- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
သံတွဲတွင် အုပ်ချုပ်ရေးမှူးတစ်ဦး အသတ်ခံရပြီး သေဆုံးခဲ့ကြောင်း မိသားစုပြော
ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်မှ ဆင်ခေါင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးအား ဇူလိုင်လ ၂ ရက်နေ့ ည ၁၀ နာရီအချိန်တွင် လူတစုမှသတ်ဖြတ်ခဲ့သဖြင့် သေဆုံးသွားခဲ့ကြောင်း မိသားစုဝင်များမှ ပြောဆိုသည်။
03 Jul 2021
DMG ၊ ဇူလိုင် ၃
ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်မှ ဆင်ခေါင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးအား ဇူလိုင်လ ၂ ရက်နေ့ ည ၁၀ နာရီအချိန်တွင် လူတစုမှသတ်ဖြတ်ခဲ့သဖြင့် သေဆုံးသွားခဲ့ကြောင်း မိသားစုဝင်များမှ ပြောဆိုသည်။
ဆင်ခေါင်းကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးမျိုးဦး ၄၂ နှစ်မှာ နေအိမ်၌အိပ်နေစဉ် လူ ၈ ဦးပါဝင်သည့် လူတစ်စုမှ လာရောက်ကာ ၎င်းတို့နှင့်လိုက်ရန်ခေါ်ဆောင်ရာမှ စကားများကြပြီး အုပ်ချုပ်ရေးမှူးမှာ ဓားဖြင့်အခုတ်ခံခဲ့ရခြင်း ဖြစ်ကြောင်း အမည်မဖော်လိုသည့် မိသားစုဝင်တစ်ဦးက ပြောသည်။
“လူ ၈ ဦးက သူ့ကို(အုပ်ချုပ်ရေးမှူး)ကို သူတို့နဲ့လိုက်ဖို့ပြောတယ်။ အဲဒီမှာ အပြန်အလှန်စကားများပြီး သူတို့မှာ ပါလာတဲ့ဓားနဲ့စပြီးခုတ်ကြတယ်။ အုပ်ချုပ်ရေးမှူးက ဓားဒဏ်ရာ ၈ ချက်ရပြီး သေသွားတယ်” ဟု ၎င်းက ဆိုသည်။
ထိုသို့ သတ်ဖြတ်ခံရမှုနှင့်ပတ်သက်၍ ရွှေလှေရဲစခန်းတွင် လူသတ်မှုနှင့် အမှုဖွင့်လှစ်ထားကြောင်းလည်း မိသားစုဝင်များထံမှ သိရသည်။
လက်ရှိတွင် သေဆုံးသူ၏ရုပ်အလောင်းအား စစ်ဆေးရန် သံတွဲဆေးရုံသို့ပို့ဆောင်ထားပြီး ကျေးရွာအတွင်းတွင် တပ်မတော်သားများမှ လာရောက်စစ်ဆေးမှုများရှိကြောင်း ဆင်ခေါင်းကျေးရွာသားများထံမှ သိရသည်။
ဆင်ခေါင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး သတ်ဖြတ်ခံရမှုနှင့်ပတ်သက်ပြီး သံတွဲမြို့နယ်စစ်ကောင်စီ ဥက္ကဋ္ဌ ဦးမောင်သာစိန်နှင့် ရွှေလှေရဲစခန်းတို့အား ဆက်သွယ်မေးမြန်းရန် အကြိမ်ကြိမ်ကြိုးပမ်းခဲ့သော်လည်း အဆက်အသွယ်မရရှိခဲ့ပေ။