ရခိုင်တွင် လေပြင်းတိုက်ခတ်မှုကြောင့် စစ်ရှောင်စခန်းအချို့မှ နေအိမ် ၇၀ ခန့် အမိုးအကာများ ပျက်စီး

Admin 03 Aug 2023

“မိုခါ”မုန်တိုင်းကြောင့် ပျက်စီးသွားသည့် နေအိမ်များကို တည်ဆောက်နေဆဲအချိန်တွင် ထပ်မံပြီး လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်ရှိ အမိုးအကာများမှာ ပြန်လည်ပျက်စီးသွားသည့်အတွက် ဖြစ်သလို နေထိုင်နေကြရသည်ဟု စစ်ဘေးရှောင်များက ပြောသည်။

ကျပ်နှစ်သောင်းတန် ဂယက်ကြောင့် ကုန်ဈေးနှုန်း မြင့်တက်လာနေ

Admin 03 Aug 2023

စစ်ကောင်စီမှ ကျပ်နှစ်သောင်းတန် ငွေစက္ကူ ထုတ်ပြီးနောက်ပိုင်း ရခိုင်ပြည်တွင် အခြေခံစားသောက်ကုန် အပါအဝင် ကုန်ဈေးနှုန်းများမှာ အဆမတန် မြင့်တက်လာနေကြောင်း စားသုံးသူများနှင့် လုပ်ငန်းရှင်များထံမှ သိရသည်။

ရေချိုငါးဝယ်ယူမှု ကန့်သတ်ချက်ကြောင့် လေးလအတွင်း မြန်မာ-ဘင်္ဂလားဒေ့ရှ် ကုန်သွယ်မှု ၆၀ ရာခိုင်နှုန်းခန့် ကျဆင်း

Admin 03 Aug 2023

“၂၀၂၃ ဧပြီလကစပြီး တစ်ဖက်နိုင်ငံက ရေချိုငါးဝယ်လိုအား ကျဆင်းသွားတာကြောင့် ပို့ကုန်တန်ဖိုး လျှော့နည်းသွားခဲ့ရပြီး ဂျင်းအစို ဝယ်လိုအား မြင့်တက်လာနေကြောင်း မြေပြင်သတင်းတွေအရ တင်ပြအပ်ပါတယ်” ဟု RSCCI မှ ထုတ်ပြန်ထားသည်။

ရခိုင်က MSME လုပ်ငန်းများ လစ်လျူရှုခံထားရဟု လုပ်ငန်းရှင်များပြော

Admin 03 Aug 2023

MSME စီးပွားရေးလုပ်ငန်းများ အထောက်အကူပြုရန်အတွက် ငွေကျပ်ဆယ်ဘီလီယံ ထုတ်ချေးပေးမည်ဟု ပြည်နယ်စစ်ကောင်စီက ပြောဆိုထားသည်မှာ တစ်နှစ်ခန့်ကြာသည့်တိုင် ထူးခြားမလာသည့်အပေါ် လုပ်ငန်းရှင်များက စိတ်ပျက်နေကြသည်။

စိုက်ဘဏ်ချေးငွေဆပ်ကြရန် ရခိုင်ကလယ်သမားများအား အကြောင်းကြားနေ

Admin 29 Jul 2023

ရခိုင်တွင် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်က စိုက်ပျိုးရေးစရိတ် ချေးငွေယူထားသည့် လယ်သမားများထဲမှ ၅၀ ရာခိုင်နှုန်းခန့်သာ ချေးငွေပြန်ဆပ်နိုင်သေးကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ သိသည်။ 

ရခိုင်တွင် မုန်တိုင်းကြောင့်ပျက်စီးသွားသည့် စာသင်ကျောင်းများထဲမှ ကျောင်းပေါင်း ၂၀၀ ကျော်မှာ ပြုပြင်နေရဆဲ

Admin 29 Jul 2023

ရခိုင်ပြည်တွင် မုန်တိုင်းကြောင့်ပျက်စီးသွားသည့် အခြေခံပညာစာသင်ကျောင်းများထဲမှ စာသင်ကျောင်းဆောင် ၂၇၀ ကို ပြုပြင်နေဆဲဖြစ်ကြောင်း ပြည်နယ်ပညာရေးမှူးက ပြောသည်။ 

ရခိုင်တွင် မိုးရွာသွန်းမှုနည်းနေသဖြင့် လယ်ယာစိုက်ပျိုးရေးအပေါ် သက်ရောက်မှုရှိလာ

Admin 29 Jul 2023

ပုံမှန်အားဖြင့် ဇွန်လနှင့် ဇူလိုင်လများသည် မြစ်ဝကျွန်းပေါ်နှင့် ရခိုင်ကမ်းမြောင်ဒေသတို့တွင် မိုးများသည့်ကာလဖြစ်ပြီး လက်ရှိတွင် မိုးရွာသွန်းမှုနည်းပါးကာ မိုးရေချိန်လက်မ နည်းနေခြင်းဖြစ်သည်။

အာဏာသိမ်းပဋိပက္ခအတွင်း အမျိုးသမီး ၁၀၀ ကျော် လိင်အကြမ်းဖက်ခံရကြောင်း မြန်မာအမျိုးသမီးအဖွဲ့ချုပ် ပြော

Admin 29 Jul 2023

 ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှ ၂၀၂၃ ခုနှစ် ဇူလိုင်လထိ စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ကရင်ပြည်နယ်က မြို့နယ်များတွင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှု အများဆုံးဖြစ်ကြောင်း သိရသည်။

ရခိုင်ကအမျိုးသမီးများ ပြည်ပထွက်ခွာမှု လျော့ကျစေရန် သက်မွေးပညာများ သင်ကြားပေးလျက်ရှိ

Admin 28 Jul 2023

ရခိုင်ပြည်အတွင်း ဆင်းရဲမွဲတေမှုနှင့် အလုပ်အကိုင်ရှားပါးမှုတို့ကြောင့် ပြည်မထွက်ခွာမှု မြင့်တက်လာနေပြီး ထိုအထဲတွင် အမျိုးသားများသာမက အမျိုးသမီးများလည်း ပါဝင်သည်။

မောင်တောနယ်စပ်က ပရဟိတကျောင်းများ အကူအညီလိုအပ်နေ 

Admin 28 Jul 2023

ဆင်းရဲနွမ်းပါးကလေးငယ်များ ပညာသင်ယူနေသော ဘင်္ဂလားဒေ့ရှ်နယ်စပ်အနီး တောင်ပြိုလက်ဝဲမြို့ရှိ နံသာတောင်ကျောင်းနှင့် မောင်တော (၃) မိုင်ကျောင်းတို့တွင် ယခင်နှစ်ထက် ကျောင်းသားဦးရေတိုးလာပြီး လက်ရှိကုန်ဈေးနှုန်းအခြေအနေကြောင့် အကူအညီလိုအပ်နေကြသည်။ 

မင်ပြားတွင် ယခုရက်ပိုင်း လက်နက်ကြီး စမ်းသပ်ပစ်ခတ်မည်ဟု စစ်ကောင်စီ အသိပေး

Admin 28 Jul 2023

မင်းပြားမြို့အခြေစိုက် စစ်ကောင်စီတပ်ရင်းက ယခုရက်ပိုင်းအတွင်း လက်နက်ကြီး စမ်းသပ်ပစ်ခတ်မည်ဟု အနီးအနားကျေးရွာများကို အသိပေးထားသော်လည်း အချိန်နှင့်နေရာကို အတိအကျပြောဆိုခြင်းမရှိ၍ ဒေသခံများမှာ စိုးရိမ်မှုရှိနေကြသည်။

ဒီရေတောများကို အရေးတကြီး ကာကွယ်ထိန်းသိမ်းကြရန် ဒီရေတောဂေဟစနစ် ထိန်းသိမ်းရေးနေ့တွင် တောင်းဆို 

Admin 27 Jul 2023

ဒီရေရောက်သစ်ပင်များမှာ နေ့စဉ်နှင့်အမျှ ခိုးယူခုတ်လှဲခံရခြင်း၊ စီးပွားရေးလုပ်ကွက်ဖော်ဆောင်ရန် ခုတ်ထွင်ရှင်းလင်းခံရခြင်းတို့ကြောင့် တဖြည်းဖြည်းပြုန်းတီးလာနေပြီး မျိုးပွားရှင်သန်ရန်ခက်ခဲလာကြောင်း ပတ်ဝန်းကျင်ထိန်းသိမ်းသူများက ဆိုသည်။ 

နေရပ်ပြန်စစ်ဘေးရှောင်များ ငွေကြေးအခက်အခဲကြောင့် မိုးစပါး မစိုက်ပျိုးနိုင်သေး 

Admin 27 Jul 2023

“အရင်ကဆိုရင် ကိုယ့်လယ်ကိုယ်လုပ်ပြီး စားသောက်လို့ရတယ်။ အခု နွားလည်းမရှိတော့ ဒီအတိုင်းရှာကြံပြီး ဖြစ်သလို စားနေရတယ်” 

ရခိုင်တွင် သွေးအလှူရှင်လျော့နည်းလာ၍ လူနာများအတွက် သွေးရရှိမှုခက်ခဲလာ

Admin 27 Jul 2023

ပုံမှန်သွေးအလှူရှင်များနှင့် အရွယ်ကောင်းလူငယ်များမှာ အလုပ်အကိုင် ရှားပါးခြင်းကြောင့် မုန်တိုင်းလွန်ကာလတွင် ပြည်ပထွက်ခွာမှုများလာသဖြင့် သွေးအလှူရှင် လျော့နည်းသွားခြင်းဟု လူမှုကူညီရေးအဖွဲ့များက ပြောကြသည်။

ရခိုင်တွင် စက်လှေနစ်မြုပ်မှုကြောင့် သေဆုံးမှုဖြစ်စဉ်များ ခပ်စိပ်စိပ်တွေ့လာ

Admin 26 Jul 2023

မိုးတွင်းရာသီ မုတ်သုံလေအားကောင်းနေချိန်ဖြစ်၍ ရေကြောင်းခရီးသွားလာသူများနေဖြင့် ရာသီဥတုအခြေအနေ သတင်းအချက်အလက်များကို စုံစမ်းပြီးမှ သွားလာသင့်ကြောင်း မိုးဇလက အသိပေးထားသည်။ 

ရခိုင်တွင် ခြင်နှိမ်နှင်းရေးလုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ဖို့ လိုအပ်လာ 

Admin 26 Jul 2023

ပြည်သူများအနေဖြင့်လည်း ကိုယ့်အိမ်ပတ်ဝန်းကျင်သန့်ရှင်းရေး အခြေခံအချက်များကို လိုက်နာဆောင်ရွက်ရန်လိုကြောင်း ကျန်းမာရေးဌာနက တိုက်တွန်းထားသည်။ 

ဘင်္ဂလား‌ဒေ့ရှ်က မွတ်ဆလင်ဒုက္ခသည်များ မြန်မာသင်ရိုးဖြင့် ပညာသင်ကြားခွင့်ရ 

Admin 26 Jul 2023

ဘင်္ဂလား‌ဒေ့ရှ်က မွတ်ဆလင်ဒုက္ခသည် ကလေးငယ်များကို မြန်မာသင်ရိုးညွှန်တမ်းဖြင့် Grade -10 အထိ ပထမဆုံးအကြိမ် ပညာသင်နှစ်အဖြစ် သင်ကြားပေးသွားမည်ဟု UNICEF က ထုတ်ပြန်ထားသည်။ 

ငွေစက္ကူသစ်ကြောင့် ငွေကြေးဖောင်းပွမှု မဖြစ်နိုင်ဟု စစ်ကောင်စီပြော

Admin 26 Jul 2023

ငွေစက္ကူသစ်ကို ငွေစက္ကူအဟောင်းနှင့် အပ်နှံလဲလှယ်သူများကို တန်ဖိုးတူအနေဖြင့် လူတစ်ဦးလျှင် သုံးရွက်သာ လဲလှယ်ခွင့်ရှိကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

တားမြစ်ဆေးဝါးနှင့် အလှကုန် ရောင်းချနေမှုကို မြောက်ဦးတွင် စစ်ဆေးတွေ့ရှိ

Admin 26 Jul 2023

FDA ဦးဆောင်၍ ဌာနဆိုင်ရာများနှင့် ပူးပေါင်းကာ မြောက်ဦးဈေးကြီးအတွင်း ဇူလိုင် ၂၄ နှင့် ၂၅ ရက်က စစ်ဆေးရာ၌ တားမြစ်ကုန်ပစ္စည်းရောင်းချနေသည့် ဆေးဆိုင် (၅) ဆိုင်နှင့် အလှကုန်ဆိုင် (၂) ဆိုင်ကို တွေ့ရှိခဲ့သည်။

Showing 1,501-1,520 of 8,295 items.