- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
အကြမ်းဖက်ဥပဒေဖြင့် တရားစွဲဆိုခံထားရသည့် လူငယ်စာရေးဆရာ မင်းဒီပါအမှုတွင် တရားလိုအပါအဝင် လိုပြသက်သေ ၄ ဦးကိုစတင်စစ်ဆေး
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)နှင့် ဆက်စပ်သည်ဆိုသည့်စွပ်စွဲချက်ဖြင့်ဖမ်းဆီးပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲဆိုခံထားရသည့် မြောက်ဦးမြို့နယ်၊ ပန်းမော်ကျေးရွာမှ လူငယ်စာရေးဆရာမင်းဒီပါကို ယနေ့(နိုဝင်ဘာလ ၂၆ ရက်နေ့က) မြောက်ဦးခရိုင်တရားရုံး၌ ရုံးထုတ်ခဲ့သည်။
26 Nov 2021
DMG ၊ နိုဝင်ဘာလ ၂၆
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)နှင့် ဆက်စပ်သည်ဆိုသည့်စွပ်စွဲချက်ဖြင့်ဖမ်းဆီးပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲဆိုခံထားရသည့် မြောက်ဦးမြို့နယ်၊ ပန်းမော်ကျေးရွာမှ လူငယ်စာရေးဆရာမင်းဒီပါကို ယနေ့(နိုဝင်ဘာလ ၂၆ ရက်နေ့က) မြောက်ဦးခရိုင်တရားရုံး၌ ရုံးထုတ်ခဲ့သည်။
ယနေ့ရုံးချိန်းတွင် တရားလိုအပါအဝင် လိုပြသက်သေ ၄ ဦးတို့ကိုစစ်ဆေးခဲ့ကြောင်း ရှေ့နေထံမှသိရသည်။
“ဒီနေ့ရုံးထုတ်တဲ့အခါ တရားလိုနဲ့ လိုပြသက်သေတွေကို စတင်စစ်ဆေးခဲ့တယ်။ အားလုံးတော့ မပြီးသေးဘူး။ လေးယောက်ဘဲစစ်ဆေးနိုင်ခဲ့တယ်”ဟု သဇင်ဥပဒေဆိုင်ရာအဖွဲ့အစည်းမှ အထက်တန်းရှေ့နေ ဦးကျော်စိုးလင်းကပြောသည်။
လူငယ်စာရေးဆရာမင်းဒီပါမှာ ပြီးခဲ့သည့် အောက်တိုဘာလ ၁၅ ရက်နေ့ နေ့လည်ပိုင်းတွင်ဖမ်းဆီးခံရပြီး (PDF)ကို ငွေကြေးထောက်ပံ့သည်ဆိုသည့်စွပ်စွဲချက်နှင့် မြောက်ဦးမြို့ရဲစခန်းမှ ဒုရဲမှူး စိုးတင်က တရားလိုပြုလုပ်ကာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ-၅၀(ည)ဖြင့် တရားစွဲဆိုထားခြင်းဖြစ်သည်။
အဆိုပါအမှုတွင် တရားလိုအပါအဝင် လိုပြသက်သေစုစုပေါင်း ၇ ဦးရှိပြီး ယနေ့ရုံးချိန်းမှာပင် လိုပြသက်သေ ၄ ဦးကို စစ်နိုင်ခဲ့ပြီဖြစ်ကာ ကျန်ရှိသည့်သက်သေ ၃ ဦးကိုစစ်ဆေးရန်အတွက် လာမည့် ဒီဇင်ဘာလ ၃ ရက်နေ့သို့ ထပ်မံရုံးချိန်းထားကြောင်း သိရသည်။
“ဒီအမှုနဲ့ပတ်သက်ပြီးတော့ အမှန်တရားဖြစ်စေချင်တယ်။ အမှုကိုလည်း အမြန်ဆုံးပြီးမြောက်စေချင်တယ်”ဟု လူငယ်စာရေးဆရာမင်းဒီပါ၏ အစ်ကိုဖြစ်သူ ကိုအောင်မြင့်ကပြောသည်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)နှင့် ဆက်စပ်သည်ဆိုသည့်စွပ်စွဲချက်ဖြင့် ရခိုင်ပြည်အတွင်းမှဖမ်းဆီးခံထားရသူ ၆ ဦးရှိပြီး မြောက်ဦးမြို့နယ်မှ ၁ ဦးနှင့် သံတွဲမြို့နယ်မှ ၅ ဦးတို့ဖြစ်ကြသည်။