- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
ရခိုင်က မြို့နယ်တစ်ချို့တွင် ညမထွက်ရအမိန့် သက်တမ်းတိုးထုတ်ပြန်
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်အတွင်းရှိ မြောက်ဦး၊ ကျောက်တော်၊ မင်းပြား စသည့်မြို့နယ် ၃ မြို့နယ်တွင် ဖေဖော်ဝါရီလ ၂ ရက်နေ့မှစတင်ကာ နှစ်လသက်တမ်းကြာမြင့်မည့် ညမထွက်ရအမိန့်ကို သက်တမ်းတိုးထုတ်ပြန်လိုက်သည်ဟု DMG က စုံစမ်းသိရှိရသည်။
07 Feb 2022
DMG ၊ ဖေဖော်ဝါရီ ၇
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်အတွင်းရှိ မြောက်ဦး၊ ကျောက်တော်၊ မင်းပြား စသည့်မြို့နယ် ၃ မြို့နယ်တွင် ဖေဖော်ဝါရီလ ၂ ရက်နေ့မှစတင်ကာ နှစ်လသက်တမ်းကြာမြင့်မည့် ညမထွက်ရအမိန့်ကို သက်တမ်းတိုးထုတ်ပြန်လိုက်သည်ဟု DMG က စုံစမ်းသိရှိရသည်။
အလားတူ မြေပုံမြို့နယ်တွင်လည်း ညမထွက်ရအမိန့် သက်တမ်းတိုးထုတ်ပြန်လိုက်သည်ဟုသိရသော်လည်း DMG အနေဖြင့် စုံစမ်းမေးမြန်းနေဆဲဖြစ်သည်။
အဆိုပါ မြို့နယ်များတွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားစဉ်ကာလက ညမထွက်ရအမိန့်ထုတ်ပြန်ထားခြင်းဖြစ်သည်။ စစ်တပ်အာဏာသိမ်းပြီးနောက်တွင် ညမထွက်ရအမိန့်ကို မရုပ်သိမ်းသေးသော်လည်း ပြည်သူများ လွတ်လွတ်လပ်လပ်သွားလာခွင့်ရရှိနေကြသည်။ သို့ရာတွင် ယခုလအတွင်းတွင် ညမထွက်ရအမိန့်ကို ထပ်မံသက်တမ်းတိုးကြောင်း အမိန့်စာ ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။
မြောက်ဦးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုးသက်က “သက်တမ်းကုန်သွားလို့ နောက်ထပ်နှစ်လ သက်တမ်းတိုးလိုက်တာပါ။ ဘာကြောင့်လည်းဆိုတော့ အထက်ကသက်တမ်းတိုးခိုင်းတော့ တိုးရတာပေါ့”ဟု ပြောသည်။
လက်ရှိတွင် ရခိုင်ဒေသသည် တည်ငြိမ်နေသည့်အချိန်ကာလဖြစ်ပြီး ထိုကဲ့သို့အခြေအနေတွင် ညမထွက်ရအမိန့် သက်တမ်းတိုးထုတ်ပြန်လိုက်ခြင်းမှာ တိုက်ပွဲဖြစ်လာမည့်သဘောသက်ရောက်သည်ဟု မြေပုံမြို့နယ်မှ ပြည်သူ့လွှတ်တော်အမတ်ဟောင်း ဦးဖေသန်းက သုံးသပ်သည်။
“တိုက်ပွဲကာလတုန်းက ညမထွက်ရအမိန့်ထုတ်ပြန်ခဲ့တာရှိတယ်။ အဲဒါတွေကို ပြန်ပြီးတော့ရုပ်သိမ်းပေးတာတော့ ကျနော်တို့အနေနဲ့လည်းမကြားမိသေးဘူး။ ၂ လပြည့်တိုင်း သက်တမ်းတိုးနေတာပဲကြားမိတယ်။ ဒါကတော့ တိုက်ပွဲတွေဖြစ်ဖို့ အရိပ်အယောင်တွေပြလာတဲ့သဘောဆိုတော့ ထပ်ပြီးတော့ ရုပ်သိမ်းပေးမဲ့အခြေနေမရှိဘူး“ဟု ၎င်းကဆိုသည်။
ယခုကဲ့သို့ ညမထွက်ရအမိန့်ထုတ်ပြန်လိုက်ခြင်းမှာ အခြေခံလူတန်းစားများအပေါ် သက်ရောက်မှုရှိနိုင်ကာ အခက်အခဲဖြစ်ပေါ်စေနိုင်ပြီး အရေးပေါ်ကျန်းမာရေးစောင့်ရှောက်ရန် လိုအပ်မှုကြောင့် မြို့ပေါ်ဆေးရုံများသို့ တက်ရောက်ကုသမည့်သူများအတွက် အခက်အခဲဖြစ်ပေါ်စေနိုင်သည်ဟု ကျောက်တော်မြို့ခံ ကိုဇော်ဝင်းက ထောက်ပြသည်။
ရခိုင်ပြည်နယ်အတွင်း နိုင်ငံတော်ငြိမ်ရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများကို ဆောင်ရွက်နေသော တပ်မတော်နှင့်ရဲတပ်ဖွဲ့ဝင်များ ကျဆုံး/ထိခိုက်ဒဏ်ရာရရှိမှုများရှိနေသည်ဟုဆိုကာ ကျောက်တော်မြို့နယ်တွင် ညမထွက်ရအမိန့်အား ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
DMG ဖတ်ရှုခွင့်ရရှိခဲ့သည့် ညမထွက်ရအမိန့်စာတွင် လမ်းမကြီးများ၊ အများပြည်သူတို့ သွားရာလမ်း၊ လမ်းသွယ်၊ လမ်းကြား၊ ဥယျာဉ်(သို့မဟုတ်) အများပြည်သူနှင့်ဆိုင်သောနေရာများတွင် ည(၉)နာရီမှ နံနက်(၅)နာရီအထိ ညမထွက်ရဟု မြို့နယ်အုပ်ချုပ်ရေးမှူး လက်မှတ်ရေးထိုးထားသည်ကိုတွေ့ရပြီး ညမထွက်ရအမိန့်သည် နှစ်လတာကြာမြင့်မည်ဟု သိရသည်။
ရခိုင်ပြည်နယ်အတွင်း နိုင်ငံတော်ငြိမ်ချမ်းရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများကို ဆောင်ရွက်နေသော တပ်မတော်နှင့်ရဲတပ်ဖွဲ့ဝင်များ ကျဆုံး/ထိခိုက်ဒဏ်ရာရရှိမှုများရှိနေသည်ဟုဆိုကာ ကျောက်တော်မြို့နယ်တွင် ညမထွက်ရအမိန့် ထုတ်ပြန်ရခြင်းဟု ဆိုသည်။
အလားတူ ညမထွက်ရအမိန့်စာတွင် ရပ်ကွက်/ကျေးရွာအုပ်စုအတွင်းတွင်သော်လည်းကောင်း၊ သာမန်အရပ်သားပြည်သူများ အကြားတွင်လည်းကောင်း တိုက်ခိုက်မှုများဆောင်ရွက်ခဲ့ခြင်းကြောင့် ဖြစ်စဉ်အချို့တွင် အပြစ်မဲ့အရပ်သားပြည်သူအချို့ သေဆုံး/ဒဏ်ရာရရှိမှုများရှိခဲ့သည်ဟု ဖော်ပြထားသည်။ ထို့ကြောင့် ညအချိန်လွတ်လပ်စွာသွားလာခွင့်ပြုထားပါက အလားတူဖြစ်စဉ်များ ထပ်မံဖြစ်ပွားရန် အကြောင်းရှိသည်ဟု ယုံကြည်သောကြောင့် ထိုသို့ထုတ်ပြန်ရခြင်းဟု ဖော်ပြထားသည်။
လက်ရှိတွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ မောင်တောမြို့နယ်တွင် တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေပြီး နှစ်ဘက်ထိခိုက်မှုများရှိနေသည်။