မောင်တော အောင်ဗလရွာကို စစ်ကောင်စီနှင့် မွတ်ဆလင်ပူးပေါင်းတပ်ဖွဲ့ မီးရှို့ 

ဇူလိုင် ၁၁ ရက်၊ နံနက်ပိုင်းက စစ်ကောင်စီတပ်နှင့် မွတ်ဆလင်ပူးပေါင်းတပ်ဖွဲ့ အင်အား ၅၀ ထက်မနည်းက ကျေးရွာအတွင်းဝင်ရောက်ကာ လူနေအိမ် ၁၀ အိမ်ထက်မနည်းကို မီးရှို့ဖျက်ဆီးခဲ့ကြသည်။ 

By Admin 12 Jul 2024

မောင်တောမြို့နယ်၊ ရွှေရင်အေးကျေးရွာကို စစ်ကောင်စီက ၂၀၂၄ ခုနှစ်၊ မေလ ၉ ရက်တွင် ဝင်ရောက်မီးရှို့ခဲ့စဉ်။ 
မောင်တောမြို့နယ်၊ ရွှေရင်အေးကျေးရွာကို စစ်ကောင်စီက ၂၀၂၄ ခုနှစ်၊ မေလ ၉ ရက်တွင် ဝင်ရောက်မီးရှို့ခဲ့စဉ်။ 

DMG ၊ ဇူလိုင် ၁၂

မောင်တောမြို့နယ်၊ အောင်ဗလ(ရခိုင်)ကျေးရွာရှိ နေအိမ်များကို စစ်‌ကောင်စီနှင့် ARSA၊ ARA၊ RSO တပ်ဖွဲ့တို့ ဇူလိုင် ၁၁ ရက်က ဝင်ရောက်မီးရှို့ခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်များက ပြောသည်။

ဇူလိုင် ၁၁ ရက်၊ နံနက်ပိုင်းက စစ်ကောင်စီတပ်နှင့် မွတ်ဆလင်ပူးပေါင်းတပ်ဖွဲ့ အင်အား ၅၀ ထက်မနည်းက ကျေးရွာအတွင်းဝင်ရောက်ကာ လူနေအိမ် ၁၀ အိမ်ထက်မနည်းကို မီးရှို့ဖျက်ဆီးခဲ့ကြသည်။ 

“အဲဒီရွာမှာ ဘာမှဖြစ်တာမဟုတ်ဘူး။ ဒီအတိုင်းဝင်ပြီး မီးလာရှို့တာ” ဟု သတင်းရင်းမြစ်တစ်ဦးက ပြောသည်။ 

အောင်ဗလကျေးရွာသည် မောင်တောမြို့မှ ကညင်ချောင်းစီးပွားရေးဇုန်သို့ သွားသည့်လမ်းတွင် မြို့နှင့်ကပ်လျက် တည်ရှိသည်။ စစ်ဘေးရှောင်ဦးရေ ရာနှင့်ချီနေထိုင်လျက်ရှိပြီး စစ်ကောင်မီးရှို့မှကြောင့် ကျေးရွာသားများနှင့် စစ်ဘေးရှောင်များမှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြသည်။ 

“လူတွေကတော့ ဘာမှမဖြစ်ဘူး။ အခုကတော့ ပြေးနေကြရတယ်။ ရွာထဲမှာ သက်ကြီးတွေတော့ ကျန်ခဲ့တယ်” ဟု ထွက်ပြေးနေသူတစ်ဦးက ပြောသည်။ 

မောင်တောဒေသရှိ စစ်ကောင်စီ၏ နောက်ဆုံးလက်ကျန် နခခ(၅) မြို့သူကြီးစခန်းအား အာရက္ခတပ်တော် (AA) က ထိုးစစ်ဆင်တိုက်ခိုက်နေသည်။ မောင်တောမြို့ကို အလုံးစုံသိမ်းပိုက်နိုင်ရေး ထိုးစစ်ဆင်နေပြီး စစ်ကောင်စီကလည်း မြို့အတွင်းမှနေ၍ ခုခံစစ်စခန်းများသဖွယ် ပြင်ဆင်ထားကြောင်း AA က ထုတ်ပြန်သည်။ 

ရခိုင်ဒေသတွင် စစ်ရှုံးနေသည့် စစ်ကောင်စီသည် အရပ်သားများအား ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်ခြင်း၊ လက်နက်ကြီးပစ်ခတ်ခြင်းနှင့် လူနေအိမ်များကို မီးရှို့ဖျက်ဆီးခြင်းများကို နေ့စဉ်နှင့်အမျှ ပြုလုပ်လျက်ရှိသည်။ 

ဗီဒီယိုများ