အာရက္ခတို့ ဖိုးဖီးမြေကို အတူတူကာကွယ်မယ် . . .
10 Oct 2024
“ဒီဆောင်းပါးကို အာရက္ခနိုင်ငံတော်သီချင်းနဲ့ ဖွင့်လှစ်ပါတယ်”
ဒီနှစ်ဆန်းပိုင်းကစပြီး ရက္ခိုင်ပြည်ဟာ အိပ်မက်လား၊ တကယ်လား ကြီးကြီးမားမား ပြောင်းလဲသွားခဲ့ချေပြီ။ နှစ်ပေါင်း ၂၄၀ ကျော် မက်လာခဲ့ကြတဲ့ ရက္ခိုင်တို့ရဲ့ အချုပ်အခြာအိပ်မက်ဟာ ပစ္စက္ခမှာတော့ ရုပ်လုံးရုပ်ကြွစုံတဲ့ အကြမ်းထည်နဲ့ပေါ့လေ။
စစ်တွေ၊ အမ်း၊ ကျောက်ဖြူ၊ မာန်အောင်၊ တောင်ကုတ်၊ ဂွမြို့ပေါ် ခြေမတစ်ကုတ်စာကလွဲရင် ကျန်ဒေသတွေမှာ စစ်ကောင်စီအုပ်ချုပ်ရေး မရှိတော့ပါ။ ဌာနဆိုင်ရာရုံးတွေမှာ နီရဲရဲရောင်ခြည်နဲ့ အာရက္ခနိုင်ငံတော်အောင်လံ၊ တပ်ရင်းဌာနချုပ်တွေမှာ အပြာအနီရောယှက်ထားတဲ့ အာရက္ခတပ်တော် အောင်လံတို့က လေအဝှေ့မှာ ပျော်မွေ့နေပြီ။
AA ဟာ ၂၀၁၈- ၁၉ ကာလကို “မုန်တိုင်းထဲ ဖြတ်သန်းကြ” လို့ ပြည်သူကိုအသိပေးပြီး ၂၀၂၀ မှာ Arakan Dream (ရက္ခိတအိပ်မက်)၊ The Way of Rakhita (ရက္ခိတလမ်းစဉ်)ကို ရွေ့ပြီး အလုပ်နဲ့သက်သေပြတယ်။ AA ဟာ ရက္ခိုင်တပ်မတော်၊ ရက္ခိုင့်တပ်တော် နာမည်ကနေ ဒီနှစ်ဧပြီမှာတော့ ဒေသတစ်ခုလုံး လွမ်းခြုံတဲ့ အာရက္ခတပ်တော်လို့ နာမတံဆိပ် ရိုက်နှိပ်ပါတယ်။
တစ်ဖက်မှာလည်း အာရက္ခပြည်သစ် တည်ဆောက်နေတဲ့ AA ဟာ လာမယ့်ကာလမှာ စီးပွားရေး၊ လူမှုရေး၊ စစ်ရေး စတဲ့ ကြမ်းတမ်းလှတဲ့...