- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
မောင်တောတွင် ကိုဗစ်ပိုးရှိသည့် အမျိုးသမီးတစ်ဦး အာရုံကြောများ ထိခိုက်ဟု သိရ
မောင်တောခရိုင်ပြည်သူ့ဆေးရုံကြီး၌ ဆေးကုသမှုခံယူနေသည့် ကိုဗစ်ပိုးတွေ့လူနာ အမျိုးသမီးတစ်ဦး အာရုံကြောများထိခိုက်ပြီး စကားပြော၍ သိပ်မရတော့ကြောင်း သိရသည်။
29 Jun 2021
DMG ၊ ဇွန် ၂၉
မောင်တောခရိုင်ပြည်သူ့ဆေးရုံကြီး၌ ဆေးကုသမှုခံယူနေသည့် ကိုဗစ်ပိုးတွေ့လူနာ အမျိုးသမီးတစ်ဦး အာရုံကြောများထိခိုက်ပြီး စကားပြော၍ သိပ်မရတော့ကြောင်း သိရသည်။
မောင်တောခရိုင်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာနုကေသီစံက " ဟုတ်တယ်။ သူမက စကားပြောလို့သိပ်မရဘူး။ အိမ်ရာထဲ လဲနေရတဲ့ အနေအထားလည်း မဟုတ်ပါဘူး။" ဟု ပြောသည်။
ယင်းအမျိုးသမီးမှာ လေဖြတ်သွားသလိုပုံစံမျိုးဖြစ်နေကြောင်း၊ အသက် ၃၈ နှစ်ရှိပြီး မူးယစ်တပ်ဖွဲ့စု ၄၆ မှ ရဲအုပ်တစ်ဦး၏ ဇနီးဖြစ်ကြောင်းလည်း သိရသည်။
အဆိုပါ အမျိုးသမီးမှာ နခခ (၂) ဝန်းထမ်း နေအိမ်လိုင်ခန်းတွင် နေထိုင်နေရာမှ ဇွန်လ ၂၂ ရက်နေ့တွင် နေထိုင်မကောင်းဖျားနာလာ၍ ဇွန်လ ၂၄ ရက်နေ့တွင် အနံ့မရရှိသဖြင့် မောင်တောမြို့ ခရိုင်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပြီး COVID-19 ရောဂါပိုးရှိ/မရှိ စစ်ဆေးခဲ့ရာ ကိုဗစ်ပိုးတွေ့ရှိရသဖြင့် မောင်တောမြို့ ခရိုင်ပြည်သူ့ဆေးရုံတွင် သီးသန့်ထားရှိပြီး ဆေးကုသမှုခံယူနေခြင်း ဖြစ်သည်။
သူမအား စစ်တွေပြည်သူ့ဆေးရုံသို့ လွှဲပြောင်းပေးရန်မလိုအပ်သေးကြောင်း၊ ထပ်မံစစ်ဆေး အတည်ပြုချက်များအရ ယာဘက်ကိုယ်တစ်ခြမ်းလေဖြန်း ရောဂါလက္ခဏာဖြစ်ပွားနေသည်ကို တွေ့ရကြောင်း၊ လူနာမှာ စကားပီသစွာ မပြောနိုင်ခြင်း၊ ယယာဘက်လက် ကောင်းစွာမလှုပ်ရှားနိုင်သော်လည်း ယာဘက်ခြေထောက်လှုပ်ရှားနိုင်ခြင်း၊ လမ်းရှောက်နိုင်ကြောင်း၊ အသက်အန္တရာယ် မစိုးရိမ်ရကြောင်း အထွေထွေသမားတော်တစ်ဦး၏ ပြောပြချက်အရ သိရှိရသည်။
လက်ရှိတွင် မောင်တောခရိုင်ပြည်သူ့ဆေးရုံကြီး၌ ဒေသတွင်း ကူးစက်ခံရသူ ၂၄ ဦးအထိ ဆေးကုသမှု ခံယူလျက်ရှိရာ နေရာလုံလောက်မှုမရှိတော့သည့်အတွက် မောင်တောမြို့ရှိ သီရိမင်္ဂလာမြို့တော်ခန်းမအား ယာယီဆေးရုံအဖြစ် ပြင်ဆင်လျှက်ရှိနေကြောင်း သိရသည်။
ကူးစက်မှုမြန်ခြင်းနှင့် ကူးစက်မှုဦးရေတိုးလာခြင်းကြောင့် မောင်တောမြို့နယ်တွင် အပြင်ထွက်လျှင် နှာခေါင်းစည်း မတတ်မနေရဟု မောင်တောခရိုင်ပြည်သူ့ဆေးရုံက ညွှန်ကြားချက် ထုတ်ထားကြောင်း သိရသည်။