ရခိုင်ကျောင်းသား ၇၁ ရာခိုင်နှုန်းကျော်ကို ကိုဗစ်ကာကွယ်ဆေး ထိုးနှံပြီးစီး

ရခိုင်ကမြို့နယ် အသီးသီးမှ ကျောင်းသား၊ ကျာင်းသူများကို ဇွန်လ ၂ ရက်နေ့ က စတင်ကာ ကိုဗစ်ကာကွ ယ်ဆေးထိုးပေးနေပြီး ဇွန်လ  ၁၉ ရက်နေ့အထိ ပထမအကြိမ် ဆေးထိုးပြီးသူ ဦးရေ ၇၁. ၅၂ % ထိရှိနေပြီး ဖြစ်ကြောင်း  ရခိုင်ပြည်နယ်ပညာရေးမှူးရုံး တာဝန်ရှိသူတို့ထံမှ သိရသည်။

21 Jun 2022

ဓာတ်ပုံ - DMG

DMG ၊ ဇွန် ၂၁

ရခိုင်ကမြို့နယ် အသီးသီးမှ ကျောင်းသား၊ ကျာင်းသူများကို ဇွန်လ ၂ ရက်နေ့ က စတင်ကာ ကိုဗစ်ကာကွ ယ်ဆေးထိုးပေးနေပြီး ဇွန်လ  ၁၉ ရက်နေ့အထိ ပထမအကြိမ် ဆေးထိုးပြီးသူ ဦးရေ ၇၁. ၅၂ % ထိရှိနေပြီး ဖြစ်ကြောင်း  ရခိုင်ပြည်နယ်ပညာရေးမှူးရုံး တာဝန်ရှိသူတို့ထံမှ သိရသည်။

ထိုသို့ ကျောင်းသားများကို ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးရာတွင် ကျောင်းသားမိဘများ၏ သဘောတူ ညီချက်များနှင့် ထိုးပေးနေခြင်းဖြစ်ပြီး ဆန္ဒအရ ကိုဗစ်ကာကွယ်ဆေးမထိုးသူ မရှိသေးကြောင်းလည်း  ပြည်နယ်ပညာ ရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ကျော်ငြိမ်းက ပြောသည်။

“ကျွန်တော်တို့ဌာနအနေနဲ ကိုဗစ်ကာကွယ်ဆေးနဲ့ ပတ်သက်ပြီးတော့ အသက် ၅ နှစ်နဲ့ ၁၂ နှစ်ကြား ကျာင်းသူ၊ ကျောင်းသားတွေကို မိဘတွေရဲ့သဘောတူညီချက်၊ မိဘတွေရဲ့ ခွင့်ပြုချက်နဲ့ ဆေးထိုးပေးနေပါတယ်။ လက်ရှိအချိန်ထိတော့ မထိုးသူမရှိ သေးဘူး ” ဟု ပြောသည်။

ရခိုင်ပြည် ၁၇ မြို့နယ်အတွင်း ကိုဗစ်ဆေးထိုးနှံရမည့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၃၂၀၀၈၇ ဦးရှိရာကနေ လက်ရှိတွင် ၂၃၆၅၃၆ ဦးကို ထိုးနှံထားပြီးစီးပြီဖြစ်သည့်အတွက် ရ၁. ၅၂% အထိ ရှိလာနေခြင်းလည်း ဖြစ်သည်။

အခုလက်ရှိ ထိုးပေးနေသည့် ကိုဗစ်ကာကွယ်ဆေးမှာ တရုတ်နိုင်ငံထုတ် Sinopharm ဆေး အမျိုး အစားဖြစ်ကြောင်းလည်း သိရသည်။

စစ်တွေမြို့ခံ ကျောင်းသားမိဘ တစ်ဦးဖြစ်သူ ကိုအောင်ကြည်မိုးက “ ကျနော့်မှာတော့ သားသမီးတွေကို ကျောင်းဖွင့်တဲ့ နေ့ကတည်းက ပထမ အကြိမ်ထိုးပြီးပါပြီ။ သူတို့က ကိုဗစ်ကာကွယ်ဆေးထိုးမှာကို လာမေးတယ်။ ကျွန်တော်ကတော့ ထိုးမယ့်လို့ပြောတော့ ခွင့်ပြုလိုက်တယ်။ တစုံတရာ စိုးရိမ်းစရာတော့ မရှိပါဘူး ” ဟု ၎င်းကဆိုသည်။

လက်ရှိတွင် ကိုဗစ်ကာကွယ်ဆေးတစ်ကြိမ်ထိုးပြီးသည့် ကျောင်းသား၊ ကျောင်းသူများကို အချိန် (၂၈) ရက်အကြာတွင် ဒုတိယအကြိမ် ဆေးထိုးပေးမည်ဖြစ်ကြောင်းလည်း မြန်မာနိုင်ငံ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၊ ကျန်းမာရေးအသိ ပညာမြှင့် တင်ရေးဌာန (ခွဲ) မှ ညွန်ကြားရေးမှူး ဒေါက်တာ သန်းနိုင်စိုးက DMG ကိုပြောသည်။

“ကာကွယ်ဆေးတစ်ကြိမ်ထိုးထားတဲ့ ကျောင်းသား၊ ကျောင်သူတွေကို ၂၈ ရက်အကြာမှာ ဒုတိယအကြိမ် ကိုဗစ်ကာကွယ်ဆေးထိုးပေးသွားမယ်။ ဘာဖြစ်လို့ ကာကွယ်ဆေး တစ်ကြိမ်ထိုးပြီး ၂၈ ရက်ထားရတာကိုး။ သူတို့ကိုလည်း အကြိမ်ပြည့်ထိုးပေးသွားမှာပါ ”ဟု ၎င်းကဆိုသည်။

လက်ရှိ ရခိုင်တွင် ကိုဗစ်ကာကွယ်ဆေးမထိုးရသေးသည့် တချို့ကျောင်းများမှာ လမ်းပန်းဆက်သွယ်ရေးခက်ခဲသော ဝေးလံခေါင်ပါးသည့်နေရာမှ ဖြစ်နေသည့်အတွက် ရာနှုန်းပြည့် မထိုးနှံနိုင်သေးခြင်းလည်းဖြစ်ကြောင်း ပြည်နယ်ပညာရေးမှူးရုံးမှ သိရသည်။

လက်ရှိ ရခိုင်တွင် ကိုဗစ်ဆေးထိုးရန် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၈၀၀၀၀ ကျော်ကျန်ရှနေသေးပြီး ၎င်းတို့ကိုလည်း ဆက်လက်ထိုးနှံပေးရန် စီစဉ်နေကြောင်းလည်း သိရသည်။