- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
မောင်တောမြို့တွင် နယ်ခြားစောင့် ၆ ဦးအပါအဝင် ၁၅ ဦး ကိုဗစ်ရောဂါပိုးတွေ့
မောင်တောမြို့တွင် ယနေ့ ဇွန်လ ၃၀ ရက်နေ့တွင် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင် ၆ ဦးအပါအဝင် ၁၅ ဦးအထိ ကိုဗစ်ရောဂါပိုးတွေ့ရှိရပြီး ယခင်တွေ့ထားသူများထဲမှ နှစ်ဦးမှာ ဆေးရုံက ဆင်းခွင့်ရရှိကြောင်း မောင်တောခရိုင်ပြည်သူ့ဆေးရုံးကြီးက သိရသည်။
30 Jun 2021
DMG ၊ ဇွန် ၃၀
မောင်တောမြို့တွင် ယနေ့ ဇွန်လ ၃၀ ရက်နေ့တွင် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင် ၆ ဦးအပါအဝင် ၁၅ ဦးအထိ ကိုဗစ်ရောဂါပိုးတွေ့ရှိရပြီး ယခင်တွေ့ထားသူများထဲမှ နှစ်ဦးမှာ ဆေးရုံက ဆင်းခွင့်ရရှိကြောင်း မောင်တောခရိုင်ပြည်သူ့ဆေးရုံးကြီးက သိရသည်။
မောင်တောခရိုင်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာနုကေသီစံက " ဟုတ်တယ်။ မောင်တောကို တာဝန်ကျပြီး အသစ်ရောက်လာကြတဲ့ နယ်ခြားစောင့် ၆ ဦးနဲ့ မနေ့ညက ကညင်းတန်းကျေးရွာက တစ်ဦး ဒီနေ့မှာ ယခင်ပိုးတွေ့သူတွေနဲ့ ထိတွေသူ ၈ ဦး စုစုပေါင်း ၁၅ ဦးမှာ ရောဂါပိုးတွေ့ရှိတယ်။ ဒီနေ့ ဆေးရုံက ဆင်းခွင့်ရတာက ထွေ/အုပ်ဝန်ထမ်း ၂ ဦးဖြစ်ကြတယ်" ဟု ပြောသည်။
မောင်တောမြို့နယ်တွင် ဇွန်လအတွင်း ကိုဗစ်ရောဂါပိုးကူးစက်ခံထားရသူ ၄၃ ဦးအထိ ရှိလာနေပြီး ဆေးရုံမှဆင်းခွင့်ရရှိသူ ၅ ဦးရှိကြောင်း သိရသည်။
လက်ရှိတွင် မောင်တောခရိုင်ပြည်သူ့ဆေးရုံကြီး၌ ဆေးကုသမှုခံယူနေရသူ ၃၂ ဦးအထိရှိရာ နေရာလုံလောက်မှုမရှိတော့သည့်အတွက် သီရိမင်္ဂလာမြို့တော်ခန်းမတွင် positive လူနာ ၆ ဦး စုစုပေါင်း positive လူနာ ၃၈ ဦးအထိ ဆေးကုသမှုခံယူလျှက်ရှိနေကြောင်း သိရသည်။
ယင်းကဲ့သို့ မောင်တောမြို့၌ ကိုဗစ်ရောဂါပိုးတွေ့ရှိသူ များပြားလာနေရာ၍ Mask မတတ်မနေရအမိန့်တစ်ရပ်အား ယနေ့ ဇွန်လ ၃၀ တွင် ထုတ်ပြန်ထားပြီး ဇူလိုင်လ ၁ ရက်နေ့မှ စတင်ကာ
စစ်ဆေးအရေးယူမှုများ ပြုလုပ်သွားမည်ဟု ဒေါက်တာနုကေသီစံက ပြောသည်။