- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
AA နှင့်ဆက်စပ်သည်ဟု စွပ်စွဲဖမ်းဆီးခံရသည့် မြေပုံဒေသခံနှင့် အဆက်အသွယ်မရသည်မှာ ၃ လခန့်ကြာမြင့်
ရက္ခိုင့်တပ်တော်(AA)နှင့်ဆက်စပ်သည်ဟု သံသယဖြင့်ဖမ်းဆီးခံရသည့် ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်၊ စိတ္တရကျေးရွာမှ အသက် ၂၄ နှစ်အရွယ် ကိုနေဝင်းစိုးနှင့် အဆက်အသွယ်မရရှိသည်မှာ ၃ လခန့်ကြာမြင့်နေပြီဟု မိသားစုဝင်များကပြောသည်။
24 Jan 2022
DMG ၊ ဇန်နဝါရီ ၂၄
ရက္ခိုင့်တပ်တော်(AA)နှင့်ဆက်စပ်သည်ဟု သံသယဖြင့်ဖမ်းဆီးခံရသည့် ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်၊ စိတ္တရကျေးရွာမှ အသက် ၂၄ နှစ်အရွယ် ကိုနေဝင်းစိုးနှင့် အဆက်အသွယ်မရရှိသည်မှာ ၃ လခန့်ကြာမြင့်နေပြီဟု မိသားစုဝင်များကပြောသည်။
ကိုနေဝင်းစိုးသည် ကျန်းမာရေးမကောင်းသဖြင့် ရန်ကုန်သို့ဆေးခန်းသွားပြ၍ မိမိဇာတိကျေးရွာသို့ ခရီးသည်တင်ယာဉ်ဖြင့်ပြန်လည်စဉ် ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၉ ရက်နေ့က အမ်းမြို့နယ်၊ ပဲပဒုံစစ်ဆေးရေးဂိတ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ဖမ်းဆီးမှုကို ခံခဲ့ရခြင်းဖြစ်သည်။
“ဖမ်းထားတာ ၂ လကျော်ရှိပြီ။ ဒီနေ့ထိ အဆက်သွယ်မရသေးဘူး။ သူ့အမေလည်း အဲဒီကတည်းကနေမကောင်းဘူး။ ဖမ်းထားတယ်ဆိုရင်လည်း မိသားစုနဲ့အဆက်သွယ်ရစေချင်တယ်။ အခုကစိုးရိမ်နေရတယ်။ ကျန်းကျန်းမာမာရောရှိရဲ့လား။ သက်ရှိထင်ရှားရောရှိသေးလားပေါ့ စိတ်ပူနေရတယ်။ အဲဒါတွေကို မိသားစုအနေနဲ့သိချင်တယ်”ဟု ဖမ်းဆီးခံရသူ၏ဖခင် ဦးဝင်းမြင့်က DMG သို့ပြောသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ အမ်းမြို့မရဲစခန်းကိုဆက်သွယ်ခဲ့ရာတွင် ထိုသို့ဖမ်းဆီးထိန်းသိမ်းထားခြင်းမရှိဟု စခန်းမှူး ဦးမျိုးကြည်က တုန့်ပြန်သည်။ ဆက်လက်ပြီး မြန်မာစစ်တပ်၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းနှင့် ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရတို့ကို DMG က အကြိမ်ကြိမ်ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိပေ။
စစ်အာဏာသိမ်းပြီးနောက် ရက္ခိုင့်တပ်တော်(AA)ကို အကြမ်းဖက်အဖွဲ့အစည်းကပယ်ဖျက်ကာ AA နှင့်ဆက်စပ်ပြီး ဖမ်းဆီးခံထားရသူတစ်ချို့ကိုလည်း ပြန်လွှတ်ပေးခဲ့သည်။
ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများရပ်တန့်နေသည်မှာ တစ်နှစ်ကျော်ကြာမြင့်လာနေပြီး ထိုကာလအတွင်း မြေပုံမြို့နယ်မှ ကိုနေဝင်းစိုးအပါအဝင် တောင်ကုတ်မြို့မှ မိုးပညာဒါနကျောင်းဥက္ကဋ္ဌ ကိုအောင်ဝင်းနိုင်တို့ကို AA နှင့်ဆက်စပ်ပြီးဖမ်းဆီးမှုများရှိခဲ့သည်။ လက်ရှိ ကိုအောင်ဝင်းနိုင်မှာ မတရားအသင်းဆက်သွယ်မှုဥပဒေပုဒ်မ-၁၇(၁)ဖြင့် အမှုရင်ဆိုင်နေရသည်။