ကျောက်တော်တွင် ကိုဗစ်ကူးစက်ရောဂါကြောင့် အရပ်သားတစ်ဦးသေဆုံး

ကျောက်တော်မြို့တွင် ယနေ့ ဇူလိုင်လ ၁၇ ရက်နေ့ ညနေ ၁၀ နာရီက အရပ်သား အသက် ၇၈ နှစ်အရွယ်ရှိ အမျိုးသားတစ်ဦး ကိုဗစ်ကူးစက်ရောဂါကြောင့် သေဆုံးသွားကြောင်း တာဝန်ကျ ဒေါက်တာ ကောင်းမြတ်သူက ပြောသည်။

17 Jul 2021

DMG ၊ ဇူလိုင် ၁၇

ကျောက်တော်မြို့တွင် ယနေ့ ဇူလိုင်လ ၁၇ ရက်နေ့ ညနေ ၁၀ နာရီက အရပ်သား အသက် ၇၈ နှစ်အရွယ်ရှိ အမျိုးသားတစ်ဦး ကိုဗစ်ကူးစက်ရောဂါကြောင့် သေဆုံးသွားကြောင်း တာဝန်ကျ ဒေါက်တာ ကောင်းမြတ်သူက ပြောသည်။

သေဆုံးသူအမျိုးသားမှာ နှလုံးနှင့် အဆုပ်မကောင်းသည့် ရောဂါအခံရှိကြောင်းလည်း ဒေါက်တာက ပြောသည်။

ကျောက်တော်မြို့နယ်တွင် ပိုးတွေ့လူနာ ယနေ့ ၅ ဦး ထပ်တွေ့၍ စုစုပေါင်း ၂၃ ဦးရှိကြောင်း၊ ယင်းအထဲမှ အချို့မှာ ကျန်းမာရေး ကောင်းမွန်၍ ဆေးရုံးက ပြန်ဆင်းသွားသူများရှိကြောင်း၊ ကိုဗစ်ပိုးမစစ်ဆေးရသည့် သံသယလူနာများလည်းရှိနေသေးကြောင်း ကျောက်တော်မြို့နယ် ကျန်းမာရေးဌာနက သိရသည်။

ကျောက်တော်မြို့တွင် ကိုဗစ်ရောဂါထိန်းချုပ်ရေးအတွက် အတတ်နိုင်ဆုံးစီမံဆောင်ရွက်နေကြောင်း ဒေါက်တာ ကောင်းမြတ်သူက ပြောသည်။