- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
တောင်ကုတ်မြို့တွင် ကိုဗစ်ပိုးတွေ့လူနာ အမျိုးသမီး ၂ ဦး ထပ်မံသေဆုံး
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်မှ ကိုဗစ်အတည်ပြုလူနာ အမျိုးသမီး ၂ ဦးမှာ ယနေ့နံနက်ပိုင်းက သေဆုံးခဲ့ကြောင်းသိရသည်။
15 Jul 2021
DMG ၊ ဇူလိုင် ၁၅
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်မှ ကိုဗစ်အတည်ပြုလူနာ အမျိုးသမီး ၂ ဦးမှာ ယနေ့နံနက်ပိုင်းက သေဆုံးခဲ့ကြောင်းသိရသည်။
ယင်းသေဆုံးသူအမျိုးသမီး ၂ ဦးမှာ အသက်ကြီးပိုင်းများဖြစ်ကြပြီး ဆီးချို၊ သွေတိုးရောဂါအခံရှိသူများဖြစ်ကာ အောက်ဆီဂျင်ပေးကုသနေရသူများဖြစ်ကြောင်း တောင်ကုတ်မြို့နယ်ပြန်/ဆက် ဦးစီးမှူး ဦးသန်းဝင်းက အတည်ပြုပြောဆိုသည်။
"ဒီနေ့အမျိုးသမီးနှစ်ဦး ထပ်မံသေဆုံးပါတယ်။ တောင်ကုတ်မြို့နယ်မှာ သေဆုံးသူစုစုပေါင်း ၇ ဦးရှိသွားပါပြီ။ သူတို့နှစ်ဦးမှာက ဆီချိုသွေးတိုးရောဂါအခံရှိသူတွေပါ။ သူတို့ကို အောက်ဆီဂျင်ပေး ကုသနေရာကနေ သေဆုံးမှုဖြစ်သွားတာပါ။ အောက်ဆီဂျင်ကတော့ ကျောက်ဖြူဘက်ကယူတယ်။ (ကပစ)က ယူတာလည်းရှိတယ်။ အောက်ဆီဂျင်ကတော့ မပြတ်ဘူး" ဟု သူကပြောဆိုသည်။
တောင်ကုတ်မြို့နယ်တွင် ကိုဗစ်တတိယလိုင်း၌ ဆေသုံးသူ စုစုပေါင်း ၇ ဦးထိရှိလာပြီဖြစ်ကြောင်းလည်း သိရသည်။
လက်ရှိတွင် တောင်ကုတ်မြို့နယ်အတွင်း ကိုဗစ်အတည်ပြုလူနာ စုစုပေါင်း ၄၀ ကျော်ကို ဆေးရုံအတွင်း ဆေးကုသပေးလျှက် ရှိပြီး ယင်းအထဲမှ လူနာတစ်ချို့မှာ အောက်ဆီဂျင်ပေးကုသနေရကာ အောက်ဆီဂျင်ပြတ်လပ်မှုမရှိစေရန်အတွက်ကိုလည်း လုပ်ဆောင်နေကြောင်း သိရသည်။