- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
တောင်ကုတ်လူငယ်ကွန်ယက် ဥက္ကဋ္ဌ ကိုမင်းကိုဦးအမှုတွင် လိုပြသက်သေများကို စတင်စစ်ဆေး
အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနှင့် ဖမ်းဆီးတရားစွဲဆိုခံထားရသည့် တောင်ကုတ်မြို့နယ်၊ လူငယ်ကွန်ယက်ဥက္ကဋ္ဌ ကိုမင်းကိုဦးအမှုမှ လိုပြသက်သေများကို ယနေ့(ဖေဖေါ်ဝါရီလ ၇ ရက်)တွင် စတင်စစ်ဆေးခဲ့ကြောင်း ရှေ့နေထံမှသိရသည်။
07 Feb 2022
DMG ၊ ဖေဖော်ဝါရီ ၇
အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနှင့် ဖမ်းဆီးတရားစွဲဆိုခံထားရသည့် တောင်ကုတ်မြို့နယ်၊ လူငယ်ကွန်ယက်ဥက္ကဋ္ဌ ကိုမင်းကိုဦးအမှုမှ လိုပြသက်သေများကို ယနေ့(ဖေဖေါ်ဝါရီလ ၇ ရက်)တွင် စတင်စစ်ဆေးခဲ့ကြောင်း ရှေ့နေထံမှသိရသည်။
PDF အဖွဲ့အား ငွေကြေးထောက်ပံ့သည်ဆိုသောစွပ်စွဲချက်ဖြင့် ကိုမင်းကိုဦးမှာ ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလအတွင်းက နေအိမ်မှ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။ ၎င်းကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ-၅၀(ည)ဖြင့် တောင်ကုတ်ရဲစခန်းမှ ဒုရဲမှူးဇော်လတ်မှ တရားလိုပြုလုပ်ကာ တရားစွဲဆိုထားခြင်းဖြစ်သည်။
ကိုမင်းကိုဦးအမှုကို ရက်ပေါင်း ၁၁၀ အတွင်း အပြီးစစ်ဆေးမည်ဖြစ်ပြီး အမှုတွင်လိုပြသက်သေ ၉ ဦးရှိသည့်အနက် ယနေ့တွင် ၃ ဦးကို စတင်စစ်ဆေးခဲ့ကြောင်း တရားလွှတ်တော်ရှေ့နေ ဒေါ်သင်္ဂီမောင်ကပြောသည်။
"တရားလိုတစ်ယောက်၊ လိုပြ ၂ယောက်၊ စုစုပေါင်း ၃ ယောက်ကို ဒီနေ့စပြီးစစ်တယ်။ ဒီအမှုထဲမှာက လိုပြသက်သေ ၉ ယောက်ပါတယ်။ အမှုကတော့ ရက်ပေါင်း ၁၁၀ အတွင်း အပြီးစစ်မယ်ဆိုပြီး ချိန်းဆိုထားပါတယ်"ဟု ၎င်းကဆိုသည်။
လာမည့်ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် လိုပြသက်သေ ၃ ဦးကို ထပ်မံစစ်ဆေးရန်ရုံးချိန်းထားကြောင်း ရှေ့နေထံမှသိရသည်။ လက်ရှိ ကိုမင်းကိုဦးမှာ သံတွဲအကျဉ်းထောင်မှနေ၍ တရားရင်ဆိုင်နေရသည်။
ကိုမင်းကိုဦးအား PDF အဖွဲ့ကို ငွေကြေးထောက်ပံ့သည်ဟုတရားစွဲဆိုခြင်းမှာ မဟုတ်မမှန်စွပ်စွဲခြင်းသာဖြစ်ပြီး ၎င်းမှာ ဒေသအတွက် ပရဟိတလုပ်ငန်းလုပ်ကိုင်နေသူသာဖြစ်ကြောင်း မိသားစုဝင်များက ပြောဆိုသည်။
လက်ရှိမှာ PDF နှင့် ဆက်စပ်သည် (သို့မဟုတ်) ငွေကြေးထောက်ပံ့သည်ဟုစွပ်စွဲချက်ဖြင့် ရခိုင်ပြည်နယ်အတွင်းရှိ တောင်ကုတ်၊ သံတွဲ၊ မြောက်ဦးမြို့နယ်တို့မှ ဖမ်းဆီးအမှုဖွင့်ခံထားရသူ ၉ ဦးအထိ ရှိနေသည်။