- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
မောင်တောတွင် ကိုဗစ်အတည်ပြုလူနာသစ် ၂၀ ဦးထဲမှ ရောဂါအခံရှိသူတစ်ဦးသေဆုံး
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ယနေ့ဇူလိုင်လ ၃ ရက်နေ့တွင် ကိုဗစ်အတည်ပြုလူနာသစ် ၂၀ ဦး ထပ်တိုး လာပြီး ယင်းအထဲမှာ ဆီးချိုနှင့် သွေးတိုးရောဂါအခံရှိသူတစ်ဦးမှာ သေဆုံးသွားခဲ့ကြောင်း မောင်တောခရိုင် ပြည်သူ့ဆေးရုံမှ သိရသည်။
03 Jul 2021
DMG ၊ ဇူလိုင် ၃
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ယနေ့ဇူလိုင်လ ၃ ရက်နေ့တွင် ကိုဗစ်အတည်ပြုလူနာသစ် ၂၀ ဦး ထပ်တိုး လာပြီး ယင်းအထဲမှာ ဆီးချိုနှင့် သွေးတိုးရောဂါအခံရှိသူတစ်ဦးမှာ သေဆုံးသွားခဲ့ကြောင်း မောင်တောခရိုင် ပြည်သူ့ဆေးရုံမှ သိရသည်။
ယနေ့ပိုးတွေ့လူနာ ၂၀ ဦးတွင် နယ်ခြားစောင့်ရဲနှင့် မိသားစုဝင် ၁၄ ဦး၊ ပညာရေးဝန်ထမ်း ၂ ဦး၊ လဝကအရာရှိ ၃ ဦးနှင့် မြို့မတောင်ရပ်ကွက်မှ ၁ ဦးတို့ဖြစ်ကြောင်း သိရသည်။
“ကိုဗစ်ကြောင့် ၁ ဦးသေဆုံးတာရှိတယ်။ သူ့မှာတော့ ဆီးချိုနဲ့ သွေးတိုးအခံရှိတယ်။ ဒီနေ့ ပိုးတွေ့တာက သေဆုံးသူအပါအဝင် အားလုံး ၂၀ ဦးရှိတယ်” ဟု မောင်တောခရိုင်ပြည်သူ့ဆေးရုံအုပ် ဒေါက်တာနုကေသီစံက ပြောသည်။
သေဆုံးသူမှာ မြို့မတောင်ရပ်ကွက်နေ အသက် ၆၀ နှစ် အမျိုးသားဖြစ်ပြီး ဇူလိုင်လ ၂ ရက်နေ့ကဖျားနာ၍ ဆေးရုံသို့လာပြရာ ဇူလိုင်လ ၃ ရက်နေ့တွင် ကိုဗစ်ပိုးစစ်ဆေးတွေ့ရှိခဲ့ပြီး ရောဂါပြင်းထန်သည့်အတွက် သေဆုံး သွားခဲ့ကြောင်းနှင့် လက်ရှိတွင် ၎င်း၏နေအိမ်အား Lockdown ချထားကြောင်း သိရသည်။
ယနေ့ပိုးတွေ့ရှိသည့် ပညာရေးဝန်ထမ်း ၂ ဦးမှာ မောင်တောမြို့ အ.ထ.က(၂)မှ အထက်တန်းပြဆရာမ တစ်ဦးနှင့် အ.လ.က(ခွဲ) အ.မ.က(၁)မှ ဆရာမ တစ်ဦးတို့ဖြစ်ကြောင်း မောင်တောမြို့နယ် ပညာရေးမှူး ဦးကြာစိန်အောင်က ပြောသည်။
အ.ထ.က(၂)မောင်တောမှ အထက်တန်းပြဆရာမမှာ ထိတွေ့မှုများနိုင်သည့်အတွက် ကျောင်းအား ယာယီ ပိတ်ထားရန် တင်ပြထားကြောင်း ဦးကြာစိန်အောင်က ဆက်ပြောသည်။
မောင်တောမြို့နယ်တွင် ယနေ့အထိကိုဗစ်အတည်ပြုလူနာစုစုပေါင်း ၁၇၄ ဦးအထိရှိပြီး ဆေးရုံဆင်းခွင့်ရရှိသူ ၇ ဦးရှိကြောင်း သိရသည်။
ရခိုင်ပြည်နယ်အတွင်းတွင် ဇူလိုင်လ ၂ ရက်နေ့အထိ ကိုဗစ်အတည်ပြုလူနာ စုစုပေါင်း ၃၄၈ ဦးအထိ ရှိလာပြီး ဇွန်လ ၂၈ ရက်နေ့က ရောဂါအခံရှိသည့် စစ်တွေမြို့မှကိုဗစ်အတည်ပြုလူနာ အမျိုးသမီးတစ်ဦးနှင့် ဇူလိုင်လ ၃ ရက်နေ့တွင် ရောဂါအခံရှိသည့် မောင်တောမြို့မှကိုဗစ်အတည်ပြုလူနာ အမျိုးသားတစ်ဦးတို့သေဆုံး သွားခဲ့သည်။