- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
ရခိုင်တွင် ယခုလအတွင်း မြန်မာစစ်တပ်က ဒေသခံ ၄၀ ဦးကို ဖမ်းဆီးထားဟု AA ထုတ်ပြန်
ရခိုင်ပြည်တွင် ရက္ခိုင့်တပ်တော်(AA)နှင့် စစ်ရေးတင်းမာပြီးနောက် မြန်မာစစ်တပ်က ကျောက်တော်၊မြောက် ဦး၊ပုဏ္ဏားကျွန်းနှင့်စစ်တွေမြို့တို့မှ ဒေသခံ ၄၀ ဦးကို ဖမ်းဆီးထားသည်ဟု AA ဘက်က သတင်းထုတ်ပြန်ထား သည်။
28 Jun 2022
DMG ၊ ဇွန် ၂၈
ရခိုင်ပြည်တွင် ရက္ခိုင့်တပ်တော်(AA)နှင့် စစ်ရေးတင်းမာပြီးနောက် မြန်မာစစ်တပ်က ကျောက်တော်၊မြောက် ဦး၊ပုဏ္ဏားကျွန်းနှင့်စစ်တွေမြို့တို့မှ ဒေသခံ ၄၀ ဦးကို ဖမ်းဆီးထားသည်ဟု AA ဘက်က သတင်းထုတ်ပြန်ထား သည်။
မြန်မာစစ်တပ်သည် မြောက်ဦးမြို့နယ်မှ ဒေသခံ (၈)ဦး၊ကျောက်တော်မြို့နယ်မှ ဒေသခံ (၃)ဦး၊ပုဏ္ဏားကျွန်းမြို့နယ် မှ ဒေသခံ (၈)ဦးနှင့်စစ်တွေမြို့နယ်မှ ဒေသခံ (၂၁)ဦးတို့ကို ဖမ်းဆီးထားကြောင်းထုတ်ပြန်ထားသည်။
DMG က ရရှိထားသည့် စာရင်းအရ စစ်တွေမြို့နယ်ထဲတွင် အနောက်စံပြရပ်ကွက်မှ အုပ်ချုပ်ရေးမှူးတစ်ဦးနှင့် ရာအိမ်မှူးတစ်ဦးလည်းဖမ်းဆီးခံထားရသည်။ထို့ကြောင့်စစ်တွေမြို့နယ် တွင် ဖမ်းဆီးခံရသူမှာ စုစုပေါင်း (၂၃) ဦးရှိကြောင်းတွေ့ရသည်။
“အပြစ်မဲ့ပြည်သူတွေကို ဖမ်းဆီးတယ်ဆိုတာက ဒါဟာ ရာဇဝတ်မှုကျူးလွန်တယ်လို့ပြောလို့ရတယ်။ဘာလို့လဲ ဆိုတော့ ဒါတွေဟာ ပြည်သူတွေအပေါ်မှာ အကြမ်းဖက်တာဖြစ်တယ်။နောက်တစ်ခုရှိတာက ဒါဟာ နိုင်ငံတကာ ဥပဒေအရ လူသားထုအပေါ်မှာကျူးလွန်တဲ့ ရာဇဝတ်မှုလို့ပြောလို့ရတယ်”ဟု AA ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သု ခ က DMG ကိုပြောသည်။
အဆိုပါကိစ္စများနှင့်ပတ်သက်ပြီး မြန်မာစစ်တပ်ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ်ဇော်မင်းထွန်းနှင့်ပြည်နယ်လုံခြုံရေး နှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရတို့ကို ဆက်သွယ်ခဲ့သော်လည်းဖုန်းလက်ခံဖြေကြားခြင်းမရှိပါ။ ရခိုင်ပြည်အတွင်း ဖမ်းဆီးခံထားရသည့် အရပ်သားများနှင့်ပတ်သက်၍လည်း မြန်မာစစ်တပ်က ထုတ်ပြန်လေ့ မရှိပါ။
လက်ရှိတွင် ဖမ်းဆီးခံရသူများနှင့်ပတ်သက်၍ သတင်းအစအနလုံးဝမရရှိသေးပေ။၎င်းတို့ကို မည်သည့်နေရာ တွင် ထိန်းသိမ်းထားမှန်းမသိဖြစ်နေသောကြောင့် ဖမ်းဆီးခံရသူများနှင့်ပတ်သက်ပြီး ကျန်းမားရေး၊လုံခြုံရေး ကိစ္စများကို စိုးရိမ်လျက်ရှိကြသည်။ဖမ်ဆီးခံရသူများနှင့်ပတ်သက်ပြီး သတင်းအချက်အလက်များရရှိနိုင်အောင် ရခိုင်နိုင်ငံရေးပါတီများက ကူညီပေးသင့်သည်ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖေသန်းက ထောက်ပြသည်။
"ဒါတွေကတခြားသူတွေအတွက်စုံစမ်းရခက်ပေမဲ့ပါတီတာဝန်ရှိသူတွေအတွက်ကတော့စုံစမ်းရလွယ်မယ်ထင်ပါတယ်။ကိုယ့်မြို့ကလူတွေကို ကိုယ်(မြို့နယ်ပါတီ)စုံစမ်းပေါ့။ပြီးတော့ ဖမ်းဆီးခံထားရတဲ့သူတွေကိုလွှတ်ပေးဖို့၊ ပြည်သူတွေကိုမခြိမ်းခြောက်ဖို့၊ဖိအားမပေးဖို့တောင်းဆိုသင့်တယ်"ဟု ၎င်းကဆိုသည်။
ရခိုင်ပြည်တွင် ယခုကဲ့သို့ လူဖမ်းပွဲကြမ်းနေသည်မှာ မြန်မာစစ်တပ်နှင့်ရက္ခိုင့်တပ်တော်(AA)တို့စစ်ရေးတင်းမာ နေသောကြောင့်ဖြစ်သည်။မြန်မာစစ်တပ်သည် မိမိတို့၏ တရားစီရင်ရေးလုပ်ငန်းများ၊အုပ်ချုပ်ရေး ကိစ္စများကို ဝင်ရောက်နှောင့်ယှက်နေသကဲ့သို့ မိမိတို့အဖွဲ့ဝင်များကို ဖမ်းဆီးမှုရှိသောကြောင့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များကို ဖမ်းဆီးရခြင်းဟု AA ဘက်က ပြောထားသည်။
အလားတူ တစ်ဖက်တွင်လည်း AA ၏ ပြောဆိုချက်များမှာ တိုက်ပွဲကိုလိုလားသည့်ပုံစံဖြစ်နေပြီး ပြဿနာတစ်စုံ တစ်ခုဖြစ်ပွားလျှင် မိမိတို့ကို အဆိုးမဆိုရန် ပြောဆိုပြီးနောက်တွင် မြန်မာစစ်တပ်သည် အရပ်သားများကို ဖမ်း ဆီးမှုရှိလာခြင်းဖြစ်သည်။
အပြစ်မဲ့ပြည်သူများကို ယခုကဲ့သို့ ပစ်မှတ်ထားဖမ်းဆီးနေခြင်းကြောင့် ပြည်သူများမှာ စိုးရိမ်ထိတ်လန့်မှုဖြစ်စေ ပြီး လုပ်ငန်းထိခိုက်မှုလည်းဖြစ်သဖြင့် စားဝတ်နေရေးလည်းကျပ်တည်းလာသည်ဟုဆိုသည်။ထို့ကြောင့် ပြည် သူများကို ဖမ်းဆီးခြင်းမပြုဘဲ နှစ်ဖက်လက်နက်ကိုင် အဖွဲ့များအနေဖြင့် မိမိတို့အချင်းချင်းသာနိုင်အောင် တိုက် သင့်ကြောင်း ဦးဖေသန်းက ပြောသည်။
“နှစ်ဖက်လက်နက်ကိုင်အချင်းချင်း ဖမ်းဆီးသတ်ဖြတ်တာက ပြဿနာမဟုတ်ဘူး။အေအေဖက်က စစ်ကောင် စီတပ်သားတွေကိုဖမ်းတဲ့အတွက် စစ်ကောင်စီဖက်က ပြည်သူတွေကိုဖမ်းတာကပြဿနာပဲ။ ပြည်သူတွေဟာ မြေစာပင်မဖြစ်သင့်ဘူး။အချင်းချင်းပဲ နိုင်အောင်တိုက်ကြပါ။ဒါကြောင့် ပြည်သူတွေကို မနှိပ်စက်ဖို့၊မခြိမ်း ခြောက်ဖို့၊ဖိအားမပေးဖို့ပဲပြောချင်ပါတယ်” ဟု၎င်းကပြောသည်။
ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းသည် ဇွန်လ ၁၃ ရက်နေ့က စစ်တွေနှင့် ဘူးသီးတောင်တပ်နယ်များသို့ သွားရောက်ကာ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော လက်နက်ကိုင်ပဋိပက္ခများ ကြောင့် ဒေသခံတိုင်းရင်းသား ပြည်သူများစွာမှာ လူမှုရေး၊ စီးပွားရေး ပိုင်းဆိုင်ရာများ ကိစ္စရပ်များ များစွာ ထိခိုက်နစ်နာခဲ့ရပြီး မငြိမ်းချမ်းမှုများကို ခါးသီးစွာခံစားခဲ့ရကြောင်းပြောဆိုခဲ့သည်။
ထို့ကြောင့် “ထပ်မံမဖြစ်ပွားစေရေး တိုင်းရင်းသား ပြည်သူတစ်ရပ်လုံး နှင့်အတူ ဝိုင်းဝန်းထိန်းသိမ်းဆောင် ရွက်ကြရန်လိုကြောင်း၊ တပ်မတော်အနေဖြင့် ပြည်သူများတည်ငြိမ်အေးချမ်းစွာဖြင့် နေထိုင်လုပ်ကိုင် စားသောက်မှု၊ ငြိမ်းချမ်းစွာ နေထိုင်ရမှု စသည့် ခံစားချက်များ မပျက်စေရေးအတွက် အတတ်နိုင်ဆုံး ထိန်းထိန်း သိမ်းသိမ်းဖြင့် ဆောင်ရွက်လျက်ရှိသည်”ဟု ပြောဆိုခဲ့သည်။
ဒုတိယဗိုလ်မှူးကြီးစိုးဝင်း၏ ရခိုင်ခရီးစဉ်အတွင်းတွင် အထက်ပါအတိုင်းပြောဆိုခဲ့မှုရှိသော်လည်း ၎င်းခရီးစဉ်ပြီး ဆုံးမှသာလျှင် စစ်ရေးတင်းမာမှုမြင့်တက်မှုနှင့်အတူ အရပ်သားများကို ဖမ်းဆီးမှုများပြားနေခြင်းဖြစ်သည်။