- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
မောင်တောတွင် မူးယစ်အထူးတပ်ဖွဲ့မှ ဒုတပ်ကြပ်တစ်ဦး အပါအဝင် ကိုဗစ်ပိုးတွေ့ရှိသူ လေးဦးထပ်တိုး
ရခိုင်ပြည်၊ မောင်တောမြို့တွင် မူးယစ်အထူးတပ်ဖွဲ့မှ ဒုတပ်ကြပ်တစ်ဦးအပါအဝင် ကိုဗစ်ပိုးတွေ့ရှိသူ ၄ ဦး ထပ်တိုးလာကြောင်း ယနေ့ ဇွန်လ ၂၈ ရက်နေ့တွင် မောင်တောခရိုင် ဆေးရုံအုပ် ဒေါက်တာနုကေသီစံက ပြောသည်။
28 Jun 2021
DMG ၊ ဇွန် ၂၈
ရခိုင်ပြည်၊ မောင်တောမြို့တွင် မူးယစ်အထူးတပ်ဖွဲ့မှ ဒုတပ်ကြပ်တစ်ဦးအပါအဝင် ကိုဗစ်ပိုးတွေ့ရှိသူ ၄ ဦး ထပ်တိုးလာကြောင်း ယနေ့ ဇွန်လ ၂၈ ရက်နေ့တွင် မောင်တောခရိုင် ဆေးရုံအုပ် ဒေါက်တာနုကေသီစံက ပြောသည်။
"ရဲတပ်ရင်းထဲက ၁ ဦး မနေ့ကတွေ့တာ။ ဒီနေ့တွေ့တာက မြို့တွင်းက အရပ်သား အမျိုးသမီးတစ်ဦးနဲ့ ကြက်ရိုးပြင်ကျေးရွာက ရောဂါပိုးတွေ့သူနဲ့ထိတွေ့ခဲ့သူ ၂ ဦးပါ"ဟု ၎င်းကဆိုသည်။
ယခုကိုဗစ်ပိုးတွေ့ရှိသည့် မူးယစ်အထူးတပ်ဖွဲ့မှ ဒုတပ်ကြပ်မှ အမှတ်(၂) နယ်ခြားစောင့်ရဲတပ်ဖွဲ့(ခွဲ)တွင်နေထိုင်သူဖြစ်ပြီး ယခင်ပိုးတွေ့ရှိခဲ့သော မူးယစ်အထူးတပ်ဖွဲ့မှ ရဲအရာရှိနှင့် ထိတွေ့ ခဲ့သူဖြစ်ကြောင်း သိရသည်။
မြို့တွင်းမှ ပို့တွေ့ရှိသူအမျိုးသမီးမှာ မောင်တောမြို့ မြို့မမြောက်ရက်ကွက်တွင်နေထိုင်သူဖြစ်ပြီး နေမကောင်း၍ဆေးရုံလာပြရာမှ ကိုဗစ်ပိုးစစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်သည်။ ကျန်နှစ်ဦးမှာ မောင်တောမြို့ ကြက်ရိုးပြင်ကျေးရွာမှ ကိုဗစ်ရောဂါပိုးတွေ့ရှိခဲ့သူ အမျိုးသားနှင့်ထိတွေ့သူများဖြစ်ကြောင်း သိရသည်။
မောင်တောမြို့နယ်၌ ဇွန်လအတွင်း ကိုဗစ်ရောဂါပိုးကူးစက် ခံထားရသူ ၁၅ ဦးအထိ ရှိလာနေသည်။
လက်ရှိတွင် ဒေသတွင်းကူးစက်ခံရသူ ၁၂ ဦးမှာ ဆေးကုသမှု ခံယူလျက်ရှိပြီး တစ်ဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံဖက်မှ တရားမဝင်ပြန်လာပြီး ပိုးတွေ့ရှိသူ ၃ ဦးမှာ ကျန်းမာရေးကောင်းမွန်သဖြင့် ဆေးရုံမှဆင်းသွားကြပြီဖြစ်ကြောင်း ခရိုင်ကျန်းမာရေးဌာနမှသိရသည်။
ရခိုင်တစ်ပြည်နယ်လုံးတွင် ကိုဗစ်အတည်ပြုလူနာ စုစုပေါင်း ၁၀၀ ကျော်အထိရှိလာကာ ယနေ့ ဇွန်လ ၂၈ ရက် နံနက်ပိုင်းက စစ်တွေမြို့မှ ကိုဗစ်အတည်ပြုလူနာ အသက် ၃၀ ကျော်အရွယ် အမျိုးသမီးတစ်ဦး သေဆုံးခဲ့သည်။