- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
ဂျပန်နိုင်ငံမှ ပန်းအလှပင်များကို ကျောက်ဖြူမြို့တွင် စိုက်ပျိုးလျက်ရှိ
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ရှိ ကားလမ်းနံဘေးတွင် ဂျပန်နိုင်ငံထွက် ပန်းအလှပင်များကို စိုက်ပျိုးလျက်ရှိကြောင်း ယင်းပန်းပင်များ ဦးဆောင်စိုက်ပျိုးနေသူများထံမှ သိရသည်။
28 Sep 2021
DMG ၊ စက်တင်ဘာ ၂၈
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ရှိ ကားလမ်းနံဘေးတွင် ဂျပန်နိုင်ငံထွက် ပန်းအလှပင်များကို စိုက်ပျိုးလျက်ရှိကြောင်း ယင်းပန်းပင်များ ဦးဆောင်စိုက်ပျိုးနေသူများထံမှ သိရသည်။
ယင်းပန်းပင်များကို စက်တင်ဘာ ၂၄ ရက်နေ့မှစ၍ ကျောက်ဖြူမြို့မှ ပရဟိတအဖွဲ့အချို့နှင့် လူငယ်အချို့ပူးပေါင်းကာ ကျောက်ဖြူမြို့အဝင်မှ စတင်စိုက်ပျိုးနေခြင်းဖြစ်ကြောင်း ဦးဆောင်စိုက်ပျိုးသူ ဦးကာကာကပြောသည်။
“ကျွန်တော်တို့ကမြို့ကို သာယာလှပစေချင်တယ်။ အဲဒါကြောင့် ဒါလေးစိုက်ကြည့်မယ်ဆိုပြီးစိုက်ကြတာပါ။ ဒီအပင်ကို လေ့လာကြည့်လိုက်တော့ နွေရာသီ နေပူချိန် စိုက်ရတာလို့သိရတော့ အခုကနွေဘက်ကိုစောင်းလာပြီဆိုတော့ စိုက်ကြတာပါ”ဟု ၎င်းက DMG သို့ ပြောသည်။
ယင်းသို့ စိုက်ပျိုးနေသည့်ပန်းပင်များမှာ ဂျပန်နိုင်ငံထွက် Tabebuia trees(တပေဘူရ)နှင့် Roble trees အမျိုးအမည်ရှိသည့် ပန်းနှစ်မျိုးဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ကျောက်ဖြူမြို့အဝင်ဝ၌ ထိုအပင် ၂၀ ခန့်အား စိုက်ပျိုးထားပြီး မြို့ပတ်လည်လမ်းတို့တွင်လည်း ဆက်လက်စိုက်ပျိုးသွားမည်ဖြစ်ကြောင်း စိုက်ပျိုးရာတွင် ပူးပေါင်းပါဝင်နေသည့် ကျောက်ဖြူမြို့ ဖြူစင်သောကမ်းလက်ပရဟိတအသင်းမှ မစိုးစိုးက ပြောသည်။
“ဒီအပင်ကိုစိုက်ဖို့ အလှှူရှင်တွေက လှူကြပါတယ်။ တစ်ပင်ကို ငွေတစ်ထောင့်ငါးရာနှုန်းနဲ့လှူကြပါတယ်။ ဒါကိုကျွန်မတို့က ဝိုင်းဝန်းပြီး စိုက်ပျိုးကြတာပေါ့။ အဓိကကတော့ ကိုယ့်မြို့ကို လှပစေချင်တယ်။ တခြားနေရာက ဧည့်သည်တွေလာရင် ဒီမှာအပင်တွေ စီရီပြီး သန့်သန့်ရှင်းရှင်းလှပနေတာကိုမြင်စေချင်တာပေါ့”ဟု သူမကပြောသည်။
ယင်းပန်းပင်များမှာ အမြင့်ဆုံး ၂၅ ပေသာကြီးထွားနိုင်ပြီး စိုက်ပျိုးပြီး တစ်နှစ်ခန့်ကြာလျှင် ၁၀ ပေခန့်မြင့်ကာ ပန်းပွင့်များစတင် ပွင့်လာကြောင်း သိရသည်။
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ အပေါက်ဝကျေးရွာရှိ ရန်ကုန်-စစ်တွေကားလမ်းမဘေးဝဲယာတို့တွင်လည်း ပြီးခဲ့သည့် ဇွန်လအတွင်းမှစ၍ Tabebuia ပန်းအလှပင်နှင့် အရိပ်ရပင်များကို အပေါက်ဝလူငယ်များပူးပေါင်းကာ စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။