စစ်ကောင်စီတပ်သား ၁၀၀ ကျော် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးပြန်

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားခရိုင်၊ တက္ကနတ်နယ်ခြားမျဉ်းတလျှောက် ဇူလိုင်လ ၁၁ ရက် နံနက်ပိုင်းက စစ်ကောင်စီတပ်သား ၁၀၀ ကျော် ဝင်ရောက်လာကြောင်း ဘင်္ဂလားဒေ့ရှ်သတင်းဌာန Dhaka Tribune က ဆိုသည်။ 

By Admin 12 Jul 2024

ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာ နယ်နိမိတ်ကြားတွင် နတ်မြစ် တစ်ခုသာခြားပြီး ၁ မိုင်ခွဲခန့် ကွာဝေးသည်။ 
ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာ နယ်နိမိတ်ကြားတွင် နတ်မြစ် တစ်ခုသာခြားပြီး ၁ မိုင်ခွဲခန့် ကွာဝေးသည်။ 

DMG ၊ ဇူလိုင် ၁၂

မောင်တောတိုက်ပွဲအတွင်း AA ထိုးစစ်ကိုမခံနိုင်တော့၍ စစ်ကောင်စီတပ်သား ၁၀၀ ကျော်မှာ နယ်စပ်ဖြတ်ကျော် ထွက်ပြေးမှုကြောင့် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်နှင့် ကမ်းခြေစောင့်တပ်ဖွဲ့၏ ဖမ်းဆီးထိန်းသိမ်းခြင်းကို ခံထားရသည်။ 

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားခရိုင်၊ တက္ကနတ်နယ်ခြားမျဉ်းတလျှောက် ဇူလိုင်လ ၁၁ ရက် နံနက်ပိုင်းက စစ်ကောင်စီတပ်သား ၁၀၀ ကျော် ဝင်ရောက်လာကြောင်း ဘင်္ဂလားဒေ့ရှ်သတင်းဌာန Dhaka Tribune က ဆိုသည်။ 

“မြန်မာနယ်ခြားစောင့်တွေ ထပ်ဝင်လာတယ်လို့ သိရတယ်။ လောလောဆယ်တော့ သူတို့ကို အချုပ်ချထားတယ်။ နယ်စပ်တစ်လျှောက်မှာတော့ လုံခြုံရေးတာဝန်ရှိသူတွေ သတိရှိရှိနဲ့ရှိနေကြတယ်” ဟု တက္ကနတ်နယ်မြေအရာရှိက  ပြောသည်။

ဇူလိုင်လ ၁၁ ရက်က မောင်တော နခခ(၅)စခန်းကြီးအနီးရှိ မကျည်းချောင်းနယ်ခြားစောင့်စခန်းကို သိမ်းပိုက်စဉ် သုံ့ပန်းအချို့ဖမ်းဆီးရမိပြီး တချို့မှာ ဘင်္ဂလားဒေ့ရှ်ဘက်သို့ စစ်လှေဖြင့် ထွက်ပြေးသွားသည်ကို တွေ့ရကြောင်း AA က ထုတ်ပြန်ထားသည်။ 

မောင်တောတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ထွက်ပြေးလေ့ရှိပြီး ထွက်ပြေးသူအရေအတွက်မှာ ၇၆၀ ကျော်လာပြီဖြစ်သည်။ 

နယ်စပ်ဖြတ်ကျော် ထွက်ပြေးဝင်ရောက်လာသည့် စစ်ကောင်စီတပ်သားများအား ဘင်္ဂလားဒေ့ရှ်အစိုးရက စစ်ကောင်စီထံ ပြန်အပ်လေ့ရှိသည်။

လက်ရှိတွင် မောင်တောမြို့နယ်အတွင်း စစ်ကောင်စီ၏ နခခ (၅) မြို့သူကြီးစခန်းတစ်ခုသာ ကျန်ရှိတော့ပြီး AA က အပြင်းအထန် တိုက်ခိုက်နေသည်။

ဗီဒီယိုများ