- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
ရွှေတြိဂံနယ်မြေတွင် မြန်မာအလုပ်သမား အများအပြား အလုပ်လက်မဲ့ဖြစ်နေ
မြန်မာနိုင်ငံအတွင်း စစ်ရေးပဋိပက္ခများ၊ စစ်မှုထမ်းဥပဒေကြောင့် စစ်ကောင်စီ၏ အတင်းအဓ္ဓမ ဖမ်းဆီးခြင်းကို ရှောင်တိမ်းရန် မြန်မာနိုင်ငံသားအများအပြားမှာ ရွှေတြိဂံနယ်မြေသို့ ရောက်လာကြပြီး လက်ရှိတွင် အလုပ်လက်မဲ့ဖြစ်နေကြောင်း သိရသည်။
08 Jan 2025
DMG ၊ ဇန်နဝါရီ ၈
ရွှေတြိဂံနယ်မြေ ကာစီနိုမြို့ဟု လူသိများသည့် လာအိုနယ်စပ်တွင် မြန်မာအလုပ်သမား အများအပြား အလုပ် လက်မဲ့ ဖြစ်နေကြကြောင်း ယင်းနယ်မြေရောက် မြန်မာများထံမှသိရသည်။
မြန်မာနိုင်ငံအတွင်း စစ်ရေးပဋိပက္ခများ၊ စစ်မှုထမ်းဥပဒေကြောင့် စစ်ကောင်စီ၏ အတင်းအဓ္ဓမ ဖမ်းဆီးခြင်းကို ရှောင်တိမ်းရန် မြန်မာနိုင်ငံသားအများအပြားမှာ ရွှေတြိဂံနယ်မြေသို့ ရောက်လာကြပြီး လက်ရှိတွင် အလုပ်လက်မဲ့ဖြစ်နေကြောင်း သိရသည်။
“အခုနောက်ပိုင်း မြန်မာတွေ အများအပြား ဝင်လာကြတယ်။ အဓိကကတော့ စစ်မှုထမ်းပါသွားမှာ ကြောက်တာ ရယ်၊ အလုပ်လုပ်ချင်လို့ လာကြတာရယ်ကြောင့် ပိုများလာတယ်။ အလုပ်တွေလည်း ရှာရခက်သလို (တရုတ်) သူ ဌေးတွေ ကလည်း ဖမ်းခံရတာတွေရှိတာကြောင့်လည်း မြန်မာတွေ အလုပ်လက်မဲ့ပိုဖြစ်လာတယ်” ဟု ရွှေတြိဂံနယ်မြေတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာတစ်ဦးက ပြောသည်။
ရွှေတြိဂံနယ်မြေသည် လောင်းကစား စီးပွားရေးဖြင့် နာမည်ကြီးပြီး တရားမဝင် လောင်းကစားလုပ်ငန်းများ လုပ်ကိုင်သည့် တရုတ်သူဌေးများ ဖမ်းဆီးခံရခြင်းကြောင့် ဒေသတွင်း အလုပ်အကိုင်မတည်ငြိမ်ဖြစ်နေ သည်။
အဆိုပါနယ်မြေတွင် ဆောက်လုပ်ရေးလုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်းနှင့် လုံခြုံရေးဝန်ထမ်းစသည့် အခြေခံ အလုပ်များလုပ်ကိုင်နေကြသည့် ရခိုင်လူမျိုး ရာနှင့်ချီရှိနေပြီး အလုပ်မရှိသဖြင့် ၎င်းတို့မှာ အခက်ခဲပေါင်းစုံ ကြုံနေရကြောင်း ဆိုသည်။
“ဒီမှာ ရခိုင်တွေက စိုက်ပျိုးရေး လုပ်ငန်းတွေ ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ အဓိက အလုပ်လုပ်ကြတယ်။ ဆောက် လုပ်ရေးလုပ်တဲ့ ရခိုင်အုပ်စုတစ်စုဆို အလုပ်ရပ်ထားရတယ်။ အခုချိန်ထိ ဘာစားလို့ ဘယ်မှာနေလို့ နေကြ လဲတော့မသိဘူး” ရွှေတြိဂံနယ်မြေရောက် ရခိုင်ဒေသခံ တစ်ဦးကပြောသည်။
ရွှေတြိဂံဒေသတွင် မြန်မာအလုပ်သမားများမှာ တစ်နေ့လုပ်အားခ တရုတ်ငွေ ယွမ် ၅၀ (မြန်မာငွေ ၁၅,၀၀၀ ကျပ်) သာ ရရှိကြပြီး အလုပ်သမားအခွင့်အရေးချိုးဖောက်ခံရမှုများလည်း ကြုံနေရကြောင်းသိရသည်။
မြန်မာအလုပ်သမားသည် လာအိုနိုင်ငံ ရွှေတြိဂံဒေသသို့ သွားရောက် အလုပ်လုပ်ကိုင်ရန် တာချီလိတ်မြို့နယ် ဝမ်ပုံ ဆိပ်ကမ်းမှတစ်ဆင့် မဲခေါင်းမြစ်ကိုဖြတ်၍ လာအိုနိုင်ငံသို့ သွားရောက်ရပြီး ရွှေတြိဂံဒေသမှ လုပ်ငန်းရှင် တစ်ဦး၏ထောက်ခံချက်ဖြင့် လာအိုအစိုးရထံ နေထိုင်ခွင့်နှင့် အလုပ်လုပ်ကိုင်ခွင့်အား တရုတ်ယွမ်ငွေ ၅၀၀ မှ ၁,၅၀၀ အထိ ကုန်ကျခံလျောက်ထားရသည်။
ရွှေတြိဂံနယ်မြေဖြစ်သည့် လာအိုနိင်ငံအတွင်းက ကာစီနိုမြို့တော်သည် တရုတ်လုပ်ငန်းရှင်တစ်ဦးနှင့် လာအို အစိုးရတို့ ၂၀၀၆ တွင် နှစ်ပေါင်း ၁၀၀ အငှါးစာချုပ်နှင့် လုပ်ကိုင်နေခြင်း ဖြစ်ပြီး ကာစီနို ဧရိယာအတွင်း မြန်မာ လုပ်သား ၅၀,၀၀၀ ခန့်ရှိကာ လုပ်ငန်းခွင်အနီး မြန်မာအလုပ်သမားများ နေထိုင်သည့် ကျေးရွားများရှိသည်။
ရွှေတြိဂံဒေသသည် မြန်မာ၊ ထိုင်း၊ လာအို ၃ နိုင်ငံနယ်နိမိတ်ဆုံ ထိစပ်နေသည့် မဲခေါင်မြစ်ဆုံနေရာကို ခေါ်ဆို သည်။