- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
ရခိုင်ပြည်နယ်အတွင်း COVID-19 ရောဂါပိုးတွေ့ရှိသူ စုစုပေါင်း ၁၀၀၀ နီးပါးရှိလာပြီး သေဆုံးသူ ၁၆ ဦးရှိ
ရခိုင်ပြည်နယ်အတွင်း COVID-19 တတိယလှိုင်းတွင် ရောဂါပိုးကူးစက်ခံရသည့်လူနာစုစုပေါင်း ၉၉၆ ဦးအထိရှိလာပြီး ဇူလိုင် ၁၃ ရက်နေ့အထိ သေဆုံးသူ ၁၆ ဦးအထိရှိလာကြောင်း ရခိုင်ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှ ဇူလိုင် ၁၄ ရက်နေ့တွင် သိရသည်။
14 Jul 2021
DMG ၊ ဇူလိုင် ၁၄
ရခိုင်ပြည်နယ်အတွင်း COVID-19 တတိယလှိုင်းတွင် ရောဂါပိုးကူးစက်ခံရသည့်လူနာစုစုပေါင်း ၉၉၆ ဦးအထိရှိလာပြီး ဇူလိုင် ၁၃ ရက်နေ့အထိ သေဆုံးသူ ၁၆ ဦးအထိရှိလာကြောင်း ရခိုင်ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှ ဇူလိုင် ၁၄ ရက်နေ့တွင် သိရသည်။
အဆိုပါ ရောဂါပိုးတွေ့ရှိသူများမှာ စစ်တွေ၊ မောင်တော၊ သံတွဲ၊ ဘူးသီးတောင်၊ မြေပုံ၊ မင်းပြား၊ ကျောက်တော်၊ ကျောက်ဖြူ၊ ဂွ၊ တောင်ကုတ်၊ မြောက်ဦး၊ ရမ်းဗြဲ၊ ပုဏ္ဏားကျွန်း၊ ပေါက်တော၊ အမ်းမြို့နယ်တို့မှဖြစ်ကြောင်း ရခိုင်ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က ပြောသည်။
“မနေ့က ညနေ့ ၅ နာရီအထိ ကိုဗစ်ကူးစက်ခံရသူတွေက ၉၉၆ ယောက်ရှိတယ်။ အဲဒီထဲက ၃၉၆ ယောက် ဆေးရုံက ဆင်းသွားပြီ။ လက်ရှိဆေးရုံတွေမှာ ဆေးကုသမှုခံယူနေတာက ၆၀၀ ယောက်ရှိတယ်။ သေဆုံးလူနာတွေကတော့ အားလုံးစုစုပေါင်း ၁၆ ဦးရှိပါတယ်” ဟု ၎င်းကဆိုသည်။
ကျန်းမာရေးဦးစီးဌာနမှ ထုတ်ပြန်ထားသည့် လူငါးဆယ်ဦးထက် ပိုမစုရန်၊ မလိုအပ်ဘဲ အိမ်အပြင်သို့မထွက်ရန်၊ တစ်ဦးနှင့်တစ်ဦး ခြောက်ပေအကွာနေရန်၊ အပြင်ထွက်တိုင်း Mask တပ်ရန်နှင့် မကြာခဏလက်ဆေးရန်တို့ကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးမှ ပြန်လည်ရုပ်သိမ်းထားခြင်းမရှိသေးသည့်အတွက် ယင်းသတိပေးထုတ်ပြန်ချက်များကိုလည်း သတိပြုရန်လိုအပ်ကြောင်း ၎င်းကဆက်လက်ပြောကြားသည်။
ရခိုင်ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က “ပြည်သူတွေကို ကျန်းမာရေးဌာနအနေနဲ့ message ပေးချင်တာကတော့ မိမိကိုယ်ကို ကာကွယ်စေချင်တယ်။ အပြင်သွားရင်လည်း mask ကို စနစ်တကျတပ်ပြီးတော့သွားစေချင်တယ်။ နောက်ပြီးတော့ လူစုလူဝေးရှိတဲ့ နေရာတွေကို ရှောင်စေချင်တယ်” ဟု ဒေါက်တာစိုးဝင်းပိုင်က ဆိုသည်။
လက်ရှိ COVID-19 ရောဂါပိုးတွေ့လူနာ များပြားနေသော စစ်တွေမြို့တွင် ပြည်သူများအနေဖြင့် အပြင်ထွက်လျှင် Mask တပ်ဆင်မှုများရှိသော်လည်း အခြားစည်းမျဉ်းစည်းကမ်းများဖြစ်သည့် လူစုလူဝေးမပြုလုပ်ရန်၊ စားသောက်ဆိုင်များတွင် ပါဆယ်စနစ်ဖြင့်ရောင်းချရန်တို့ကို လိုက်နာဆောင်ရွက်မှု အားနည်းနေသေးကြောင်း ရခိုင်မျိုးနွယ်များအစည်းအရုံး(REC)မှ အတွင်းရေးမှူး ကိုဇော်ဇော်ထွန်းက DMG သို့ ပြောဆိုထားသည်။
မြန်မာနိုင်ငံတွင် ဇူလိုင် ၁၃ ရက် ညနေ့ ၈ နာရီအထိ COVID-19 ရောဂါဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း (၂၀၁,၂၇၄) ဦး၊ ဆေးရုံမှဆင်းခွင့်ရသူ (၁၄၉,၇၆၇)ဦးနှင့် သေဆုံးသူစုစုပေါင်း (၄,၀၃၆)ဦးရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ချက်အရသိရသည်။