- ပုဏ္ဏားကျွန်းတွင် မြန်မာစစ်တပ်နှင့် AA တို့ စစ်သုံ့ပန်းများ ထပ်မံလှဲလှယ်
- အခြေခံကျောင်းသားများသမဂ္ဂ(စစ်တွေမြို့နယ်) ဖွဲ့စည်းထားမှုကို အသိအမှတ်ပြုပေးရန် တောင်းဆို
- ရခိုင်နှင့် ပလက်ဝတွင် မြေမြုပ်မိုင်းနှင့် စစ်လက်နက်ပစ္စည်းများကြောင့် တစ်နှစ်အတွင်း သေဆုံး၊ ဒဏ်ရာရသူ ၂၂၀ ကျော်ရှိခဲ့
- မြောက်ဦးက စစ်ဘေးရှောင်များအတွက် ရိက္ခာထောက်ပံ့သည့် အစီအစဉ်ကို ICRC မှ WFP သို့ လွှဲပြောင်း
- စစ်ကောင်စီအစီအစဉ်ဖြင့် နေရပ်ပြန်သွားကြသော စစ်ဘေးရှောင်များ ဘ၀ရပ်တည်ရေး ခက်ခဲနေ
- ဘူးသီးတောင်တွင် မြေမြှုပ်မိုင်းပေါက်ကွဲပြီး ၁ ဦးသေ၊ ၃ ဦးဒဏ်ရာရ
- ၂၀၂၂ တွင် မြန်မာနိုင်ငံ၌ ဘိန်းစိုက်ဧက တစ်သိန်းနီးပါးအထိ မြင့်တက်ခဲ့ကြောင်း ကုလထုတ်ပြန်
- မင်းပြားတွင် မိုင်းနင်းမိ၍ အမျိုးသားတစ်ဦး သေဆုံး
ရခိုင်တွင် ယခုနှစ် ပထမခြောက်လအတွင်း ယာဉ်မတော်တဆမှုပေါင်း ၁၀၆ မှုဖြစ်ပွားခဲ့ကာ သေဆုံးသူ ၇၅ ဦးအထိရှိခဲ့
ရခိုင်ပြည်နယ်တွင် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလမှ ဇွန်လအထိ ခြောက်လအတွင်း ယာဉ်မတော်တဆမှုပေါင်း ၁၀၆ မှု ဖြစ်ပွားခဲ့ပြီး သေဆုံးသူဦးရေ ၇၅ ဦးနှင့် ထိခိုက်ဒဏ်ရာရရှိသူပေါင်း ၁၃၆ ဦးရှိခဲ့ကြောင်း ပြည်နယ်ယာဉ်ထိန်းရဲရုံးမှ သိရသည်။
10 Jul 2021

DMG ၊ ဇူလိုင် ၁၀
ရခိုင်ပြည်နယ်တွင် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလမှ ဇွန်လအထိ ခြောက်လအတွင်း ယာဉ်မတော်တဆမှုပေါင်း ၁၀၆ မှု ဖြစ်ပွားခဲ့ပြီး သေဆုံးသူဦးရေ ၇၅ ဦးနှင့် ထိခိုက်ဒဏ်ရာရရှိသူပေါင်း ၁၃၆ ဦးရှိခဲ့ကြောင်း ပြည်နယ်ယာဉ်ထိန်းရဲရုံးမှ သိရသည်။
ယာဉ်မတော်တဆ အများဆုံးဖြစ်ပွားခဲ့သော မြို့နယ်များမှာ သံတွဲ၊ တောင်ကုတ်၊ မြောက်ဦး၊ မင်းပြား၊ စစ်တွေမြို့နယ်နှင့် အမ်းမြို့နယ်တို့ဖြစ်ကြောင်း အမှတ်(၅)ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲ(ရခိုင်)မှ ဒုတပ်ခွဲမှူး မြတ်မိုးကျော်သူက DMG သို့ ပြောသည်။
“ခရိုင်တွေနဲ့ကြည့်ရင်တော့ သံတွဲခရိုင်ကယာဉ်တိုက်မှု အများဆုံးဖြစ်တယ်။ မြို့နယ်တွေနဲ့ကြည့်လိုက်လို့ရှိရင် သံတွဲ၊ တောင်ကုတ်၊ စစ်တွေအစရှိသည့်ပေါ့။ အဓိကဖြစ်ပွားမှုများတာက အရက်သေစာသောက်စားပြီးတော့မှ ဆိုင်ကယ်တွေမောင်းတဲ့အခါ လမ်းဘေးမှာရှိတဲ့အရာဝတ္ထုတွေနဲ့တိုက်တယ်။ မြောင်းထဲကိုပြုတ်ကျတာတွေ ရှိတယ်။ အဲဒါ့ကြောင့်သေဆုံးသွားတာတွေများနေတာ” ဟု ပြောသည်။
ယခုနှစ် ဖေဖော်ဝါရီလတွင် ယာဉ်မတော်တဆမှု ၁၉ မှုဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၁၂ ဦးရှိခဲ့ကာ ဧပြီလတွင် ယာဉ်မတော်တဆမှု ၂၂ မှုဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၂၂ ဦးတို့ရှိခဲ့ကာ ယခုနှစ်ပထမခြောက်လအတွင်း ယာဉ်မတော်တဆဖြစ်ပွားမှု အများဆုံးလများဖြစ်ကြောင်းလည်း ပြောသည်။
“ဒီနှစ်က သင်္ကြန်ကျင်းပလိုက်တဲ့အတွက် ယာဉ်တိုက်မှုတွေများသွားတာ။ ဒါကြောင့်ဧပြီလမှာတော့ အမှုတွေ လည်း ပိုဖြစ်ပွားခဲ့တယ်။ ဒဏ်ရာရသူတွေလည်း ပိုများခဲ့တယ်။ သေဆုံးသူတွေကလည်း ပိုများခဲ့တာပေါ့” ဟု ဒုတပ်ခွဲမှူး မြတ်မိုးကျော်သူက ပြောသည်။
ထို့အတူ ဇန်နဝါရီလတွင်လည်း ယာဉ်မတော်တဆဖြစ်ပွားမှု ၁၆ မှုနဲ့ သေဆုံးသူဦးရေ ၁၀ ဦး၊ မတ်လတွင် ၁၅ မှု သေဆုံးသူဦးရေ ၆ ဦး၊ မေလတွင် ၁၈ မှု သေဆုံးသူဦးရေ ၁၃ ဦး၊ ဇွန်လတွင် ၁၆ မှု သေဆုံးသူဦးရေ ၁၂ ဦးတို့ ရှိခဲ့သည်ဟုလည်း ပြည်နယ်ယာဉ်ထိန်းရုံး၏ စာရင်းဇယားများအရသိရသည်။
ယာဉ်မတော်တဆမှု လျှော့ကျသွားရန်နိုင်အတွက် ယာဉ်ထိန်းရဲများက အပတ်စဉ် ပညာပေးခြင်းများ လုပ်ဆောင်နေကြောင်းလည်း သိရသည်။
ရခိုင်ပြည်နယ်တွင် ၂၀၁၉ ခုနှစ်က ယာဉ်မတော်တဆဖြစ်ပွားခဲ့သည့် အမှုပေါင်း ၃၃၇ မှုရှိခဲ့ပြီး သေဆုံးသူဦးရေ ၁၄၄ ဦးနှင့် ၂၀၂၀ ခုနှစ်တွင် ယာဉ်မတော်တဆဖြစ်ပွားမှု အမှုပေါင်း ၂၁၉ မှုရှိခဲ့ကာ သေဆုံးသူဦးရေ ၁၂၁ ဦး ရှိခဲ့ကြောင်း သိရသည်။