- ဧရာဝတီရောက် နှစ်ထပ်ကွင်းစစ်ရှောင်များ စားဝတ်နေရေးအခက်ကြုံနေ
- မိုင်းနှင့် စစ်ကျန်လက်နက်ကြောင့် ရခိုင်တွင် ကလေးသူငယ်များ ထိခိုက်သေဆုံးမှု မြင့်တက်နေဆဲ
- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
မြန်မာနယ်စပ်ဧရိယာများတွင် ကျည်အစစ်ဖြင့် တရုတ်စစ်ရေးလေ့ကျင့်မည်
နယ်မြေလုံခြုံရေးနှင့် တည်ငြိမ်ရေးအတွက် မြန်မာနယ်စပ်ဧရိယာများတွင် စစ်ရေးလေ့ကျင့်ရန် စီစဉ်ထားသည်ဟု တရုတ်စစ်ဘက်က ယနေ့ (သြဂုတ် ၂၆) ထုတ်ပြန်လိုက်သည်။
By Admin 26 Aug 2024
နယ်မြေလုံခြုံရေးနှင့် တည်ငြိမ်ရေးအတွက် မြန်မာနယ်စပ်ဧရိယာများတွင် စစ်ရေးလေ့ကျင့်ရန် စီစဉ်ထားသည်ဟု တရုတ်စစ်ဘက်က ယနေ့ (သြဂုတ် ၂၆) ထုတ်ပြန်လိုက်သည်။
ယခုလေ့ကျင့်မှု၌ တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော် PLA နှင့်အတူ ဝေဟင်-မြေပြင် ရဲတပ်ဖွဲ့ပါ ပူးပေါင်းပါဝင်မည် ဖြစ်ပြီး မြန်မာနှင့် ထိစပ်နေသည့် ရွှေလီမြို့နှင့် ကျန်းကန်ခရိုင်တို့အပါအဝင် ယူနန်ပြည်နယ် အနောက်ပိုင်းရှိ တိုင် (Gengma Dai) နှင့် ဝ (Va) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတို့၌ လေ့ကျင့်မည်ဖြစ်ကြောင်း စစ်တပ် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မြန်မာပြည်မြောက်ပိုင်း ကချင်နှင့် ရှမ်းပြည်နယ်တို့တွင် တိုက်ပွဲကြီးများ ဖြစ်ပွားလျက်ရှိပြီး လက်နက်ကြီးကျည် ဒဏ်ကြောင့် တရုတ်ဘက်တွင်လည်း ပြည်သူများ ဒဏ်ရာရခြင်း၊ အဆောက်အအုံများ ထိခိုက်ခြင်းများ ရှိခဲ့သည်။
တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော် PLA ၏ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်အနေဖြင့် မိမိတို့၏ တပ်ဖွဲ့များ မြန်မြန်ဆန်ဆန် လှုပ်ရှားသွားလာခြင်း၊ ပိတ်ဆို့ထိန်းချုပ်ခြင်း၊ ပူးပေါင်းတိုက်စစ်ဆင်ခြင်း၊ နယ်စပ်ဒေသများတွင် လုံခြုံရေးနှင့် တည်ငြိမ်ရေးတို့ ဆောင်ရွက်ခြင်းတို့ လေ့ကျင့်မည်ဟု ထုတ်ပြန်ချက်အရ သိရသည်။
ထို့အပြင် PLA တပ်ခွဲတစ်ခုသည်လည်း မြန်မာနယ်စပ် တရုတ်ဘက်ခြမ်း၌ ကျည်အစစ်ဖြင့် လေ့ကျင့်မှုများကို သြဂုတ်လ ၂၇ ရက်နေ့မှ ၂၉ ရက်နေ့အထိ ပြုလုပ်သွားမည်ဟု တရုတ်စစ်တပ်၏ သီးခြားထုတ်ပြန်ချက် တစ်ရပ်တွင် ဖော်ပြထားသည်။
ဆက်စပ်ဖတ်ရှုရန်
- ငါးနှစ်နီးပါး ရပ်ဆိုင်းခဲ့သည့် တရုတ် - အိန္ဒိယ လေကြောင်းခရီးစဉ်များ ပြန်ပြေးဆွဲမည်
- ပြန်ပေးသတင်းကြောင့် စိုးရိမ်မှုများ မြင့်တက်ပြီး တရုတ်ခရီးသွားများ ထိုင်းခရီးစဉ် ဖျက်သိမ်းမှုရှိလာ
- တရုတ်သမ္မတ ရှီကျင့်ဖျင် ၂၀၂၅ တွင် ရုရှားသို့ အလည်အပတ် ရောက်မည်ဟု ရုရှားသံအမတ်ပြော
- တရုတ်ကုမ္ပဏီ AVIC ထံမှ စစ်ကောင်စီ လေယာဉ်အသစ် ၈ စင်း ဝယ်ယူရရှိထား
နိုင်ငံတကာ
ငါးနှစ်နီးပါး ရပ်ဆိုင်းခဲ့သည့် တရုတ် - အိန္ဒိယ လေကြောင်းခရီးစဉ်များ ပြန်ပြေးဆွဲမည်
By Admin 28 Jan 2025
မိန်းကလေးသုံးဦးကို သတ်ဖြတ်ခဲ့သည့် ဆယ်ကျော်သက်ကို စီရင်ချက်ချတော့မည်
By Admin 24 Jan 2025
အမေရိကန်ဒီမိုကရေစီကို မဟာဘောဂသူဌေးတွေ အပိုင်ဝယ်ကြတော့မှာလား
By Admin 20 Jan 2025
သတင်း
-
မိုင်းနှင့် စစ်ကျန်လက်နက်ကြောင့် ရခိုင်တွင် ကလေးသူငယ်များ ထိခိုက်သေဆုံးမှု မြင့်တက်နေဆဲ
-
ဧရာဝတီရောက် နှစ်ထပ်ကွင်းစစ်ရှောင်များ စားဝတ်နေရေးအခက်ကြုံနေ
-
AA ထိုးစစ် ဘယ်ထိ ရောက်မည်နည်း
-
၂၀၂၄ ခုနှစ်အတွင်း စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှု ဖြစ်စဉ်ပေါင်း ၁,၀၅၀ ကျော်ထိ ပြုလုပ်
-
စစ်ကောင်စီကို စင်ကာပူ ကုမ္ပဏီတစ်ခုက ရေနံစည်ပေါင်း ၂ သန်းကျော်ထောက်ပံ့ခဲ့
-
ကျောက်ဖြူ အကျဉ်းသားများထံမှ ထောင်အာဏာပိုင်များ လစဉ်ကြေးသဘောမျိုး ငွေတောင်းနေ
ဆောင်းပါး
အင်တာဗျူး
“သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကို အဓိက အရေးကြီးတဲ့အစိတ်အပိုင်းတစ်ခုအနေနဲ့ ထိထိရောက်ရောက် ဥပဒေ၊ မူဝါဒတွေ ဆွဲပြီးတော့ လုပ်စေချင်တယ်”
By Admin 07 Jan 2025
“စစ်ကောင်စီက ကျေးရွာတွေကို စစ်ကြောင်းထိုးတာ၊ လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်တာ၊ ဒရုန်းနဲ့ ဗုံးကြဲ တာကြောင့် စစ်ဘေးရှောင်တွေများလာတာ”
By Admin 01 Jan 2025