်တိုင်းသင့် ရေလုပ်ငန်းနှင့် မွေးမြူရေးလုပ်ငန်းများ ပြန်လည်ဦးမော့လာစေရန် ချေးငွေထုတ်ပေးသွားမည်ဟု စစ်ကောင်စီက ပြောဆိုထားသည်မှာ နှစ်လကျော်ကြာလာသည့်တိုင် တစ်စုံတစ်ရာ ထူးခြားမှုမရှိသေးကြောင်း လုပ်ငန်းရှင်များက ပြောသည်။ 

စစ်ကောင်စီ အကောင်အထည်ဖော်နေသော ဖယ်ဒရယ်ပြည်ထောင်စုကို ထိုင်းထောက်ခံ

Admin 24 Aug 2023

အာဏာသိမ်းပြီးနောက် စစ်ခေါင်းဆောင်အား အာဆီယံအစည်းအဝေးများမှ ဖယ်ထုတ်ထားချိန်တွင် ထိုင်းသည် စစ်ကောင်စီကို အလေးပေး ထိတွေ့ဆက်ဆံလျက်ရှိကြောင်း နိုင်ငံရေးသမားများက ပြောသည်။

IDPs စခန်းက အမျိုးသမီးများတွင် မိန်းမကိုယ်နှင့်ဆိုင်သော ရောဂါဖြစ်ပွားမှုများ ရှိနေ 

Admin 24 Aug 2023

IDPs စခန်းများတွင် နေရာထိုင်ခင်းကြပ်တည်းခြင်း၊ ရေမသန့်ရှင်းခြင်း၊ အဝတ်အထည်များကို ခြောက်သွေ့အောင် နေမလှမ်းနိုင်၍ စိုထိုင်းသောအဝတ်အစားများကို ဝတ်ဆင်ရခြင်း စသည့် အခက်ခဲများကြောင့် နောက်ဆက်တွဲကျန်းမာရေးပြဿနာနှင့် ရင်ဆိုင်နေရခြင်းဖြစ်သည်။   

အာဏာသိမ်းပြီးနောက် မီဒီယာများတွင် အမျိုးသမီးအသံပါဝင်မှု အားနည်းသွား

Admin 24 Aug 2023

စစ်ရေး၊ နိုင်ငံရေးနှင့်ဆက်စပ်၍ အမျိုးသမီးများအား အင်တာဗျူးမေးမြန်းသောအခါ လုံခြုံရေးအခြေအနေကြောင့် အင်တာဗျူးမဖြေဆိုရဲကြ၍ မီဒီယာများတွင် အမျိုးသမီးအသံ ပါဝင်မှုကိုမြှင့်တင်ရန် အခက်အခဲများ ရှိနေကြောင်း သတင်းသမားများက ပြောဆိုကြသည်။ 

ကျောင်းနေအရွယ် မိန်းကလေးများကို သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးထိုးနှံပေးမည်

24 Aug 2023

ထိုးနှံပေးမည့်ကာကွယ်ဆေးမှာ HPV ဗိုင်းရပ်စ်ပိုးအမျိုးအစား ၄ မျိုးကို ကာကွယ်နိုင်ပြီး သားအိမ်ခေါင်းကင်ဆာဖြစ်ပွားမှုကို ၉၅ ရာခိုင်နှုန်းအထိ ကာကွယ်ပေးနိုင်မည်ဟု ကျန်းမာရေးဝန်ကြီးဌနာက ပြောဆိုထားသည်။ 

ယိုးချောင်းအထက်ပိုင်းက တောင်ယာလုပ်ငန်းများ နာလန်ထူရန်ခက်ခဲနေ

Admin 24 Aug 2023

ပျက်စီးသွားသည့် သီးနှံစိုက်ခင်းများကို ပြန်လည်စိုက်ပျိုးရန်အတွက် ပျိုးပင်များနှင့် အတိုးနှုန်းနည်းသော ချေးငွေများကို သက်ဆိုင်ရာအာဏာပိုင်များက ထုတ်ချေးပေးရန် ဒေသခံတောင်သူများက တောင်းဆိုနေကြသည်။

ရခိုင်နှင့် ပလက်ဝတွင် နေရပ်မပြန်နိုင်သေးသည့် စစ်ဘေးရှောင် ၆ သောင်းနီးပါး ရှိနေဆဲ

Admin 24 Aug 2023

“ကျမတို့နေရပ်ပြန်ဖို့ လက်နက်ကိုင်တပ် နှစ်ဖက်လုံးအပေါ်မူတည်တယ်။ တိုက်ပွဲလုံးဝမဖြစ်ဖို့၊ မိုင်းရှင်းပေးဖို့နဲ့ ပျက်စီးသွားတဲ့နေအိမ်တွေကို ပြန်ဆောက်ပေးဖို့ တောင်းဆိုချင်တယ်”

မုန်တိုင်းသင့်ဒေသအတွက် လှူဒါန်းငွေ ကျပ် ၃၃ ဘီလီယံကျော်နှင့် အမေရိကန်ဒေါ်လာ ၇၅၆၀၀၀ ကျော် ရရှိခဲ့ကြောင်း စစ်ကောင်စီပြော

Admin 23 Aug 2023

“မိုခါ” မုန်တိုင်းသင့် ပြည်သူများအတွက် ပြည်တွင်း၊ ပြည်ပ အလှူရှင်များထံမှ လှူဒါန်းငွေ ကျပ် ၃၃ ဘီလီယံကျော်နှင့် အမေရိကန်ဒေါ်လာ ၇၅၆,၇၁၄ ဒသမ ၆၂ သိန်းကျော် ရရှိခဲ့ကြောင်း စစ်ကောင်စီကပြောသည်။

Showing 1,421-1,440 of 8,291 items.