- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
စစ်ကောင်စီ ဖမ်းဆီးသွားသည့် ကျောက်ဖြူ ဒေသခံ ၇ ဦးအတွက် မိသားစုဝင်များ စိုးရိမ်နေ
စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ ကျောက်ဖြူမြို့မြို့နယ်မှာ ဒေသခံ ၇ ဦးကို စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီးနောက် ရက်ပေါင်း ၂၀ ခန့်ကြာ လုံးဝအဆက်သွယ်ပြတ်နေသဖြင့် မိသားစုဝင်များ စိုးရိမ်နေကြ သည်။
02 Jan 2025
DMG ၊ ဇန်နဝါရီ ၂
စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ ကျောက်ဖြူမြို့မြို့နယ်မှာ ဒေသခံ ၇ ဦးကို စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီးနောက် ရက်ပေါင်း ၂၀ ခန့်ကြာ လုံးဝအဆက်သွယ်ပြတ်နေသဖြင့် မိသားစုဝင်များ စိုးရိမ်နေကြ သည်။
၂၀၂၄ ဒီဇင်ဘာ ၁၃ ရက်နေ့က ကျောက်ဖြူ - ရန်ကုန် ကားလမ်းဘေးရှိ ကန္ဒီးကျေးရွာမှ လူငယ် ၇ ဦးမှာ ဘုန်းကြီးကျောင်း၌ ကျောင်းဝေယာဝစ္စလုပ်ကိုင်နေစဉ် စစ်ကောင်စီတပ်က ဝင်ရောက် ဖမ်းဆီးသွားခဲ့ပြီး နောက် လုံးဝအဆက်သွယ်ပြတ် တောက်နေဆဲဖြစ်သည်။
“ဒီနေ့အထိ လုံးဝအဆက်သွယ်မရဘူး။ ရွာနားက ရဲကင်းစခန်းတွေ ပြီးတော့ အမှတ် ၃၂ ရဲကင်းစခန်း ကိုလည်း သွားမေးပြီးပြီ။ သူတို့က မရှိဘူးလို့ ပြောလိုက်တယ်။ တခြားနေရာတွေကို သွားရောက်စုံစမ်းဖို့ လည်း လုံခြုံရေးနဲ့ လမ်းပန်းဆက်သွယ်ရေး အဆင်မပြေဘူးဖြစ်နေတယ်” ဟု ဖမ်းဆီးခံရသူထဲမှ မိသားစုဝင် အမျိုးသားတစ်ဦးက ပြောသည်။
ဖမ်းဆီးခံရသူများမှာ ကိုမောင်မောင်ဌေး၊ မောင်ဇင်လင်းထက်၊ ကိုဝင်းမိုးအောင်၊ ကိုမောင်မျိုးဝင်းဦး၊ ကိုကျော်မင်း ထွန်း၊ ကိုတင်လင်း၊ ကိုမောင်မောင်အောင် တို့ ဖြစ်ကြသည်။
ကန္ဒီးကျေးရွာအနီးတွင် ကျောက်ဖြူရဲတပ်ရင်း (အမှတ် ၃၂) မှ ဖြန့်ကျက် တပ်စွဲထားသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင် ရဲကင်းစခန်းများလည်းရှိကြောာင်း ဒေသခံများထံမှ သိရသည်။
ယင်းဒေသခံများမှာ စစ်ကောင်စီဖမ်းဆီးသွားသည့်နေ့မှ ရက်ပေါင်း ၂၀ ကျော်ထိ လုံးဝအဆက်အသွယ်မရဘဲ ပျောက်ဆုံးနေသည့်အတွက် သူတို့နှင့်ပတ်သက်ပြီး တွေ့ဆုံစကားပြောခွင့်ရရှိရန် မျှော်လင့်နေ ကြသည်။
ထိုအခြေနေကို သိရှိသူ ဒေသခံတစ်ဦးက “သူတို့ကို ဖမ်းသွားတဲ့နေ့က လက်နှစ်ဖက်ကို ဦးခေါင်း ပေါ်တင် ပြီးတော့ ခေါ်သွားတာ။ ရွာထဲဖက်ကို ခေါ်သွားခဲ့တာကို မြင်လိုက်တယ်။ အဲဒီတုန်းကနေ အဆက်သွယ် ပြတ်နေတာ” ဟု ပြောသည်။
စစ်ကောင်စီနှင့် အာရက္ခတပ်တော်(AA)တို့ နှစ်ဖက်စစ်ရေးတင်းမာနေသည့် ကျောက်ဖြူမြို့မှာ စစ်ကောင်စီသည် ဒေသခံများကို အကြောင်းပြချက်မျိုးစုံပေးကာ မကြာခဏ ဖမ်းဆီးမှုရှိနေသည်ဟု ဒေသခံများက ပြောသည်။
လက်ရှိ ကျောက်ဖြူမြို့တွင် စစ်ကောင်စီက ရေကြောင်းဖြင့် အင်အားဖြည့်တင်းနေပြီ၊ မြို့ပေါ်ရပ်ကွက်များ၌ နေ့ညအချိန်မရွေး အိမ်ထောင်စုစာရင်း၊ ဧည့်စာရင်း စစ်ဆေးခြင်းများ ပုံမှန်လုပ်ဆောင်နေသည်။
ကုန်းလမ်း၊ ရေလမ်း ပိတ်ဆို့ထားခြင်းကြောင့် ငွေကြေးချို့တဲ့သည့် အခြေခံလက်လုပ်လက်စားများမှာ ကျောက်ဖြူမြို့တွင်း ပိတ်မိနေကြသည်။
ကျောက်ဖြူဒေသခံ အမျိုးသားတစ်ဦးက “ကျောက်ဖြူမြို့ထဲက ဒေသခံတွေက နေထိုင်တာ၊ စားသောက်ရေး ကအစ အားလုံးခက်ခဲနေကြတယ်။ လုံခြုံမှုမရှိဘူး။ ပြီးတော့ အလုပ်အကိုင်လည်းမရှိတော့ စားရေးသောက် ရေးပိုင်းလည်းခက်ခဲနေကြတာ။ တချို့ဆိုရင် ဆန်ပြုတ်သောက်ပြီး နေနေရပါတယ်” ဟု ပြောသည်။
DMG ၏ အချက်အလက်များအရ စစ်ကောင်စီသည် ယခုတိုက်ပွဲကာလအတွင်း ကျောက်ဖြူမြိုနယ်မှ ဒေသခံ ၂၀၀ ဦး ထက်မနည်းကို ဖမ်းဆီးခဲ့သည်။ ယင်းအထဲမှ ၁၀၀ ကျော်ကို ပြန်လွှတ်ပေးခဲ့သော်လည်း ၉၀ ဦး ထက်မနည်းမှာ ယနေ့အချိန်ထိ ဖမ်းဆီးခံထားရဆဲ ဖြစ်သည်။
ဖမ်းဆီးခံထားရသူများထဲတွင် နိုင်ငံရေးသမားများ၊ တက်ကြွလှုပ်ရှားသူများ၊ အရပ်သားများနှင့် အသက် မပြည့် သေးသည့် ကလေးသူငယ်များ ပါဝင်ပြီး အများစုကို မတရားအသင်း ဆက်သွယ်မှု ပုဒ်မ ၁၇(၁)၊ (၂) တို့ ဖြင့် တ ရားစွဲထားကြောင်း သိရသည်။