- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
ရခိုင်ကျောင်းသားလေးဦးကို စွဲဆိုထားသည့် နိုင်ငံတော်အကြည်ညိုပျက်စေမှုနှင့် ဘေး/စီမံ အမှုတွင် လိုပြ သက်သေများ စစ်ဆေးပြီးစီး၊ ဇူလိုင် ၁၆ ရက်နေ့တွင် လျှောက်လဲချက်ပေးမည်
နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ် ၅၀၅ (ခ)နှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ (၂၉) တို့ဖြင့် တရားစွဲဆိုခံထားရသည့် ရခိုင်ကျောင်းသားလေးဦးကို ဇူလိုင်လ ၂ ရက်နေ့တွင် ကိုဗစ်ကြောင့် ရုံးမထုတ်ခဲ့သော်လည်း ဘေး/စီမံ အမှုမှ လိုပြသက်သေတစ်ဦးကို စစ်ဆေးခဲ့ကြောင်း သိရသည်။
02 Jul 2021
DMG ၊ ဇူလိုင် ၃
နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ် ၅၀၅ (ခ)နှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ (၂၉) တို့ဖြင့် တရားစွဲဆိုခံထားရသည့် ရခိုင်ကျောင်းသားလေးဦးကို ဇူလိုင်လ ၂ ရက်နေ့တွင် ကိုဗစ်ကြောင့် ရုံးမထုတ်ခဲ့သော်လည်း ဘေး/စီမံ အမှုမှ လိုပြသက်သေတစ်ဦးကို စစ်ဆေးခဲ့ကြောင်း သိရသည်။
ယနေ့ရုံးချိန်းတွင် ကျောင်းသားလေးဦးကိုစွဲဆိုထားသည့် ဘေး/စီမံအမှုနှင့်ပတ်သက်ပြီး ကျန်ရှိနေသည့် တရားလိုပြသက်သေ ရဲအုပ် တင်လင်းမောင်ကို စစ်ဆေးခဲ့ကြောင်း အမှုကိုလိုက်ပါဆောင်ရွက်နေသည့် တရားလွှတ်တော်ရှေ့နေ ဦးလှအောင်သိန်းက ပြောသည်။
“ ဒီနေ့ရုံးချိန်းမှာ ကျောင်းသားတွေကိုတော့ ကိုဗစ်ကြောင့် ရုံးမထုတ်ဖြစ်ဘူး။ ဘေး/စီမံ အမှုမှာ ကျန်နေတဲ့ လိုပြသက်သေတစ်ဦးကို စစ်ဆေးတယ် ” ဟု ပြောသည်။
လက်ရှိတွင် ကျောင်းသားလေးဦးကို စွဲဆိုထားသည့် အမှုနှစ်ခုစလုံးတွင် တရားလိုပြသက်သေအားလုံးကို စစ်ဆေးပြီးသွားပြီ ဖြစ်သည့်အတွက် လာမည့် ဇူလိုင်လ ၁၆ ရက်နေ့တွင် အမှုနှစ်ခုစလုံးနှင့်ပတ်သက်ပြီး လျှောက်လဲချက်ပေးသွားမည်ဖြစ်ကြောင်း ဦးလှသိန်းအောင်ကပြောသည်။
ရခိုင်ပြည်ကျောင်းသားသမဂ္ဂက ဦးဆောင်ပြီး၂၀၂၀ ခုနှစ် အောက်တိုဘာ ၁၉ ရက်နေ့က စစ်တွေမြို့တွင်လှည့်လည်ကာ “ဖက်ဆစ်စစ်တပ် အလိုမရှိ၊ ကိုလိုနီအစိုးရ အလိုမရှိ၊ No Bloody Government ၊ Burmese Government Get Out ၊ Burmese Army Get Out” စသည့်အချက်များကို တောင်းဆို ဆန္ဒဖော်ထုတ်ခဲ့ကြခြင်းဖြစ်သည်။
ယင်းသို့ ဆန္ဒဖော်ထုတ်နေစဉ်အတွင်း ရခိုင်ပြည်ကျောင်းသားသမဂ္ဂမှ ကိုကျော်နိုင်ဌေး၊ ကိုဦးသန်းနိုင်၊ ကိုမြတ်စိုးဝင်းနှင့် ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂ(တက္ကသိုလ်များ-ရန်ကုန်)မှ ကိုကောင်းထွန်းတို့ကို ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းခဲ့သည်။
ရခိုင်ပြည်အတွင်း ဖြစ်ပွားနေသည့် စစ်ရေးနှင့်ပတ်သက်၍ ဆန္ဒဖော်ထုတ်ခဲ့မှုကြောင့် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂမှ ကျောင်းသားနှစ်ဦးမှာလည်း နိုင်ငံတော်အကြည်အညိုပျက်စေမှုနှင့် ထောင်ဒဏ်သုံးနှစ် ချမှတ်ခံထားရသည်။