သံတွဲမြို့တွင် ကိုဗစ်ပိုးတွေ့လူနာ ၆ ဦးထပ်တိုး၊ ၃၁ ဦးအထိ ရှိလာ

သံတွဲမြို့နယ်တွင် ကိုဗစ်ပိုးတွေ့လူနာ ယနေ့ ၆ ဦးထပ်တိုး၍ ဇွန်လ ၂၄ ရက်နေ့ကစ၍ ၃၁ ဦးထိ ရှိလာနေပြီဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဌာနမှ သိရသည်။

29 Jun 2021

DMG ၊ ဇွန် ၂၉

သံတွဲမြို့နယ်တွင် ကိုဗစ်ပိုးတွေ့လူနာ ယနေ့ ၆ ဦးထပ်တိုး၍ ဇွန်လ ၂၄ ရက်နေ့ကစ၍ ၃၁ ဦးထိ ရှိလာနေပြီဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဌာနမှ သိရသည်။

ပထမ ကိုဗစ်ပိုးတွေ့လူနာနှင့် ဆက်စပ်သူ ၃၆ ဦးကို စစ်ဆေးရာမှာ ယနေ့ ၆ ဦး ထပ်မတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ကိုဗစ်ကာကွယ်ထိန်ချုပ်ရေး လုပ်ဆောင်ရာတွင် ပါဝင်ကူညီနေသည့် သံတွဲမြို့ သိမ်ကုန်းကျောင်းဆရာတော် ဦးတေဇိန္ဒက ထပ်မံ အတည်ပြုသည်။

"ဟုတ်တယ်။ ဒီနေ့ ၆ ဦးထပ်တိုးတယ်။ ငပလီ လင်းသာရပ်ကွက် ၅ ယောက်။ ပြီးတော့ သံတွဲ တစ်ယောက်တွေ့တယ်။ ကျန်းမာရေးအခြေအနေကတော့ ကောင်းကြတယ်။ ပိုးတွေ့သူနှင့် စောင့်ကြည့်သူ စုစုပေါင်းကတော့ ၆၇ ဦး ရှိတယ်။ သံတွဲ ငပလီ ပေါင်းပြီးတော့။ " ဟု မိန့်သည်။

ယခုလက်ရှိ သီးသန့်ထားသူနှင့် ပိုးတွေ့လူနာများအတွက်  စားသောက်ရေးအခက်အခဲရှိလာနေကြောင်း ဆရာတော်က ထပ်မံ မိန့်ကြားသည်။

သံတွဲမြို့နယ်တွင် ပထမ ကိုဗစ်ပိုးတွေ့လူနာနှင့် ဆက်စပ်ကာ ပိုးတွေ့သူအများအပြားထဲတွင် ကျောင်းဆရာမနှင့် တရားရုံးဝန်ထမ်းများ ပါဝင်မှုရှိသည်။