- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
ဖလံတောင်ဆေးရုံ အနီးနှင့်ကျေးရွာ အဝင်လမ်းတွင် BGF ထောင်ထားခဲ့သော မြေမြုပ်မိုင်း (အတု) များကို KNLA အဖွဲ့မှ ရှင်းလင်း
ပြီးခဲ့သည့် နိုဝင်ဘာလ ၁၉ ရက်နေ့ ညနေပိုင်းအချိန်တွင် ဖြစ်ပွားခဲ့သည့် ဘားအံမြို့နယ် ဟတ္တလိုက်ကျေးနယ်အုပ်စု၊ နို့အောလာကျေးရွာအနီး BGF ၁၀၁၄ တပ်ဖွဲ့များနှင့် KNLA တပ်ရင်း (၁)တို့ ကြား တိုက်ပွဲအတွင်း ကျေးရွာအဝင်လမ်းတွင် BGF အဖွဲ့မှ မိုင်းအတုများ ထောင်ထားမှုများ ရှိခဲ့ကြောင်း KNU သတင်းထုတ်ပြန်ရေးအဖွဲ့ထံမှ သိရသည်။
23 Nov 2021
DMG၊ နိုင်ဝင်ဘာလ ၂၃
ပြီးခဲ့သည့် နိုဝင်ဘာလ ၁၉ ရက်နေ့ ညနေပိုင်းအချိန်တွင် ဖြစ်ပွားခဲ့သည့် ဘားအံမြို့နယ် ဟတ္တလိုက်ကျေးနယ်အုပ်စု၊ နို့အောလာကျေးရွာအနီး BGF ၁၀၁၄ တပ်ဖွဲ့များနှင့် KNLA တပ်ရင်း (၁)တို့ ကြား တိုက်ပွဲအတွင်း ကျေးရွာအဝင်လမ်းတွင် BGF အဖွဲ့မှ မိုင်းအတုများ ထောင်ထားမှုများ ရှိခဲ့ကြောင်း KNU သတင်းထုတ်ပြန်ရေးအဖွဲ့ထံမှ သိရသည်။
အဆိုပါ မြေမြုပ်မိုင်းများမှာ စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ် (BGF) မှ ရွာသားများကြောက်လန့်စေရန် ရည်ရွယ်၍ ထောင်ထားခဲ့သော မြေမြှုပ်မိုင်း(အတု)များဖြစ်ပြီး မနေ့က နိုဝင်ဘာ ၂၂ ရက် နံနက်ပိုင်းတွင် ကရင့်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း (၁) မှ လာရောက်ရှင်းလင်းခဲ့ကြောင်း KNU ဘက်မှ ပြောသည်။
"မိုင်းထောင်ထားတာက (၃) လုံးလို့ ရွာသားတွေက ပြောတယ်။ ကျနော်တို့ ၂ လုံးပဲ ရှာတွေ့တယ်။ မြေမြှုပ်မိုင်းအတုတွေပါ။ ရွာသားတွေကြောက်အောင် အပြင်မထွက်ရဲအောင်လုပ်တာ" ဟု KNU ဘားအံမြို့နယ် သတင်းနှင့်ပြန်ကြားရေးအဖွဲ့ တာဝန်ရှိသူက ပြောသည်။
ထို့အပြင် ၁၆ ကုတင်ဆံ့ ဖလံတောင် တိုက်နယ်ဆေးရုံအတွင်း BGF မှ မိုင်းထောင်ထားခြင်းရှိမရှိတို့ကို စစ်ဆေးမှုများ လုပ်ဆောင်ခဲ့ကြောင်း အဆိုပါတာဝန်ခံမှ ဆိုသည်။
"ဆေးရုံထဲမှာတော့ မိုင်းထောင်ထားတာ မရှိဘူး၊ ဆေးရုံထဲက ဆေးဝါးပစ္စည်းတွေကိုတော့ အကုန်ယူသွားတယ်။ အမျိုးသမီးအဆောင်ကလွဲပြီး ကျန်တဲ့အဆောင်တွေမှာ တွေ့သမျှ မွှေနှောက်ဖျက်ဆီးထားတယ်" ဟု သူကဆိုသည်။
အဆိုပါထိ တွေ့မှုတိုက်ပွဲအတွင်း စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ် (BGF) မှ နှစ်ဦးသေဆုံးပြီး KNLA တပ်ရင်း (၁) မှ ထိအခိုက်ကျဆုံးမရှိခဲ့ကြောင်း KNU သတင်းနှင့်ပြန်ကြားရေးအဖွဲ့ထံမှ သိရသည်။