- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
ရခိုင်မြောက်ပိုင်း ၁၀ မြို့နယ်မှ ကျောင်းသား၊သူ တစ်သိန်းနှစ်သောင်းကျော်ကို ကိုဗစ်ကာကွယ်ဆေး မနက်ဖြန်စထိုးမည်
ရခိုင်ပြည်မြောက်ပိုင်း ၁၀ မြို့နယ်မှ အသက် ၁၂ နှစ်အထက် ကျောင်းသား၊ကျောင်းသူ တစ်သိန်းနှစ်သောင်းကျော်ကို အောက်တိုဘာ ၁၇ ရက်နေ့စ၍ ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးသွားမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ်၊ ပြည်သူ့ကျန်းမာရေးဌာနမှ သိရသည်။
16 Oct 2021
DMG ၊ အောက်တိုဘာ ၁၆
ရခိုင်ပြည်မြောက်ပိုင်း ၁၀ မြို့နယ်မှ အသက် ၁၂ နှစ်အထက် ကျောင်းသား၊ကျောင်းသူ တစ်သိန်းနှစ်သောင်းကျော်ကို အောက်တိုဘာ ၁၇ ရက်နေ့စ၍ ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးသွားမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ်၊ ပြည်သူ့ကျန်းမာရေးဌာနမှ သိရသည်။
စစ်တွေသို့ ယနေ့အာက်တိုဘာ ၁၆ ရက်နေ့တွင် Sinopharm ကိုဗစ်ကာကွယ်ဆေးအမျိုးအစား အလုံးရေ (၆၄၃၇၅)ရောက်ရှိနေပြီဖြစ်ကြောင်းလည်း ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က ပြောသည်။
“ဆေးက ဒီနေ့ရောက်တယ်။ မနက်ဖြန် စထိုးမှာပါ။ ဆေးအလုံးအရေအတွက် ၆၄၃၇၅ လုံးပါတယ်။ အကုန်လုံးက ၁၂ နှစ်အထက် ကျောင်းသား၊ကျောင်းသူတွေကို ထိုးပေးသွားမှာပါ။ ဆေးတစ်လုံးကို ၂ ယောက်ကျထိုးရင် ၁ သိန်း ၂ သောင်းကျော်ရတာပေါ့နော်။ မြောက်ပိုင်း ၁၀ မြို့နယ်မှာ အဲဒီလောက်ကို ထိုးပေးသွားမှာပါ။ ရခိုင်တပြည်နယ်လုံးအတိုင်းအတာအနေနဲ့ဆိုရင် ၁၈၇၇၄၄ ကျော် ထိုးပေးရမှာပါ”ဟု ဆိုသည်။
ယင်းကဲ့သို့ ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးသည့်အပေါ် ကျောင်းသားမိဘအနေဖြင့် ကြိုဆိုသည်ဟု ဒေါ်ထွေးထွေးလေးက ပြောသည်။
“ကိုဗစ်ကာကွယ်ဆေး ထိုးခွင့်ရတဲ့အချိန်မှာ ထိုးမှာပါ။ ဘယ်အချိန်ပဲ ထိုးပေးထိုးပေး ကျမတို့ သားသမီးတွေကို ကာကွယ်ဆေး ထိုးပေးဖို့ကြိုဆိုပါတယ်။ အမြန်ဆုံးထိုးပေးရင်တော့ ပိုကောင်းတာပေါ့။ ကိုဗစ်ကာကွယ်ဆေးထိုးပြီးရင်လည်း ကျောင်းကိုပါအမြန်ဆုံးဖွင့်စေချင်ပါတယ်“ဟု ဆိုသည်။
ရခိုင်မြောက်ပိုင်း ၁၀ မြို့နယ်မှ ၅ တန်းမှ ၈ တန်းအထိ ပျမ်းမျှ ကျောင်းသား၊ကျောင်းသူစုစုပေါင်း ၂ သိန်းကျော်ကို ကိုဗစ်ကာကွယ်ဆေးထိုးပေးခြင်းဖြစ်သည်။
သို့သော်လည်း ပြင်ပမှဖြေဆိုသည့် တက္ကသိုလ်ဝင်ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကိုဗစ်ကာကွယ်ဆေးမထိုးရမည်ကို လည်းစိုးရိမ်နေကြသည်။
ကိုဗစ်ကာကွယ်ဆေးထိုးပေးပြီးမှ အခြေခံပညာစာသင်ကျောင်းများအား ပြန်ဖွင့်ပေးနိုင်ခြေရှိပြီး ပြည်ပဖြေဆိုမည့် ကျောင်းသား ၊သူများအားလုံးစာရင်းကို ကောက်ယူကာ မချန်မလှပ်ပဲ ကာကွယ်ဆေးထိုးပေးစေလိုကြောင်း စစ်တွေမြို့မှ ကျောင်းသူ မခင်စန္ဒာကလည်း ပြောသည်။
ကိုဗစ်ကာကွယ်ဆေးထိုးပေးရန် အသက် ၁၂ အထက်ကျောင်းသား၊ ကျောင်းသူများ၏စာရင်းကို မည်သို့စီစဉ်ဆောင်ရွက်ထား ခြင်းနှင့်ပတ်သက်ပြီးမေးမြန်းရန် ရခိုင်ပြည်ပညာရေးမှူး ဒုညွန်ကြားရေးမှူးအား ဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ်မရရှိခဲ့ပေ။
စာသင်ကျောင်းများ ဖွင့်လှစ်ချိန် စိတ်ချစွာပညာသင်ကြားနိုင်ရန်အတွက် အသက် ၁၂ နှစ်အထက်ရှိ ကျောင်းသူ၊ကျောင်းသား များကို ကိုဗစ်ကာကွယ်ဆေးထိုးပေးခြင်းဖြစ်သည်။
ကိုဗစ်ကူးစက်ပြန့်ပွားမှုကြောင့် အခြေခံပညာကျောင်းများကို ဇူလိုင် ၂၉ ရက်နေ့မှစတင်ကာ ယာယီပိတ်ထားခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့သည့် ၂၀၂၀ ခုနှစ်ကလည်း မြန်မာနိုင်ငံအတွင်း ကိုဗစ်ကူးစက်မှုကြောင့် တစ်နိုင်ငံလုံးရှိ အခြေခံပညာကျောင်းများကို တစ်နှစ်ပတ်လုံးပိတ်ထားခဲ့ရသည်။