- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
ပလက်ဝဒေသခံတစ်ဦးကို စစ်ကောင်စီတပ်က ဖမ်းခေါ်သွား
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှ ဒေသခံတစ်ဦးကို ယမန်နေ့(ဇွန်လ ၄ ရက်) ည ၉ နာရီအချိန်ခန့်တွင် စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း ဒေသခံများထံမှသိရသည်။
05 Jun 2022
DMG ၊ ဇွန် ၅
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှ ဒေသခံတစ်ဦးကို ယမန်နေ့(ဇွန်လ ၄ ရက်) ည ၉ နာရီအချိန်ခန့်တွင် စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း ဒေသခံများထံမှသိရသည်။
ယင်းသို့ခေါ်ဆောင်ခံရသူမှာ ပလက်ဝမြို့၊ မြို့မရပ်ကွက်မှ အသက် ၅၇ နှစ်အရွယ် ဦးမောင်မဲကျော့ဆိုသူဖြစ်သည်။
၎င်းကို စစ်ဆေးမေးမြန်းစရာရှိသည်ဟုဆိုကာ ပလက်ဝအခြေစိုက် ၂၈၉ တပ်ရင်းသို့ ခေါ်ဆောင်သွားသည်ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ဒေသခံတစ်ဦးကပြောသည်။
"သူကို အိမ်ကနေ စစ်ဆေးမေးမြန်းစရာတွေရှိတယ်လို့ပြောပြီး ဖမ်းဆီးခေါ်ဆောင်သွားတာပါ။ ၂၈၉ တပ်ရင်းကို ညက ၉ နာရီလောက်မှာ ခေါ်သွားတယ်လို့ကြားပါတယ်”ဟု ၎င်းဒေသခံက DMG သို့ပြောသည်။
လက်နက်အပြည့်အစုံနှင့် စစ်ကောင်စီတပ်သား ၈ ဦးက ဦးမောင်မဲကျော့ကို လာရောက်ခေါ်ဆောင်ခဲ့ခြင်းဖြစ်ကာ ဦးမောင်မဲကျော့မှာ ကျန်းမာရေးမကောင်းသောကြောင့် စိုးရိမ်ပူပန်နေရသည်ဟု မိသားစုဝင်တစ်ဦးကပြောသည်။
"ခေါ်သွားတုန်းကတော့ လက်ထိပ်မခတ်ပါဘူး။ ရွာဝင်ဝထွက်တော့ ခေါင်းကိုအိတ်အမည်းနဲ့စွပ်ပြီး စက်လှေနဲ့ ၂၈၉ တပ်ရင်းကို ခေါ်ဆောင်သွားပါတယ်"ဟု မိသားစုဝင်တစ်ဦးကပြောသည်။
ဦးမောင်မဲကျော့ကို ရက္ခိုင့်တပ်တော်(AA)နှင့်ဆက်စပ်ပြီး စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်ဟု မိသားစုဝင်များကပြောဆိုကြပြီး ထိုသို့ပြောဆိုချက်အပေါ် DMG က သီးခြားအတည်မပြုနိုင်သေးပါ။
အဆိုပါကိစ္စနှင့်ပတ်သက်ပြီး စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိပေ။
ပြီးခဲ့သည့် မေလ ၂၆ ရက်နေ့က ပလက်ဝမြို့နယ်၊ အဘောင်သားကျေးရွာအနီးတွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတပ်မှ ဖမ်းဆီးခေါ်ဆောင်သွားသည့် အဘောင်သားကျေးရွာအုပ်ချုပ်ရေးမှူးမှာ ယနေ့အထိ လွတ်မြောက်လာခြင်းမရှိသေးကြောင်း မိသားစုထံမှ သိရသည်။