- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
ရခိုင်တွင် ကိုဗစ်ပိုးတွေ့လူနာ ၁၁၄ ဦးရှိ၊ ယင်းအထဲမှ တစ်ဦးသေဆုံး၊ မပေါ့ဆရန် ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှအသိပေး
စစ်တွေ၊ သံတွဲ၊ မောင်တောမြို့နယ်တို့တွင် ကိုဗစ်ပိုးတွေ့ရှိသူ ၁၀၀ ကျော်ရှိပြီး ယင်းအထဲတွင် စစ်တွေမြို့မှ ရောဂါပိုးတွေ့ရှိသူတစ်ဦး ယနေ့ နံနက်ပိုင်းက သေဆုံးသွားကြောင်း ရခိုင်ပြည်နယ်ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။
28 Jun 2021
DMG ၊ ဇွန် ၂၈
စစ်တွေ၊ သံတွဲ၊ မောင်တောမြို့နယ်တို့တွင် ကိုဗစ်ပိုးတွေ့ရှိသူ ၁၀၀ ကျော်ရှိပြီး ယင်းအထဲတွင် စစ်တွေမြို့မှ ရောဂါပိုးတွေ့ရှိသူတစ်ဦး ယနေ့ နံနက်ပိုင်းက သေဆုံးသွားကြောင်း ရခိုင်ပြည်နယ်ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။
သေဆုံးသွားသူမှာ အသက် (၃၅) နှစ်အရွယ် အမျိုးသမီးတစ်ဦးဖြစ်ပြီး ထိုအမျိုးသမီးမှာ ဆီးချိုရောဂါအခံရှိကြောင်း ရခိုင်ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွန်ကြားရေးမှူး ဒေါက်တာစိုးဝင်ပိုင်က DMG သို့ပြောသည်။
“ဟုတ်တယ်၊ ဒီနေ့မနက်က တစ်ယောက်သေတယ်။ အဲဒီအမျိုးသမီးကို မနေ့က ဆေးစစ်တော့ ကိုဗစ်ပိုးတွေ့ တယ်။ သူမှာ ဆီးချိုရောဂါအခံရှိတယ်။ သူနဲ့ထိတွေ့ခဲ့တဲ့သူတွေကိုတော့ ကျနော်တို့ဆေးစစ်မှုတွေလုပ်နေပါတယ်” ဟု ၎င်းကဆိုသည်။
ရခိုင်တွင် ကိုဗစ်ရောဂါသေဆုံးသူရှိလာသည့်အတွက် COVID 19 နှင့် ပတ်သက်ပြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့်အတိုင်း လူငါးဆယ်ဦးထက် ပိုမစုရန်၊ မလိုအပ်ဘဲ အိမ်အပြင်သို့ မထွက်ရန်၊ တစ်ဦးနှင့်တစ်ဦး ခြောက်ပေအကွာနေရန်၊ အပြင်ထွက်တိုင်း Mask တပ်ရန်နှင့် မကြာခဏ လက်ဆေးရန်တို့ကို ပြုလုပ်ရန် လိုအပ်ကြောင်း ဒေါက်တာ စိုးဝင်းပိုင်က ဆက်ပြောသည်။
ရခိုင်ပြည်တွင် ကိုဗစ်ပိုးတွေ့လူနာများ တိုးလာသည့်အတွက် နယ်စပ်ကုန်သွယ်ရေးဂိတ်များကို ပိတ်သိမ်းသင့်ကြောင်း ရခိုင်အရပ်ဖက်အဖွဲ့များက တိုက်တွန်းပြောဆိုကြသည်။
သို့သော် ရခိုင်ပြည်အတွင်း နယ်စပ်ကုန်သွယ်ရေးဂိတ်များဖြစ်သည့် စစ်တွေ ရွှေမင်းဂံနယ်စပ်ကုန်သွယ်ရေးဂိတ်နှင့် မောင်တောနယ်စပ်ကုန်သွယ်ဂိတ်များကို လောလောစဉ်တွင် ပိတ်ရန်အစီစဉ်မရှိသေးကြောင်း ရခိုင်ပြည်နယ်စစ်ကောင်စီ သတင်းပြန်ကြားရေးတာဝန်ခံ ဦးလှသိန်းက DMG သို့ ပြောဆိုထားသည်။
လက်ရှိရခိုင်ပြည်တွင် ကိုဗစ်ပိုးတွေ့ရှိသူ စုစုပေါင်း ၁၁၄ ဦးရှိပြီး ၎င်းတို့မှာ မောင်တောမြို့တွင် ၁၁၊ သံတွဲမြို့ တွင် ၂၃၊ စစ်တွေမြို့တွင် ၈၀ ဦးရှိကြောင်း ရခိုင်ပြည်နယ်ကျန်းမာရေး ဦးစီးဌာနမှသိရသည်။