- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
ကျောက်ဖြူခရိုင် လမ်းဦးစီးဌာနမှ ဝန်ထမ်းတစ်ဦး ကိုဗစ်ပိုးတွေ့ပြီးနောက် သေဆုံး
ကျောက်ဖြူခရိုင်လမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးအဆင့်ရှိ ဝန်ထမ်းတစ်ဦး ဇူလိုင်လ ၇ ရက်နေ့က ကိုဗစ်ရောဂါပိုးတွေ့ရှိ၍ ပြည်သူ့ဆေးရုံ၌ ဆေးကုသမှုခံယူနေစဉ် ယနေ့ ဇူလိုင်လ ၁၂ ရက် နေ့လယ်က သေဆုံးသွားကြောင်း ကျောက်ဖြူခရိုင်စစ်ကောင်စီက သိရသည်။
12 Jul 2021
DMG ၊ ဇူလိုင် ၁၂
ကျောက်ဖြူခရိုင်လမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးအဆင့်ရှိ ဝန်ထမ်းတစ်ဦး ဇူလိုင်လ ၇ ရက်နေ့က ကိုဗစ်ရောဂါပိုးတွေ့ရှိ၍ ပြည်သူ့ဆေးရုံ၌ ဆေးကုသမှုခံယူနေစဉ် ယနေ့ ဇူလိုင်လ ၁၂ ရက် နေ့လယ်က သေဆုံးသွားကြောင်း ကျောက်ဖြူခရိုင်စစ်ကောင်စီက သိရသည်။
ကျောက်ဖြူခရိုင်စစ်ကောင်စီမှ တာဝန်ရှိသူတစ်ဦးက " သေဆုံးသွားသူက ကျောက်ဖြူခရိုင်လမ်းဦးစီးဌာနက ဖြစ်တယ်။ အရင်တွေ့သူတွေနဲ့ ဆက်စပ်လို့ ထပ်စစ်ဆေးရာမှာ ၇ ရက်နေ့က သူ့မှာတွေ့တယ်။ အဲတော့ အထူးသီးသန့်ဆောင်မှာထားတယ်။ သူ့မှာ အသက်ရှုကြပ်တဲ့ ရောဂါအခံရှိတော့ အခုလည်း အသက်ရှုကြပ်လာလို့ သေဆုံးသွားတာ" ဟု ပြောသည်။
ယင်းဝန်ထမ်းမှာ အဝလွန်ရောဂါနှင့် ညအိပ်ရာဝင်လျှင် အသက်ရှုကြပ်သည့်ရောဂါရှိပြီး ကိုဗစ်ပိုးတွေ့ပြီးနောက် သေဆုံးသွားခြင်းဖြစ်ကြောင်း လေးဝတီကုလရက္ခိတအသင်း ဥက္ကဌ ကိုဂျပန်ကြီးကလည်း အတည်ပြုထားသည်။
ကျောက်ဖြူခရိုင်ပြည်သူ့ဆေးရုံကြီးတွင် ကိုဗစ်အတည်ပြုလူနာ ၅၁ ဦးရှိပြီး သေဆုံးသူ ၂ ဦး ထိ ရှိလာပြီဖြစ်သည်။