- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
မြိုအမျိုးသားနေ့ကို မောင်တောတွင်ကျင်းပ
မြိုလူမျိုးတို့၏ ရိုးရာယဉ်ကျေးကျေးမှုကို ထိန်းသိမ်းနိုင်ရေးနှင့် ရခိုင်ပြည်နယ်အနှံ့တွင် နေထိုင်ကြသည့် မြိုလူများအားလုံး စည်းလုံးနိုင်ရေးအတွက် ရခိုင်ပြည်၊ မောင်တော(၃)မိုင်ကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် (၆)ကြိမ်မြောက် မြိုအမျိုးသားနေ့အခမ်းအနားကို ယနေ့(မေလ ၆ ရက်နေ့)နံနက်ပိုင်းက ကျင်းပခဲ့သည်။
06 May 2022
DMG ၊ မေ ၆
မြိုလူမျိုးတို့၏ ရိုးရာယဉ်ကျေးကျေးမှုကို ထိန်းသိမ်းနိုင်ရေးနှင့် ရခိုင်ပြည်နယ်အနှံ့တွင် နေထိုင်ကြသည့် မြိုလူများအားလုံး စည်းလုံးနိုင်ရေးအတွက် ရခိုင်ပြည်၊ မောင်တော(၃)မိုင်ကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် (၆)ကြိမ်မြောက် မြိုအမျိုးသားနေ့အခမ်းအနားကို ယနေ့(မေလ ၆ ရက်နေ့)နံနက်ပိုင်းက ကျင်းပခဲ့သည်။
အဆိုပါ မြိုအမျိုးသားနေ့အခမ်းအနားကို မြိုတိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှုအသင်း၊ မြိုပါတီခေါင်းဆောင်များ၊ မြိုဆရာတော်များကဦးဆောင်ကာ စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ကြောင်း ပွဲစီစဉ်သူများထံမှ သိရသည်။
“မြိုလူမျိုးမှာ အထင်ကရအထိမ်းအမှတ် အထူးနေ့တစ်နေ့အဖြစ်လုပ်တာပါ။ မြိုလူမျိုးတွေမပပျောက်အောင် မြိုရိုးရာယဉ်ကျေးမှု၊ မိခင်ဘာသာစကားထိန်းသိမ်းဖို့အတွက် အမွေအနှစ်တွေကိုထိန်းသိမ်းဖို့အတွက် ပြုလုပ်ရခြင်းဖြစ်ပါတယ်”ဟု မြိုစာပေနှင့် ယဉ်ကျေးမှုအသင်း ဥက္ကဋ္ဌ ဦးဇနီဖြူက DMG သို့ပြောသည်။
ထိုသို့အမျိုးသားနေ့ဖြစ်လာရခြင်းမှာ ယခုရာသီသည် မြိုလူမျိုးများ၏ တောင်ယာစပါးစိုက်ပျိုးချိန်ကို အသိအမှတ်ထားပြီး မြိုအမျိုးသားနေ့ကို နှစ်စဉ်ကဆုန်လဆန်း ၇ ရက်နေ့တွင်ကျင်းပလာခဲ့ခြင်းဖြစ်သည်။
“မြိုတိုင်းရင်းသားတွေက အဓိကတောင်ယာတွေကို မှီခိုစားသောက်ပြီးလုပ်လာကြတာ။ ဒီလိုအချိန်မှာ စပါးပျိုးဥချတဲ့အချိန်ကို သတ်မှတ်ပြီး မြိုအသက်မွေးဝမ်းကျောင်းဖြစ်တဲ့အတွက် အဲဒါကိုသတ်မှတ်ပြီး ကျင်းပကြတာပါ”ဟု ဦးဇနီဖြူကရှင်းပြသည်။
မြိုလူမျိုးတို့သည် ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်၊ ပုဏ္ဏားကျွန်း၊ ဘူးသီးတောင်နှင့် မောင်တောမြို့နယ်တို့တွင် အများဆုံးနေထိုင်ကြကာ တောတောင်ကိုအမှီပြု၍ လုပ်ကိုင်စားသောက်ကြပြီး လက်ရှိတွင်လူဦးရေလေးသောင်းကျော်ခန့်ရှိကြောင်း သိရသည်။