- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
မောင်တောမြန်မာ့စီးပွါးရေးဘဏ်ဝန်ထမ်းတစ်ဦး ကိုဗစ်ပိုးတွေ့
ရခိုင်ပြည် မောင်တောမြို့ မြန်မာ့စီးပွါးရေးဘဏ်ဝန်ထမ်းတစ်ဦး၌ ယနေ့ ဇွန်လ ၂၇ ရက်နေ့တွင် ကိုဗစ်ရောဂါပိုးစစ်ဆေးတွေ့ရှိရကြောင်း သိရသည်။
27 Jun 2021
DMG ၊ ဇွန် ၂၇
ရခိုင်ပြည် မောင်တောမြို့ မြန်မာ့စီးပွါးရေးဘဏ်ဝန်ထမ်းတစ်ဦး၌ ယနေ့ ဇွန်လ ၂၇ ရက်နေ့တွင် ကိုဗစ်ရောဂါပိုးစစ်ဆေးတွေ့ရှိရကြောင်း သိရသည်။
"သူနေမကောင်းလို့ ခွင့်ယူထားတာ တစ်ပတ်လောက်ရှိပြီ။ ပြန်နေကောင်းလို့ ရုံးတစ်ရက်နှစ်ရက်တော့ တက်ခဲ့တယ်။ ဒီနေ့ နေမကောင်းလို့ ဆေးရုံမှာ စစ်ဆေးရာမှာ ကိုဗစ်ပိုးတွေ့ရတာဖြစ်တယ်" ဟု မြန်မာ့စီးပွါးရေးဘဏ်မှ အရာရှိတစ်ဦးက DMG သို့ ပြောသည်။
အဆိုပါ ရောဂါပိုးတွေ့ရှိသူ ဘဏ်ဝန်ထမ်းမှာ အမျိုးသားတစ်ဦးဖြစ်ပြီး မောင်တောမြို့၊ အမှတ်(၁)ရပ်ကွက် အလယ်ရွာတွင် နေထိုင်သူဖြစ်ကြောင်း DMG မှ စုံစမ်းသိရှိရသည်။
မောင်တောခရိုင်ပြည်သူဆေးရုံအုပ် ဒေါက်တာနုကေသီစံကလည်း မောင်တောမြို့ရှိ ဘဏ်ဝန်ထမ်းတစ်ဦးတွင် ကိုဗစ်ရောဂါပိုး တွေ့ရှိသည်မှာ မှန်ကန်ကြောင်းအတည်ပြုသည်။ ၎င်းပိုးတွေ့ရှိသူနှင့် ထိတွေ့ခဲ့သူများကိုလည်း စုံစမ်းလျက်ရှိကြောင်း သိရသည်။
မောင်တောမြို့နယ်၌ ဇွန်လအတွင်း ကိုဗစ်ရောဂါပိုးကူးစက်ခံထားရသူ ၁၁ ဦးအထိရှိလာနေပြီ ဒေသတွင်းကူးစက်ခံရသူ ၈ ဦးအထိ တိုးလာနေကာ တစ်ဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ တရား မဝင် ဝင်ရောက်လာသူ ၃ ဦးတို့ဖြစ်ကြောင်း သိရသည်။
ဒေသတွင်းကူးစက်ခံရသူ ၈ ဦးမှာ လက်ရှိတွင် ဆေးကုသမှုခံယူလျက်ရှိပြီး တစ်ဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံဖက်မှ တရားမဝင်ပြန်လာပြီး ပိုးတွေ့ရှိသူ ၃ ဦးမှာ ကျန်းမာရေးကောင်းမွန်သဖြင့် ဆေးရုံမှဆင်းသွားကြပြီဖြစ်ကြောင်းခရိုင်ကျန်းမာရေးဌာနမှသိရသည်။
ကိုဗစ်တတိယလှိုင်းကူးစက်မှုတွင် ရခိုင်ပြည်အတွင်း၌ ကိုဗစ်အတည်ပြုလူနာစုစုပေါင်း ၁၀၀ ခန့်အထိရှိလာနေပြီ ဖြစ်သည်။