- ရေဂင်လေဆိပ်အနီး လေယာဉ်ပျက်ကျမှုတွင် သေဆုံးသွားသူ ၆၇ ဦးလုံး၏ ရုပ်အလောင်းများ ဆယ်ယူရရှိ
- ရခိုင်တွင် စစ်ဘေးရှောင်များ အရေပြားရောဂါဖြစ်ပွားမှုနှုန်း မြင့်တက်
- ရခိုင်တွင် ဇန်နဝါရီလအတွင်း အရပ်သားထိခိုက်သေဆုံးမှု ၃ ဆခန့် မြင့်တက်
- ထောင်တွင်းက နိုင်/ကျဉ်းများ ကျန်းမာရေးစောင့်ရှောက်ခွင့် ချိုးဖောက်ခံနေရ
- အေအေထိန်းသိမ်းထားသည့် တတိယမြောက် ကုန်သင်္ဘော ၁၆ ရက်အကြာ ပြန်လွတ်လာ
Wave money ထုတ်ယူရန် ငွေပြတ်လပ်မှုများရှိနေ၊ နယ်မှဒေသခံများအခက်အခဲပိုဖြစ်
ရခိုင်ပြည်နယ်တွင် Wave money ငွေထုတ်ရာမှာ ငွေပြတ်လတ်မူများရှိနေသည့်အပြင် နယ်မှတစ်ဆင့်ငွေ ထုတ်လာသူများမှာ သွားလာရေးစရိတ်များနှင့် ညအိပ်ရန်အဆင်မပြေသည့် အခက်အခဲများ ကြုံတွေ့နေရသည်။
06 Apr 2021
DMG ၊ ဧပြီ ၆
ရခိုင်ပြည်နယ်တွင် Wave money ငွေထုတ်ရာမှာ ငွေပြတ်လတ်မူများရှိနေသည့်အပြင် နယ်မှတစ်ဆင့်ငွေ ထုတ်လာသူများမှာ သွားလာရေးစရိတ်များနှင့် ညအိပ်ရန်အဆင်မပြေသည့် အခက်အခဲများ ကြုံတွေ့နေရသည်။
Wifi မရသည့် မြို့နယ်တချို့မှ ဒေသခံများမှာ စစ်တွေမြို့သို့ လာရောက်ငွေထုတ်ကြသော်လည်း Wave money ဆိုင်များ၌ ငွေလည်ပတ်မှု နှောင့်နှေးနေသဖြင့် နယ်ဖက်မှခရီးအဆင့်ဆင့်ဖြတ်ပြီး ငွေထုတ်ရန်လာကြသူများမှာ အခက်အခဲဖြစ်ကြောင်း ပေါက်တောမြို့နယ် ဆားပြင်ကျေးရွာမှ မယိုင်နုက ပြောသည်။
“ နယ်မှာလည်း အခုက လိုင်းမရတော့ ထုတ်မရတော့ဘူးလေ။ ဆိုတော့ ကျမယောက်ျားက ငွေလွှဲတာက နိုင်ငံခြားက လွှဲတာဆိုတော့ ဘဏ်တွေက အဆင်မပြေဘူး၊ ပိတ်တယ်ဆိုတော့ ဒီက Wave money က လွှဲခိုင်းတာပါ။ အခုက ငွေမလည်လို့ ဘယ်နေ့ထုတ်ရမလဲမသိတော့ အရမ်းကို အခက်အခဲဖြစ်ပါတယ်”ဟု ဆိုသည်။
Wave money ဆိုင်များမှ ငွေထုတ်ယူသူများပြားနေသော်လည်း Wave money လုပ်ငန်းလုပ်ကိုင်နေသည့် ဗဟိုဆိုင်များမှ ငွေဖြည့်သွင်းခြင်းမရှိသည့်အတွက် ငွေထုတ်ယူ၍မရကြသလို ငွေထုတ်ယူမှုအပိုင်းနှင့် ငွေလွှဲပေးမှုအပိုင်းကို ညှိနေရကြောင်း စစ်တွေမြို့ Wave money ထုတ်ပေးသည့် ဒေါ်သန်းသန်းစံက ပြောသည်။
အလားတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ မိုပိုင်းအင်တာနက်နှင့် Wifi အင်တာနက်တို့ကို ပိတ်သိမ်းလိုက်ခြင်းကြောင့် မာန်အောင်မြို့နယ် ဒေသခံအများမှာ ငွေလွှဲငွေထုတ် အခက်အခဲ ဖြစ်နေကြသည်။
မာန်အောင်ဒေသခံ ကိုအောင်မျိုးသန့်က " မာန်အောင်မှာ ကုန်စည်မှာယူရေးအပိုင်းမှာရော အခက်အခဲ ရှိလာနေတယ်။ ငွေဆိုရင်လဲ ဖုန်းထဲမှာဘဲ ရှိနေကြတယ်။ မာန်အောင်မှာက အစိုးရဘဏ်နှင့် အလုပ်လုပ်တာထက် wave money KBZ Bank တို့ နဲ့ အလုပ်လုပ်တာများတယ်။ အခု စီးပွားရေးတချို့ လုံးဝရပ်နေတယ်။ ကုန်တွေ မှာမရတော့ဘူး ” ဟု ပြောသည်။
မာန်အောင်မြို့နယ်တွင် တစ်လကို လွှဲငွေ သိန်းပေါင်း တစ်သောင်းကျော်အထိရှိပြီး ယခုအခါ ငွေလွှဲငွေထုတ် လုပ်ဆောင်ခြင်းများ မရသည့်အတွက် အခြေခံလူတန်းစားများ အခက်အခဲဖြစ်နေသည်ဟု ငွေလွှဲငွေထုတ်လုပ်ဆောင်သူ ကိုစည်သူက ပြောသည်။
ရခိုင်ပြည်နယ်ရှိ မြို့နယ်တချို့တွင် အင်တာနက်လိုင်းများမရသဖြင့် wave money အပါဝင် တခြားသော ငွေလွှဲ၊ ငွေထုတ်ဝန်ဆောင်မှုလုပ်ငန်းများခက်ခဲနေပြီး တချို့မြို့နယ်များ၌ အချိန်အပိုင်းအခြားဖြင့်သာ ငွေလွှဲ၊ ငွေထုတ်ခြင်းများ ဆောင်ရွက်နေရသည်။
လက်ရှိ ရခိုင်တွင် အင်တာနက်သုံးရန် Fiber Internet လိုင်းများဖြင့်သာ အသုံးပြုခွင့်ရရှိပြီး မာန်အောင်မြို့နယ်အတွင်း Fiber Internet လိုင်းများ မရှိသည့်အတွက် တောင်ကုတ်နှင့် သံတွဲမြို့နယ်များသို့ သွားရောက်ကာ ငွေလွှဲငွေထုတ် ဝန်ဆောင်မှုလုပ်နေကြရသည်။